မိမိခန္ဓာကိုယ်ကို ဂရုစိုက်သော ယောကျာ်းများအတွက် ရှောင်ကြဉ်ရမယ့် အချက်များရှိသလို လိုက်နာသင့်တဲ့အချက်တွေလည်း ရှိပါတယ်။
ရှောင်ကြဉ်ရမယ့်အချက်တွေကတော့ အဆီဓာတ်၊ အချိုဓာတ်၊ အငန်ဓာတ် များလွန်းသော အစားအစာများ စားသုံးခြင်း၊ ကဖိန်းဓာတ် ပါဝင်သော ဖျော်ရည်များ အလွန်အကျွံ သောက်သုံးခြင်းနှင့် ဆေးသကြားပါသော အချိုရည်များ သောက်သုံးခြင်းတို့ပဲ ဖြစ်ပါတယ်။
လိုက်နာသင့်တဲ့ အချက်များကတော့ …
လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သောယောကျာ်းတစ်ယောက်သည် ကိုယ်ခန္ဓာကျစ်လျစ်သန်မာစေပြီး ကိုယ်ခံစွမ်းအားတိုးမြှင့်နေတာကြောင့် မကြာခဏ ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း မစခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ သတိထားရမယ့်အချက်ကတော့ သွေးပူလေ့ကျင့်ခန်းပြုလုပ်ဖို့ မေ့လျော့ခြင်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မစခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပေးမှသာလျှင် ခန္ဓာကိုယ်အတွက် ကောင်းမွန်မှာဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါမှာလည်း အကြောလျော့လေ့ကျင့်ခန်းများ မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။
မိမိအသားအရေကို ဂရုစိုက်ခြင်း
သာမန်အမျိုးသားတစ်ယောက်သည် ကိုယ့်အသားအရေကို ဂရုမစိုက်တတ်ကြပါဘူး။ ဒါပေမဲ့ သင့်ကိုယ်သင် တကယ်ချစ်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့အသားအရေနှင့် ဆံကေသာကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ကာ ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပါ။
နေကာမျက်မှန် ဝတ်ဆင်ခြင်း
နေကာမျက်မှန် ဝတ်ဆင်ခြင်းသည် သင့်မျက်လုံးကို ခရမ်းလွန်နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး မျက်လုံးတဝိုက် အရေးအကြောင်းများ ကင်းစင်အောင် ကူညီပေးပါတယ်။ မျက်စိတိမ်ဖုံးခြင်းနှင့် အရေပြားကင်ဆာ ခံစားရခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်သည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါတယ်။ အမျှင်ဓာတ် လုံလောက်စွာ ရရှိတဲ့အခါ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးပေါင်ချိန်ကို လျော့ကျစေခြင်း၊ ဆီးချိုရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးခြင်းနှင့် မကောင်းသော ကိုလက်စတောများကိုလည်း လျော့ချပေးပါတယ်။
Source: Mensjournal.com
Featured Image Source: Subconsciousservant