မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီယယ်က အက်စတွန်ဗီလာအသင်းနဲ့ ၂ – ၂ ဂိုး သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တယ်ဆိုတဲ့ နည်းပြ ရန်းနစ်ခ်ရဲ့ ပြောဆိုမှုတွေကို ပြင်းထန်စွာ ငြင်းဆိုခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟာ ယခုအပြောင်းအရွေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ ဆိုင်းပြင်းနေသူဖြစ်ပြီး ဒီရာသီမှာ ဆီဗီလာအသင်းက ၎င်းကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

anthony-martial-denies-claims-he-refused-to-play-in-man-uniteds-draw-with-aston-villa-as-he-would-never-disrespect-the-club-and-the-fans-after-ralf-rangnick-said-the-striker-did-not-want-to-trav

Photo : Daily Mail

နည်းပြရန်းနစ်က အသင်းနဲ့လိုက်ပါဖို့ ဆန္ဒမရှိတဲ့ ပြင်သစ်တိုက်စစ်မှူးကို ချန်ထားခဲ့တာကြောင့် အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ အရန်လူစာရင်းမှာ ဂိုးသမား ၂ ဦး အပါအဝင် အရန်ကစားသမား ၈ ဦးသာရှိခဲ့တာပဲ ဖြစ်ပါတယ်။

” သူက အသင်းရဲ့လူစာရင်းမှာ မပါချင်ခဲ့ဘူး ၊ ပုံမှန်အတိုင်းဆို အသင်းအတွက် သူပါဝင်ရမှာ ၊ဒါပေမယ့် သူ မလုပ်ချင်ဘူး ၊ အဲ့ဒါကြောင့်ပဲ အဲ့နေ့က ကျွန်တော်တို့နဲ့အတူ ခရီးမှာမပါဝင်ခဲ့တာပါ “လို့ နည်းပြရန်းနစ်ခ်က ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ပြင်သစ်တိုက်စစ်မှူးက အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုပြီး အိုးလ်ထရက်ဖို့ဒ်မှာ ကာလအတော်ကြာ ကစားသမားဘဝဖြတ်သန်းခဲ့တဲ့ တစ်လျောက်လုံး ပရိသတ်တွေကို ဘယ်တုန်းကမှ မလေးမစားလုပ်တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တာမရှိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

anthony-martial-denies-claims-he-refused-to-play-in-man-uniteds-draw-with-aston-villa-as-he-would-never-disrespect-the-club-and-the-fans-after-ralf-rangnick-said-the-striker-did-not-want-to-trav

Photo : Sky Sports

မာစီယယ်က ၎င်းရဲ့ အင်စတာဂရမ်လူမှုကွန်ယက်ကနေ ” ယူနိုက်တက်အသင်းအတွက် ပွဲကစားဖို့ ကျွန်တော် ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး ၊ ကျွန်တော်ဒီကို ရောက်နေတာ ၇ နှစ်ရှိပြီ ၊ ကလပ်အသင်းနဲ့ ပရိသတ်တွေကို ဘယ်တုန်းကမှ မလေးမစားမလုပ်ခဲ့သလို နောက်လည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး မာစီယယ်အနေနဲ့ ယခုလအတွင်း အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေပြီး လက်ရှိ အပြောင်းအရွေ့ဈေးကွက်မှာ ဘာစီလိုနာ ၊ ဂျူဗင်တပ်စ်တို့ အပါအဝင် တခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် ပြင်သစ်ကြယ်ပွင့်အနေနဲ့တော့ ဆီဗီလာအသင်းကို ဦးစား ပေးအဖြစ် သတ်မှတ်ထားပုံရပါတယ်။

anthony-martial-denies-claims-he-refused-to-play-in-man-uniteds-draw-with-aston-villa-as-he-would-never-disrespect-the-club-and-the-fans-after-ralf-rangnick-said-the-striker-did-not-want-to-trav
Photo : Daily Mail

သို့သော် ဆီဗီလာအသင်းက မာစီယယ်ရဲ့ လုပ်ခတစ်ဝက်သာ ပေးချေဖို့ ကမ်းလှမ်းထားပြီး ယူနိုက်တက်အသင်းကတော့ ၎င်းတို့ရဲ့ကစားသမားကို လုပ်ခလစာအပြည့်နဲ့ အငှားခေါ်ယူကြေးပါ လိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုတွေရှိနေတာကြောင့် ပြင်သစ်တိုက်စစ်မှုးရဲ့ အပြောင်းအရွေ့က ကြန့်ကြာမှုတွေရှိနေတာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail