အားလုံးပဲ မင်္ဂလာပါ။ တေးသီချင်းကောင်းကောင်းများကို နှစ်သက်တဲ့ သီချင်းချစ်သူပရိသတ်များအတွက် ဒီတစ်ခါမှာတော့ နာမည်ကြီးဇာတ်ကားတွေထဲကမှ လူကြိုက်အများဆုံး ဇာတ်ဝင်တေးသီချင်းတချို့ကို တင်ဆက်ပေးချင်ပါတယ်။
Wakanda – Ludwig Goransson Ft. Baaba Maal
Source: hollywoodrecords
ဒီသီချင်းကတော့ Marvel ပရိသတ်တွေ အသည်းစွဲ စူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်တဲ့ Black Panther ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
My Heart Will Go On
Source: Filledagreat
ယနေ့ထိတိုင် နာမည်ကြီးနေဆဲ ဇာတ်ကားတစ်ကားဖြစ်တဲ့ တိုင်တန်းနစ်ဇာတ်ကားထဲတွင် ကမ္ဘာကျော်အဆိုတော် Celine Dion သီဆိုထားတဲ့ My Heart Will Go On ဆိုတဲ့ သီချင်းသည်လည်း လူကြိုက်များ ရေပန်းစားခဲ့တဲ့သီချင်းပဲဖြစ်ပါတယ်။
Endtapes
Source: movietrailer938
ဒီသီချင်းလေးကတော့ The Twilight Saga: Breaking Dawn (Part 1) ထဲမှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး The Joy Formidable က သီဆိုထားတာဖြစ်ပါတယ်။
A Thousand Years
Source: Carol Lello
ဒီသီချင်းသည်လည်း Twilight Saga ထဲမှာ ပါဝင်တဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်ပြီး Christinna Perri က သီဆိုထားတာဖြစ်ပါတယ်။
Shallow
Source: Lady Gaga
Shallow သီချင်းကတော့ A Star Is Born ဆိုတဲ့ ဇာတ်ကားထဲမှာ နာမည်ကြီး ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး Lady Gaga နဲ့ Bradley Cooper တို့က သီဆိုထားတာဖြစ်ပါတယ်။
Mamma Mia! Here I Go Again
Source: Movieclips
Mamma Mia ဇာတ်ကားသည်လည်း လူကြိုက်များတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဒီဇာတ်ဝင်တေးသီချင်းလေးကတော့ မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Sunflower
Source: Post Malone
Spider-Man: Into The Spider-Verse ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး Post Malone က သီဆိုထားပါတယ်။
Beauty And The Beast
Source: DisneyMusicVevo
Beauty And The Beast ဇာတ်ကားကို Live Action ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားလေးကို Ariana Grande နဲ့ John Legend တို့က သီဆိုထားတာဖြစ်ပါတယ်။
Source: Cosmopolitan.com