ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်တိုက်စစ်မှူး မီနာမီနိုရဲ့လွဲချော်မှုကိုကြည့်ပြီး လှောင်ပြောင်ရယ်မောခဲ့တဲ့ အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို လီဗာပူးလ်ပရိသတ်တွေပြန်လည် ချေပခဲ့ပါတယ်။

Liverpool-fans-mock-Ben-White-Arsenal-Carabao-Cup-semi-final-loss-Liverpool

Photo : Irish Mirror

အာဆင်နယ်အသင်းဟာ အန်ဖီးလ်မှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ တစ်ယောက်လျော့နဲ့ လီဗာပူးလ်အသင်းကို သရေကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီးလက်ကျန်မိနစ်တွေမှာ လီဗာပူးလ်တိုက်စစ်မှူး မီနာမီနိုရဲ့ အခွင့်အရေးကို လွဲချော်သွားပုံကြည့်ပြီး လှောင်ပြောင်ရယ်မောခဲ့တဲ့ ဘင်ဝှိုက်ရဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ကာ လီဗာပူးလ်ပရိသတ်တွေကို အသဲတယားယား ဖြစ်စေခဲ့ပါတယ်။

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာတော့ လီဗာပူးလ် ဂျိုတာရဲ့ဂိုးတွေနဲ့အတူ ၂ – ၀ ဂိုးရလဒ်ဖြင့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်တွေ ပြန်လည်ချေပဖို့ အခွင့်အရေး ရသွားခဲ့ပြီး အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်ကို တစ်ကြော့ပြန် လှောင်ပြောင်ထိုးနှက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo : Daily Mail

ဂန်းနားတို့ ရှုံးနိမ့်ပြီးနောက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ” ဘင်ဝှိုက်တစ်ယောက် ရယ်နိုင်သေးရဲ့လား ” ဆိုတဲ့စာသားတွေနဲ့ လီဗာပူးလ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ ကြတာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ဘင်ဝှိုက်ကို စိတ်ထဲ သိပ်မရှိပါဘူး။ ဒါပေမဲ့ ပထမအကျော့တုန်းက ဒီလိုပြုမူခဲ့ပြီး အခုဒုတိယအကျော့မှ ဒီလောက်အထိ ကြေကွဲမပြသင့်ဘူး” လို့ လီဗာပူးလ်ပရိသတ်တွေတစ်ဦးက ဘင်ဝှိုက်ပုံကို ရှယ်ပြီး လူမှုကွန်ယက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ တစ်ပုံက တိုက်စစ်မှူး မီနာမီနိုကိုလှောင်ပြောင်နေတဲ့ပုံနဲ့ ဒုတိယပုံမှာတော့ ဗဟိုခံစစ်ကိုဖြတ်ကာ အာဆင်နယ်ဂိုးပေါက်ဆီသွားနေတဲ့ ဘောလုံးနောက် ကူကယ်ရာမဲ့ ပြေးနေတဲ့ ဘင်ဝှိုက်ပုံ ယှဉ်တွဲပြထားတာပဲ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်း အရွှေ့ တုန်းက ပေါင်သန်း ၅၀ နဲ့ အာဆင်နယ်ရဲ့ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ ခေါ်ယူခဲ့တဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

liverpool-fans-mock-ben-white-arsenal-carabao-cup-semi-final-loss-liverpool

Photo : InsideSport

ပထမအကျော့ အန်ဖီးလ်မှာ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းကို အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြကာကွယ်သွားခဲ့ပေမယ့် ကြာသပတေးနေ့က ဒုတိယကျော့ပွဲစဉ်ကတော့ ဘရိုက်တန်ကစားသမားဟောင်းအတွက် မမေ့နိုင်စရာ ပွဲတစ်ပွဲဖြစ်ခဲ့မှာပါ။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့ အတူ  ၂ – ၀ ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail