လူတိုင်းက ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်အောင် ကြိုးစားကြရတာပါပဲ။ အောင်မြင်ချင်စိတ်ရှိပြီး တစ်နေ့ထက်တစ်နေ့ပိုမို တိုးတက်အောင် ကြိုးစားကြသူတွေသာလျှင် ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်တာပါ။ ဘဝမှာတိုးတက်အောင်မြင်ဖို့ ကြီးမားတဲ့ အရာတွေကနေ စတင်ဖို့ မလိုအပ်ပါဘူး။ နေ့တိုင်း လုပ်နိုင်မယ့် ရိုးရိုးရှင်းရှင်း နည်းလမ်းလေးတွေနဲ့လည်း သင့်ဘဝကိုအချိန်တိုအတွင်း တိုးတက်ပြောင်းလဲအောင်လုပ် ဆောင်နိုင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ

man looking at the mirror
Photo : Ensight Partners

သင့်ဘဝ ပိုမိုတိုးတက်ကောင်းမွန်ချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်အကြောင်းကို သိရှိနားလည်အောင် လုပ်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကို လေ့လာသုံးသပ်မှသာ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွေ့မြင်လာနိုင်မှာပါ။ ကိုယ် ဘယ်သူလဲဆိုတာ ပိုပြီးသိရှိနားလည်လေ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းရှာတွေ့နိုင်လေ ဖြစ်ပါတယ်။

(၂) အပြောင်းအလဲတွေကြားမှာ ရှင်သန်နိုင်အောင်ကြိုးစားပါ


Photo : Lifehack

ဘဝမှာ ဘယ်အရာကိုမှ ပုံသေကားချပ် တွက်လို့မရပါဘူး။ ထင်မှတ်မထားတဲ့ ပြောင်းလဲမှုတွေဆိုတာ အချိန်မရွေးကြုံတွေ့လာနိုင်တာပဲ မဟုတ်လား။ အပြောင်းအလဲတွေနဲ့ အတူ လိုက်လျောညီထွေစွာ ရှင်သန်နိုင်တက်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားရမှာပါ။ အပြောင်းအလဲနဲ့ စိန်ခေါ်မှုတွေကို ရှောင်ပြေးဖို့ မကြိုးစားပဲ ရင်ဆိုင်ရှင်သန်နိုင်မှသာ  အောင်မြင်တိုးတက်မှုဆိုတဲ့ ရလဒ်အဖြေကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၃) ယုံကြည်ရာကို လုပ်ပါ

Photo : Unsplash

ကိုယ်ယုံကြည်ရာကို လုပ်ဆောင်ဖို့ ဘယ်အရာတွေကမှ အတားအဆီး မဖြစ်ပါစေနဲ့။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲ ၊ စိတ်အားထက်သန်မှုက ဘာလဲ ၊ ရည်မှန်းချက်နဲ့ စိတ်ကူးအိပ်မက်တွေက ဘာတွေဖြစ်မလဲ စသည်ဖြင့် ကိုယ်ယုံကြည်ထားတဲ့အရာတွေကို တစိုက်မက်မက် အကောင်ထည်ဖော်ရင်း ယုံကြည်ရာအတွက် ခရီးဆုံးအထိ လျောက်လှမ်းဖို့ပဲ လိုပါတယ်။

(၄) အလေ့အကျင့်ဆိုးတွေ ဖျောက်ဖျက်ပါ

Photo : Inc. Magazine

လူတိုင်းမှာ သိသာထင်ရှားတဲ့ အလေ့အကျင့်ဆိုးတွေရှိသလို မသိမသာနဲ့ ဘဝရဲ့ တိုးတက်အောင်မြင်မှုတွေကို တိုက်စားနေတဲ့ မကောင်းတဲ့ အလေ့အကျင့်ဆိုးတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းတဲ့အလေ့အကျင့်တွေဟာ သင့်ဘဝတိုးတက်မှုအတွက် အဟန့်အတားနေတဲ့ အတားအဆီးတစ်ခုပါပဲ။ ဒါကြောင့် မကောင်းတဲ့ အလေ့အကျင့်တွေကို ဖျောက်ဖျက်ပြီး သင့်ဘဝတိုးတက်မှုအတွက် အကျိုးပြုမယ့် ကောင်းမွန်တဲ့အလေ့အကျင့်တွေကို မွေးမြူကျင့်သုံးဖို့ လိုပါတယ်။

Featured Photo : Unsplash