အခုလို ရာသီဥတုအေးတဲ့အချိန်မှာ ပူပူနွေးနွေး စွတ်ပြုတ်ဟင်းလျာတွေက အလိုက်ဖက်ဆုံးပါပဲ။ ဆောင်းတွင်းမှာ အရဟာပြည့်ဝပြီး အနွေးဓာတ်ပေးနိုင်မယ့် အရသာရှိတဲ့ စွတ်ပြုတ်ပူပူလေးတစ်ခွက် သောက်လိုက်ရရင်ပဲ တကယ့်ကို စိတ်ကျေနပ်မှု ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ အရသာလည်းရှိ အာဟာရပြည့်ဝတဲ့ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး စွတ်ပြုတ် ဟင်းလျာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကန်စွန်းဥ/ မုလာဥနီ စွတ်ပြုတ်

Sweet potato, carrot and ginger soup
အရသာရှိသလောက် ချက်ရတာလည်း အရမ်းလွယ်တဲ့ သက်သတ်လွတ် အသီးအရွက် စွတ်ပြုတ်တစ်ခွက်ပါ။ ကန်စွန်းဥ ၊ မုလာဥနီ ၊ ဂျင်းတို့ အဓိက ထည့်ချက်ထားတဲ့အတွက် လက်ဆတ်ပြီး သဘာဝအတိုင်း ချိုသင်းမွှေး အရသာကို ပေးစွမ်းမှာဖြစ်ပါတယ်။ အဆိမ့်ကြိုက်သူတွေအနေနဲ့ ခရင်မ် ဒါမှမဟုတ် အုန်းနို့အနည်းငယ်ထည့်ချက်နိုင်ပါတယ်။

(၂) ဗီယက်နမ်စတိုင်စွတ်ပြုတ်

Vietnamese green soup

အာဟာရဓာတ်ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် စုံစုံလင်လင်ထည့်ချက်ထားတဲ့ ဗီယက်နမ်စတိုင် စွတ်ပြုတ်ပါ။ ပန်းပွင့်စိမ်း ၊ ပဲသီး ၊ မုန့်ညှင်း စသည်ဖြင့် နှစ်သက်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို အသုံးပြုနိုင်ပါတယ်။ ပူစီနံ ၊ ပင်စိမ်း ၊ သံပုရာသီး ၊ ငရုပ်သီးစိမ်းတို့နဲ့ ပေါင်းစပ်ပြီး ချိုချဉ်ငံစပ် fresh ဖြစ်စေမယ့် အရသာနဲ့ ဗီယက်နမ်စတိုင် စွတ်ပြုတ်တစ်ခွက်ဖြစ်ပါတယ်။

(၃) ပဲနီကလေး ဝက်အူချောင်း စွတ်ပြုတ်

Chorizo and red lentil soup
ပဲနီကလေး ဝက်အူချောင်း စွတ်ပြုတ်က ရာသီဥတုအေးတဲ့အချိန်အတွက် အကောင်းဆုံးနေ့လည်စာတစ်ခွက် ဖြစ်စေမှာပါ။ ပဲနီကလေးမှာ ဗီတာမင်ဓာတ်များစွာပါဝင်လို့ ကျန်းမာရေးနဲ့လည်း အထူးညီညွှတ်ပါတယ်။ အချိန်အားဖြင့် ၄၅ မိနစ်လောက် ချက်ပြုတ်ရပေမယ့် လွယ်လွယ်ကူကူနဲ့ တကယ့်ကို အာဟာရပြည့်ဝတဲ့ စွတ်ပြုတ်တစ်ခွက်ကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၄) ပင်လယ်စာစွတ်ပြုတ်

Fish soup
စားချင်စဖွယ်စရာကောင်းပြီး အရမ်းကို လွယ်ကူရိုးရှင်းတဲ့ ဆောင်းရာသီအတွက် စွမ်းအင်ဖြည့် စွတ်ပြုတ်တစ်ခွက် ဖြစ်ပါတယ်။ Omega-3 fatty acid ဓာတ်ကြွယ်ဝတဲ့ ငါး ၊ ပုဇွန် ၊ ကင်းမွန်တို့ နဲ့ ဂရိဒိန်ချဉ် ၊ ခရင်မ်တို့ကို ရောစပ်ချက်ထားတဲ့အတွက် အရသာထူးကဲပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ဆောင်းရာသီဓာတ်စာ စွတ်ပြုတ်တစ်ခွက် ဖြစ်ပါတယ်။

Featured Photo : Olive Magazine