ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်အောင် ဝတ်စားတတ်ခြင်းသည် ကိုယ့်ရဲ့ဖက်ရှင်ကို စတိုင်လ်ကျလှပပြီး အမြင်တင့်တယ်စေပါတယ်။ ဒါ့ကြောင့်လည်း အပြင်မသွားခင်မှာ ဘယ်အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ရမလဲဆိုတာ သေချာစဉ်းစားသင့်တာဖြစ်ပါတယ်။
ကိုယ် သွားမယ့်နေရာက ပါတီပွဲလား။ ပွဲတက်အခမ်းအနားလား။ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးသွားတွေ့ရမယ့်နေရာလား စတာတွေကို ကြည့်ရှုကာ ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံကလည်း ပြောင်းလဲသွားတတ်ပါတယ်။
ဒါဆိုရင် စတိုင်လ်ဘောင်းဘီကို ဘယ်အချိန်မှာ ဝတ်ဆင်သင့်သလဲ
စတိုင်လ်ဘောင်းဘီသည် စတိုင်လ်ကျလှပပြီး Formal ဆန်တဲ့ အခမ်းအနားတွေနဲ့ လိုက်ဖက်ပါတယ်။ သင့်အနေနဲ့ ရုံးသွားရုံးတက်ပြုလုပ်တဲ့အခါ၊ မင်္ဂလာဆောင်အခမ်းအနားနဲ့ အခြားသော ပွဲတက်အခမ်းအနားများ သွားမယ်ဆိုရင် စတိုင်လ်ဘောင်းဘီကို ဝတ်ဆင်သင့်ပါတယ်။
စတိုင်လ်ဘောင်းဘီနဲ့ ဘယ်လိုမျိုးရှိုးထုတ်နိုင်မလဲဆိုတော့…
ရှပ်အဖြူနဲ့ စတိုင်လ်ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ပါ
ခါးပတ်နဲ့ တွဲဖက်ဝတ်ဆင်ပါ
ခါးပတ်မပါဘဲနဲ့လည်း စမတ်ကျနိုင်ပါသေးတယ်
ဝတ်စုံပြည့်ဝတ်မယ်ဆိုရင်တော့ ကုတ်အင်္ကျီနဲ့ ဝမ်းဆက်ဖြစ်အောင် ရွေးချယ်နိုင်ပါတယ်
ဘယ်တော့မှ ရိုးမသွားစေမယ့် ဘောင်းဘီနက်ပြာနဲ့ ရှပ်အဖြူဖက်ရှင်
ပိုလိုရှပ်အင်္ကျီများနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်
ချီနိုဘောင်းဘီများကို ဘယ်အချိန်မှာ ဝတ်ဆင်သင့်သလဲ။
ချီနိုဘောင်းဘီများကတော့ ဝတ်ဆင်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတဲ့ဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုး၊ ဟိုနားဒီနားသွားတဲ့အခါမျိုး စတဲ့ Casual ဝတ်ဆင်နိုင်တဲ့နေရာမျိုးနဲ့ လိုက်ဖက်တဲ့ဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပါတယ်။
ချီနိုဘောင်းဘီနဲ့ ဘယ်လိုမျိုးရှိုးထုတ်နိုင်မလဲဆိုတော့…
ပေါ့ပေါ့ပါးပါးဖြစ်အောင် တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပါ
ဂျက်ကတ် (သို့) ဟူဒီတို့နဲ့လည်း လူငယ်ဆန်ဆန်ဝတ်ဆင်နိုင်ပါတယ်
ထသွားထလာဖက်ရှင်
ဆွဲသားချီနိုဘောင်းဘီသည်လည်း လူငယ်များအကြား ခေတ်စားပါတယ်
ချီနိုကို စမတ်ကျကျဝတ်ဆင်ချင်တယ်ဆိုရင်လည်း ဒီလိုရှိုးထုတ်လို့ရပါတယ်
Sneakers ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ကာ အလန်းစားဖက်ရှင်ကို ဖန်တီးနိုင်ပါတယ်
သင်ရော ချီနိုဘောင်းဘီနဲ့ စတိုင်လ်ဘောင်းဘီဆိုရင် ဘယ်ဘောင်းဘီကို ရွေးချယ်မလဲ။
Source: Pinterest.com
Featured Image: Heartafact