လက်ပတ်နာရီကောင်းကောင်းတစ်လုံးရှိတာဟာ သင်ရင်းနှီးမြုပ်နှံရကျိုးနပ်မယ့် အသုံးဆောင်တစ်ခုလို့ ပြောရင်မမှားပါဘူး။ မှန်ကန်တဲ့ထိန်းသိမ်းမှုရှိမယ်ဆိုရင် နာရီကောင်းတစ်လုံးဟာ သင့်တစ်သက်တာအထိ အသုံးပြုလို့ရနိုင်ပါတယ်။ ဒါကြောင့် သင်အမြဲလိုလိုအသုံးပြုမယ့်အရာအတွက် ငွေကြေးအသုံးပြုခြင်းက အလွန်ထိုက်တန်ပါတယ်။ အခုပြောပြပေးမှာကတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့အမျိုးသားတွေအတွက် အလုပ်အကိုင်ပေါ်မူတည်ပြီး ရွေးချယ်ဝတ်ဆင်သင့်တဲ့ နာရီအမျိုးအစား (၄)မျိုး အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Seiko Solar Watch

Photo : Bellatory
ဂျပန်နာရီထုတ်လုပ်တဲ့ Seiko တံဆိပ်က အချိန်တိကျမှုနှင့်အတူ အထက်တန်းကျကျ၊ လိုက်ဖက်မှုရှိတဲ့ နာရီများစွာကို တောက်လျှောက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Seiko တံဆိပ်က တက်သစ်စ လူငယ်ပရော်ဖက်ရှင်နယ်တွေအတွက်သင့်တော်ပြီး ဈေးနှုန်းကလဲ ဒေါ်လာ ၁၀၀ အောက်ဝန်းကျင် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကထုတ်လုပ်တာဖြစ်လို့ အချိန်တိကျမှန်ကန်တဲ့အပြင် သင့်ကို ရိုးရိုးရှင်းရှင်းနဲ့ ဆန်းသစ်တဲ့ အသွင်အပြင်ကိုရရှိစေမှာပါ။
(၂) Tissot Dream Watch

Photo : Bellatory
Tissot ကတော့ ဆွစ်ဇာလန်အခြေစိုက် နာမည်ကြီး လက်ပတ်နာရီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။ အားကစားဝါသနာပါတဲ့ အမျိုးသားတွေအနေနဲ့က ဒီ brand ကို ရင်းရင်းနှီးနှီးသိကြပါလိမ့်မယ်။ Tissot နာရီတွေရဲ့ ဈေးနှုန်းကတော့ ထုတ်လုပ်မှုနဲ့ မော်ဒယ်ပေါ်မူတည်ပြီး ကွဲပြားနိုင်သလို ဒေါ်လာရာဂဏန်းမှ ထောင်ဂဏန်းအထိ ရွေးချယ်စရာအများကြီး ရှိပါတယ်။ အခုပြထားတဲ့ Tissot Men’s Dream နာရီက စတိုင်ကျ၊ ရိုးရှင်းပြီး ရောမဂဏန်းတွေနဲ့ အလှဆင်ထားခြင်းဟာ နာရီရဲ့ ဆန်းသစ်မှုကို အမှန်တကယ်ပေါ်လွင်စေပါတယ်။ ဒီဆွဇ်ဇာလန်မိတ်နာရီကတော့ ဈေးနှုန်း ဒေါ်လာ ၂၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိပါတယ်။
(၃) Citizen Eco-Drive World Chronograph A-T Watch

Photo : Bellatory
Citizen ရဲ့ “Eco-Drive” နည်းပညာ-လက်ပတ်နာရီကို နေရောင်ခြည်စွမ်းအင်သုံး နည်းပညာကြောင့် လူသိများပါတယ်။ သိုပေမယ့် ဒါကနာရီရဲ့တစ်ခုတည်းသော ထူးခြားတဲ့အရာ မဟုတ်ပါဘူး။ သူ့မှာပါဝင်တဲ့ radio-controlled system calendar နဲ့ atomic လိုခေါ်တဲ့ အချိန်ထိန်းစနစ်ပါဝင်တာကြောင့် ကမ္ဘာပေါ်မှာ အတိကျဆုံးနာရီတစ်လုံး ဖြစ်လာပါတယ်။ ဒီအမိုက်စားနာရီက time zones တွေကို ဖြတ်သန်းခရီးသွားနေတဲ့လူငယ်တွေ ဒါမှမဟုတ် အချိန်စည်းကမ်းကြီးတဲ့ အမျိုးသားတွေအတွက်သင့်တော်ပြီး ဈေးနှုန်းဒေါ်လာ ၄၃၀ ခန့်ရှိပါတယ်။
(၄) Victorinox Swiss Army Officer’s Watch

Photo : Bellatory
နောက်ထပ် swiss made နာရီတွေထဲက နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Victorinox ဟာ နာရီတွေအပါအဝင် ဘက်စုံသုံး ထုတ်ကုန်များစွာကို ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ရှေ့တန်းက စစ်တပ်တပ်ရင်းတွေကနေ အာကာသယာဉ်မှူးတွေအထိ လိုက်ဖက်ညီတဲ့ Victorinox နဲ့ Swiss Army-branded ထုတ်ကုန်တွေဟာ ၎င်းတိုရဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ အသုံးဝင်မှုများအတွက် တန်ဖိုးကြီးပါတယ်။ ဒီ Victorinox အရာရှိ လက်ပတ်နာရီတွေဟာဆိုရင် အလိုအလျောက်လှည့်ပတ်လှုပ်ရှားမှုနဲ့ ရိုးရှင်းပြီး သန့်ပြန့်တဲ့အသွင်အပြင်ကို ပေးနိုင်သလို အလေးချိန်အားဖြင့် အလယ်အလတ်အလေးချိန်ရှိပါတယ်။ ခိုင်ခံ့မှုအလွန်ရှိသလို ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၅၄၀ ခန့် ဝန်းကျင်ဖြစ်ပါတယ်။
Featured Photo : Luxe Digital
