မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်ရဲ့ ချစ်သူ ဟာရစ်ရော့ဘ်ဆင်ဟာ သူမကို ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ထားတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သွေးထွက်သံယို သက်သေဓာတ်ပုံတွေနဲ့တကွ သူမရဲ့အင်စတာဂရမ် လူမှုကွန်ယက်ကနေ ဖွင့်ဟလာခဲ့ပါတယ်။

Man Utd star Mason Greenwood's girlfriend accuses him of beating her up

Photo : Daily Mail

ဟာရစ်ရော့ဘ်ဆင်ဟာ ဂရင်းဝုဒ် ရိုက်နှက်နှိပ်စက်ထားလို့ သူမရဲ့ ပါးစပ်ထဲကနေ ရင်ညွှန့်အထိ သွေးတွေထွက်ကျနေတဲ့ ဓာတ်ပုံတွေ ၊ လက်မောင်းနဲ့ ခြေထောက် အပါအဝင် အခြားခန္ဓာကိုယ်ပေါ်က အညိုမည်းစွဲနေတဲ့ ဒဏ်ရာပုံတွေနဲ့ ” ဂရင်းဝုဒ် ဘာတွေလုပ်ခဲ့တယ်ဆိုတာ သိချင်တဲ့သူတိုင်းအတွက်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ဒီကနေမနက်ပိုင်းက တင်ခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ သူမရဲ့ဆန္ဒမပါပဲ လိင်ဆက်ဆံဖို့ အတင်းအဓမ္မဖိအားပေး တောင်းဆိုခဲ့သလို သူမအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်နှိပ်စက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရော့ဘ်ဆင် တင်ခဲ့တဲ့ ဆိုးရွားတဲ့အကြမ်းဖက် နှိပ်စက်ခံထားရတဲ့ သက်သေဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ အရမ်းကို ပျံ့နှံ့နေပြီး ဂရင်းဝုဒ်အပေါ် ပရိသတ်တွေအနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ” အတည်မပြုရသေးသ၍ မည်သည့် မှတ်ချက်တစ်စုံတစ်ရာမှ ပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ် ၊ သူတို့အနေနဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ လက်ခံမှာမဟုတ်ဘူး” လို့ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Man Utd star Mason Greenwood's girlfriend accuses him of beating her up

Photo : Daily Mail

လက်ရှိမှာတော့ မေဆန်ဂရင်းဝုဒ်ရဲ့ ချစ်သူဖြစ်သူ ရော့ဘ်ဆင်ဟာ သူမအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် အိမ်တွင်းအကြမ်းဖက်မှုခေါင်းစဉ်နဲ့ အမှုဖွင့် တရားစွဲဆိုသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။။

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားထားပြီး သွင်း ၆ ဂိုးသွင်းယူထားကာ ပြိုင်ပွဲအတွင်း တစ်ကိုယ်ကောင်းဆန်တဲ့ ကစားပုံတွေကြောင့် ဝေဖန်ခံနေသူတစ်ဦးဖြစ်ပြီး အခုလို အမျိုးသမီးငယ်တစ်ယောက်အပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်ခဲ့မှုဟာလည်း ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်နေပါတယ်။

Featured Photo : Daily Mail