အီတလီလက်ရွေးစင် တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုဟာ တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ် အနေနဲ့ အာဆင်နယ်ကိုပယ်ချပြီး ဂျူဗင်တပ်စ်ကို ရွေးချယ်လိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Antonio Cassano blasts Juve's Dusan Vlahovic for 'SENSATIONALLY wrong decision' in rejecting Arsenal

Photo : Metro

အသက် ၂၂ နှစ်အရွယ် ဆားဘီးယား တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွေ့ကြေး ပေါင် ၅.၈ သန်းအပြင် အပိုဆုကြေး ပေါင် ၈ သန်းနဲ့ ယခု သီတင်းပတ်အတွင်း တရားဝင်ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အပြောင်းအရွေ့နဲ့ ပတ်သတ်ပြီး ဗလာဟိုဗစ်ကို ရီးရဲလ်မက်ဒရစ်နဲ့ အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုကဝေဖန်ခဲ့ပြီး ၎င်းတိုက်စစ်မှူးအား ” ဒုတိယတန်းကစားသမား” လို့ ပြောဆိုလိုက်ပါတယ်။

” ဂျူဗင်တပ်စ်က နည်းပြအယ်လီဂရီနဲ့ဆို နောက်နှစ်မဟုတ် နောက်ဆယ်နှစ်အတွင်းလဲပြောင်းလဲမှာ မဟုတ်ပါဘူး ”

” ကျွန်တော့်အမြင်အရ ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းတယ် ၊ သူ့လိုကစားသမားက အလယ်အလတ်တန်းအဆင့်ကို တက်လှမ်းဖို့ အာဆင်နယ် ၊ တော့တင်ဟမ်ဟော့စပါး ဒါမှမဟုတ် မာစီယဲလ်ကိုခေါ်ယူခဲ့တဲ့ ဆီဗီလာလို့ အသင်းတွေနဲ့ ပိုကိုက်တယ်လို့ ကျွန်တော် ထင်တယ် ၊ ကျွန်တော့်အတွက်ကတော့ သူက အမြဲတမ်း ဒုတိယတန်းကစားသမားတစ်ယောက်ပါ ” လို့ ကာဆာနိုက ပြောကြားခဲ့ပါတယ်။

Antonio Cassano blasts Juve's Dusan Vlahovic for 'SENSATIONALLY wrong decision' in rejecting Arsenal

Photo : The Irish Sun

အာတီတာရဲ့အသင်းဟာ ဗလာဟိုဗစ်ကို ပေါင်သန်း ၅၀ ကျော်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆားဘီးယားတိုက်စစ်မှူးက ငြင်းပယ်ခဲ့တာကြောင့် လက်ရှိမှာတော့ ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူး အီဆက်နဲ့ အဲဗာတန်တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက်-လီဝင်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တိုက်စစ်မှူး ဗလာဟိုဗစ်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ ၎င်းရဲ့ အသက် ၂၂ နှစ်ပြည့်မွေးနေ့မှာပဲ ဂျူဗင်တပ်စ်အသင်းကို အပြီးသတ်ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက်တော့ မှန်ကန်တဲ့ အပြောင်းအရွေ့တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Mail