မန်ချက်စတာယူနိုက်တက်အသင်းဟာ ကလပ်အသင်းဝဘ်ဆိုဒ်ကနေ မေဆင်ဂရင်းဝုဒ်နာမည်နဲ့ ရောင်းချနေတဲ့ ကုန်ပစ္စည်းအားလုံးကို တနင်္လာ နေ့က ဖယ်ရှားခဲ့ပြီး ဒေါသထွက်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေကလည်း ဂရင်းဝုဒ်နာမည်ပါတဲ့ အင်္ကျီတွေကို ပြန်လဲပေးဖို့ ကလပ်ရဲ့ မီဂါစတိုးမှာ တောင်းဆိုနေကြပါတယ်။

Photo : Daily Mail

ဂရင်းဝုဒ်ဟာ လက်ရှိမှာ မုဒိမ်းမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ စွဲချက်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ဆေးမှုတွေ ခံယူနေတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် ယူနိုက်တက်တိုက်စစ်မှူးအား စီနီယာတွေဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဒေးဗစ် ဒီဂီယာ၊ ပေါလ် ပေါ့ဂ်ဘာနဲ့ မားကပ်ရက်ရှ်ဖို့ဒ်တို့ အပါအဝင် အသင်းဖော်အများစုကလည်း ဆိုရှယ်မီဒီယာပေါ်ကနေ unfollow လုပ်ခဲ့ကြပြီး Nike ကလည်း ၎င်းနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။

Mason Greenwood Merchandise Removed From Manchester United's Website After Arrest

Photo : SPORTbible

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကလပ်အသင်းအင်္ကျီစပွန်ဆာပေးထားတဲ့ TeamViewer ကလည်း “အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်” လို့ ဆိုခဲ့ပြီး ယူနိုက်တက်နဲ့ အလုပ်တွဲလုပ်နေတဲ့ နောက်ထပ်တရားဝင်စပွန်ဆာတစ်ခုဖြစ်တဲ့ Cadbury ကလည်း သူတို့ရဲ့ ဈေးကွက်ရှာဖွေရေးထုတ်ကုန်တွေမှာ ဂရင်းဝုဒ်ပါဝင်တော့မှာ မဟုတ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်ကလပ်ရဲ့ အွန်လိုင်းစတိုးမှာရှိတဲ့ ကစားသမားစာရင်းကနေ ဂရင်းဝုဒ်နာမည်ကို ဖယ်ရှားလိုက်ပြီဖြစ်ပြီး ၎င်းရဲ့ နာမည်ကို ရိုက်ရှာမယ်ဆိုရင် ကွက်လပ်သာပေါ်နေတော့မှာ ဖြစ်ပါတယ်။

Mason Greenwood Merchandise Removed From Manchester United's Website After Arrest

Photo : Jaun News English

ယူနိုက်တက်ပရိသတ် အများအပြားကလည်း သူတို့မလိုချင်တော့တဲ့ ဂရင်းဝုဒ်ရဲ့ ကျောနံပါတ် ၁၁ အင်္ကျီတွေအတွက် ငွေပြန်အမ်းပေးဖို့ ကလပ်ရဲ့မီဂါစတိုးမှာ သွားရောက်တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

Featured Photo : SPORTbible