ကိုယ်အကြိုက်ဆုံး အစားအစာတစ်ခုစားပြီးချိန်မှာ စိတ်ကျေနပ်ပျော်ရွှင်တဲ့ ခံစားမှုမျိုး ခံစားဖူးကြမယ်ထင်ပါတယ်။ ဒါဟာ dopamine (ဒိုပါမင်း) လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းလေးတွေ ခန္ဓာကိုယ်က ပိုမိုထုတ်လွှတ်ပေးလို့ပဲ ဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ dopamine (ဒိုပါမင်း) ကိုမြှင့်တင်ပေးပြီး ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီထဲကမှ ကွီးတို့အနီးအနားမှာ လွယ်လွယ်ကူကူ ဝယ်ယူစားလို့ ရမယ့် အစားအစာ ၅ မျိုးကို ပြောပြပေးချင်ပါတယ်။
(၁) ပန်းသီး

Photo : Epicurious
ပန်းသီးမှာ quercetin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ အဆိုပါ antioxidant ဓာတ်က dopamine ဟော်မုန်းကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုတွေက အတည်ပြုပေးထားပါတယ်။ ပန်းသီးဟာ ကျန်းမာရေးနဲ့ညီညွှတ်ပြီး ပျော်ရွှင်မှုဟော်မုန်းတိုးစေမယ့် အကောင်းဆုံးစားစရာတစ်မျိုးဖြစ်ပါတယ်။
(၂) Almonds

Photo : Food Network
အစေ့အဆန်တွေထဲမှာတော့ Almonds က နာမည်ကြီးပါတယ်။ အရသာရှိသလို အာဟာရဓာတ်များစွာလည်းပါဝင်တာကြောင့် လူ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်စာတစ်ခု အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Almonds ဟာ tyrosine အရင်အမြစ်တစ်ခုဖြစ်ပြီး ၎င်းက ပျော်ရွှင်မှုဟော်မုန်းတိုးမြှင့်ပေးတဲ့ ဓာတ်တစ်မျိူးပဲ ဖြစ်ပါတယ်။
(၃) Dark chocolate

Photo : PureWow
Dark chocolate ဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို ကောင်းမွန်စေတဲ့ အစားအစာတစ်ခုအဖြစ် လူသိများပါတယ်။ စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး ပျော်ရွှင်မှုတိုးစေတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ များစွာပါဝင်ပါတယ်။ စိတ်ဖိစီးမှုများနေချိန် ၊ စိတ်ခံစားချက်မကောင်း ချိန်တွေမှာ Dark chocolate အနည်းငယ်စားပေးရုံနဲ့ စိတ်ခံစားမှုကို သိသိသာသာကောင်းမွန်စေပြီး ပျော်ရွှင်မှုတိုးစေမှာ ဖြစ်ပါတယ်။
(၄) ငှက်ပျောသီး

Photo : News18
ငှက်ပျောသီးမှာ dopamine ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ဗီတာမင် B6 ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် tyrosine အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ငှက်ပျောသီးကို ဈေးသက်သက်သာသာနဲ့ နေရာတိုင်းမှာဝယ်ယူနိုင်သလို ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဗီတာမင်ဓာတ် ၊ အာဟာရဓာတ်တွေလည်းများစွာ ပါဝင်ပါတယ်။
(၅) ဖရဲသီး
![]()
Photo : Healthline
ဖရဲသီးဟာ ရေဓာတ်ကြွယ်ဝမှုအများဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းပေးနိုင်သလို သံဓာတ် ၊ ဖောလိတ်ဓာတ်တွေလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဖရဲသီးဟာ ပျော်ရွှင်မှုဟော်မုန်းကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး အစားစာတစ်ခုလည်း ဖြစ်ပါတယ်။
