အာရုံတွေ လွှင့်ပါးကာ မိမိအလုပ်အပေါ်မှာ အာရုံစူးစိုက်မရ ဖြစ်နေပါသလား။ ဒီလိုအာရုံစူးစိုက်မရခြင်းက ဘယ်လိုအကြောင်းအရာများကြောင့်လို့ ထင်ပါသလဲ။
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေလို့
အလုပ်စားပွဲမှာ ထိုင်ပြီး တဝါးဝါးနဲ့ သမ်းဝေနေပါသလား။ မျက်လုံးများက ငိုက်စဉ်းနေပြီး အလွန်အမင်း အိပ်ချင်နေပါသလား။ သင်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပါက ဘာကိုမှ အာရုံစူးစိုက်လို့ရမှ ာမဟုတ်ပါဘူး။
Pennsylvania ဆေးတက္ကသိုလ်တစ်ခုက အိပ်စက်အနားယူခြင်းသည် မှတ်ဉာဏ်ပိုင်းဆိုင်ရာအပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတာကို ဖော်ပြထားပါတယ်။ သင်သည် အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်တဲ့အခါ အလုပ်အပေါ်မှာ အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။
ဒီလိုအခြေအနေမျိုးမှာဆိုရင် အိပ်ချင်ပြေအောင် ဘယ်လိုလုပ်သင့်သလဲ။ ဟိုနား ဒီနားလေး အညောင်းပြေအညာပြေ လမ်းထလျှောက်လိုက်ပါ။ သွေးလှည့်ပတ်မှု ကောင်းသွားရုံသာမကဘဲ သဘာဝအလင်းရောင်နဲ့ ထိတွေ့ရတဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွသွားပါလိမ့်မယ်။
သတင်းဆိုးတွေကြောင့်
သင့်ရဲ့ကိုယ်ပိုင်ဘဝက အလုပ်အပြင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေ ကြည့်ပြီး သတင်းဆိုးတွေ မြင်ရကြားရတဲ့အခါမှာလည်း သင့်ရဲ့စိတ်က ပျော်ရွှင်တော့မှာမဟုတ်ဘဲ အလုပ်အပေါ် အာရုံစိုက်နိုင်မှာမဟုတ်ဘူးလို့ အင်္ဂလန်လူမျိုး စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ Graham Davey က ပြောကြားထားပါတယ်။
ဒါဆိုရင် သတင်းကောင်းတွေ ကြားရရင်ရော။ သတင်းကောင်းတွေသည်လည်း ထူးမခြားနားပါပဲ။ သတင်းကောင်းတွေ ကြားရတဲ့အခါ ခန္ဓာကိုယ်က Adrenaline ဟော်မုန်းတွေ လွှင့်ထုတ်ပေးပါတယ်။ Adrenaline တွေ အလွန်အကျွံ ထုတ်လုပ်ပေးတဲ့အခါ စိတ်လှုပ်ရှား ပူပန်မှုကိုခံစားရစေပြီး အလုပ်အပေါ် စွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အလုပ်နှစ်ခု၊ သုံးခုကို ပြိုင်လုပ်နေလို့
သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ Multitasking ပြုလုပ်သူများသည် စိတ်ဖိစီးမှု ပိုမိုခံစားရကြောင်း တွေ့ရှိရပါတယ်။ သင်သည် စိတ်ဖိစီးနေတဲ့အခါ ဘယ်အရာကိုမှ အာရုံစိုက်နိုင်တော့မှာမဟုတ်ဘဲ လက်ရှိအခြေအနေကနေ ထွက်ပြေးချင်စိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် တစ်ရက်တည်းနဲ့ အလုပ်တွေ အများကြီးပြီးသွားအောင် ဘယ်လိုဖြေရှင်းရမလဲ။
အရင်ဦးဆုံး တစ်ရက်တာလုံးမှာ ဘယ်အလုပ်တွေ လုပ်ရမလဲဆိုတာကို ရေးမှတ်ထားပါ။ ထို့နောက် ဘယ်အရာက ပထမဦးစားပေးလဲ၊ ဒုတိယဦးစားပေးလဲဆိုတာ ချရေးထားပါ။ ထိုဦးစားပေး အစီအစဉ်အတိုင်း အစဉ်လိုက် ပြုလုပ်ပေးလိုက်ရုံပါပဲ။ ဒါ့
အပြင် အလုပ်ကို ၅၂ မိနစ်လောက် လုပ်ပြီးတဲ့အခါ ၁၇ မိနစ်ခန့် အနားယူမယ်ဆိုရင် အလုပ်စွမ်းဆောင်ရည် ပိုမြင့်မားနိုင်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်ချက်များအရ သိရှိရပါတယ်။
Source: Blog.trello.com
Featured Image: Forbes