ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ အနွေးဓာတ်ပေးနိုင်ဖို့အတွက် ဂျက်ကတ်အင်္ကျီများသည် မရှိမဖြစ်လိုအပ်တဲ့ အဝတ်အထည်တစ်ခုပဲဖြစ်ပါတယ်။ ရွေးချယ်စရာ ဂျက်ကတ်ဒီဇိုင်းနဲ့ အမျိုးအစားများက အများအပြားရှိတဲ့အပြင် ဖက်ရှင်ကျကျဝတ်ဆင်နိုင်ဖို့လည်း မခဲယဉ်းပါဘူး။
အခုဖော်ပြမယ့် ဖက်ရှင်ဒီဇိုင်းများကို နမူနာယူကာ မိမိကိုယ်ပိုင်ဖက်ရှင်ကို တီထွင်လိုက်ရုံပါပဲ။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဂျက်ကတ်ဒီဇိုင်းအမျိုးမျိုးကို အတူတူလေ့လာကြည့်လိုက်ရအောင်။
ဘုံပါဂျက်ကတ်များ
ဘုံပါဂျက်တက်ကို ယခင်ကတော့ လေယာဉ်အမှုထမ်း၊ အရာထမ်းများသာ ဝတ်ဆင်ကြတာဖြစ်ပါတယ်။ အကြမ်းခံပြီး စတိုင်လ်လည်း မိမိုက်နေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ တဖြည်းဖြည်း ရေပန်းစားလာကာ လူဝတ်များလာကြတာဖြစ်ပါတယ်။
ဆိုင်ကယ်စီးဂျက်ကတ်များ
သင့်အနေနဲ့ ဂျစ်ကန်ကန်လူငယ်စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဂျက်ကတ်လေးက အသင့်တော်ဆုံးပါပဲ။ တီရှပ်၊ ဂျင်းဘောင်းဘီတို့နဲ့ တွဲဖက်ဝတ်ဆင်ပါက ပိုမိုလိုက်ဖက်ပါတယ်။
အိပ်ကပ်နှစ်ခုပါ ဂျက်ကတ်များ
သူ့ရဲ့ထူးခြားချက်ကတော့ အိတ်ကပ်နှစ်ခုက ရင်အုပ်တည့်တည့်မှာ ပါနေတာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
Denim ဂျက်ကတ်များ
Denim ဂျက်ကတ်များကတော့ လူငယ်အများ မက်မက်မောမောဝတ်ဆင်တတ်ကြတဲ့ ဂျက်ကတ်တစ်မျိုးပဲဖြစ်ပါတယ်။ သူသည် နွေ၊ မိုး၊ ဆောင်း ဥတုမရွေး ဝတ်ဆင်နိုင်တဲ့ ဂျက်ကတ်တစ်ခုပါ။
အားကစားဂျက်ကတ်များ
သင့်အနေနဲ့ ပေါ့ပေ့ါပါးပါးဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ အားကစားဂျက်ကတ်များကို ရွေးချယ်နိုင်ပါတယ်။
ခါးတိုဂျက်ကတ်များ
ဒီအင်္ကျီရဲ့အရှည်ကတော့ ခါးအရှည်အထိ ကွက်တိချုပ်ထားတဲ့ ဂျက်ကတ်ဖြစ်ပါတယ်။ ခါးနားမှာ မျှော့ကြိုးလေး ပါဝင်ပြီး ဘုံပါဂျက်ကတ်နဲ့ အနည်းငယ်ဆင်တူပါတယ်။
ခေါင်းစွပ်ပါ ဂျက်ကတ်များ
ခေါင်းစွပ်ပါတဲ့ ဂျက်ကတ်များကိုတော့ ရာသီဥတုအရမ်းအေးပြီး နားရွက်များ အေးနေချိန်မှာ နွေးထွေးအောင်ကူညီပေးမှာပါ။
အပေါ်ဝတ် ကုတ်အရှည်
ဒီလိုဖက်ရှင်မျိုးကတော့ နှင်းဖြူဖြူဖွေးဖွေးကြီးတွေကျတဲ့ နေရာတွေဆီ အလည်သွားတဲ့အခါ ရှိုးထုတ်နိုင်ပါတယ်။
ဂျက်ကတ်ထူထူ
အမွှေးအမျှင်ထူထူထဲထဲနဲ့ ပြုလုပ်ထားတဲ့ ဂျက်ကတ်ထူထူသည်လည်း ယခုလိုချမ်းအေးတဲ့အချိန်မှာ ဝတ်ဆင်ဖို့အသင့်တော်ဆုံးပါပဲ။
ကြယ်သီးများများပါသော ဂျက်ကတ်
ဂျက်ကတ်ဒီဇိုင်းလေးက ရိုးရိုးဂျက်ကတ်တွေလည်း ခန္ဓာကိုယ်အလယ်တည့်တည့်မှာ ကြယ်သီး (သို့) ဇစ်တပ်ထားတာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ဖက်ခြမ်းကို ပိုပိုသာသာယူထားတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ ဒီဇိုင်းဆန်းဆန်းလေး ဝတ်ချင်တယ်ဆိုရင်တော့ ဒါလေး ရွေးချယ်ပါ။
နှစ်ဖက်လှ ဂျက်ကတ်
ဂျက်ကတ်တစ်ထည်တည်းကိုပဲ ပုံစံနှစ်မျိုး ပြောင်းဝတ်ချင်တယ်ဆိုရင်တော့ နှစ်ဖက်လှဂျက်ကတ်က အကောင်းဆုံးပါပဲ။
ခေါင်းစွပ်နှင့် ဇစ်တစ်ဝက်ပါသော ဂျက်ကတ်
လူငယ်ဆန်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပြီး ခေါင်းစွပ်မှာ မျှော့ကြိုးလေး ထည့်ထားတဲ့အတွက်ကြောင့် အတင်းအလျော့ကို လိုသလို ပြုလုပ်နိုင်ပါတယ်။
သင်ရော ဆောင်းတွင်းမှာ ဘယ်လိုဂျက်ကတ်ဖက်ရှင်မျိုးနဲ့ ရှိုးထုတ်လေ့ရှိပါသလဲ။
Source: Thetrendspotter.net
Featured Image: Thetrendspotter.net