Trauma လို့ ခေါ်ကြတဲ့ စိတ်ထိခိုက်မှုတွေက ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဒဏ်ဖြစ်စေနိုင်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့ ဒဏ်ချက်တွေကို ကုစားရာမှာ စိတ်ပိုင်းဆိုင်ရာ နာလန်ထရေးအတွက် နှစ်သိမ့်ဆွေးနွေး အကြံပေးတာ ၊ အနေအထိုင်ပြုပြင်တာ ၊ လူ့အဖွဲ့အစည်းထဲမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်အောင် ဆွဲခေါ်တာတွေအပြင် အစားအသောက်ပိုင်းဆိုင်ရာမှာလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။
အစားအသောက်တွေထဲမှာ ထရော်မာဝင်နေတဲ့ လက္ခဏာတချို့ကို သက်သာအောင် ကူညီပေးနိုင်တဲ့အစားအသောက်တွေ ရှိကြပါတယ်။ ဒီလို အစားအသောက်တွေထဲက တချို့အကြောင်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ

Photo: Unsplash
ထရော်မာကြောင့် ခန္ဓာကိုယ်ဟာ ဖိစီးမှုဖြစ်လာတဲ့အခါ ကျန်းမာရေးအတွက်ကောင်းတဲ့ ဘက်တီးရီးယားပါတဲ့ အချဉ်တည်စာတွေနဲ့ ပဋိဇီဝပါဝင်တဲ့ အစားအသောက်တွေ စားပေးသင့်ပါတယ်။ ဥပမာ- ကင်မ်ချီ ၊ Kumbucha လက်ဖက်ရည် ၊ Miso ပဲအနှစ်လိုမျိုး အချဉ်တည်စာတွေဖြစ်ပါတယ်။ ဒီအစားအသောက်တွေက အူကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေနဲ့ ပြန်ပြီး ဖြည့်တင်းပေးနိုင်လို့ ဖြစ်ပါတယ်။
(၂) ပင်လယ်စာနဲ့ Omega-3s

Photo: Unsplash
ပင်လယ်စာနဲ့ Omega-3s တွေဟာ ဦးနှောက်နဲ့ အူနှစ်မျိုးစလုံးအတွက် ကျန်းမာရေးအကျိုးကျေးဇူး မြင့်မားတဲ့ အစားအသောက်တွေ ဖြစ်လို့ ထရော်မာ Diet ထဲမှာ ထည့်ထားသင့်တယ်လို့ အကြံပြုကြပါတယ်။ Omega-es နဲ့ ငါးအဆီတွေအတွက် ဖြည့်စွက်အစာတွေလည်း ရွေးချယ်နိုင်ပါတယ်။
(၃) အမျှင်ဓါတ်

Photo: Unsplash
အမျှင်ဓါတ်ကို ဟင်းသီးဟင်းရွက်တွေ နဲ့ အသီးအနှံ ၊ အစေ့အဆံတွေ ၊ ပဲအမျိုးမျိုး ၊ အခွံမာသီးနဲ့ အစေ့အဆံတချို့တွေမှာ လည်း တွေ့ရတတ်ပါတယ်။ အမျှင်ဓါတ်ဟာ အနုဇီဝရုပ်ကို အာဟာရပေးနိုင်ပြီး ဦးနှောက်လုပ်ဆောင်ချက် မှန်ကန်စေဖို့ အစာခြေအချက်ပြအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ အစာချေ အချက်ပြအာရုံကြောစနစ်ကို လှုံ့ဆော်ပေးခြင်းအားဖြင့် Parasympathetic အာရုံကြောစနစ်လို့ ခေါ်တဲ့ အနားယူ-အစာခြေတဲ့ သက်ရောက်မှုကို ဟန်ချက်မျှပြီး ငြိမ်သက်စေသလို Sympathetic အာရုံကြောစနစ်လို့ ခေါ်တဲ့ တုံ့ပြန်စနစ်ပေါ်လည်း ထိရောက်မှု ပိုရှိစေပါတယ်။
(၄) ရောင်ရမ်းမှုတိုက်ဖျက်နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ

Photo: Unsplash
ထရော်မာဝင်လာချိန်မှာ ခန္ဓာကိုယ်ဟာ Inflammation လို့ ခေါ်တဲ့ ရောင်ရမ်းနာကျင်မှုကို ခံစားလာရတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နာတာရှည်လို ဖြစ်လာပြီး ပင်ပန်းနွမ်းနယ်တာ ၊ အစာခြေပြဿနာရှိလာတာ ၊ အသားအရေနီရဲယားယံတာ စသည်ဖြင့် လက္ခဏာတွေ ကြုံလာတတ်ပါတယ်။
ဒါကြောင့် ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့ ချင်း (ဂျင်း) ၊ လေးညှင်း ၊ သစ်ကြံ့ပိုး ၊ Rosemary ၊ ပင်စိမ်း စတဲ့ ဆေးဖက်ဝင်ပြီး ဟင်းချက်ရာမှာလည်း ထည့်သုံးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေ Diet မှာ ထည့်စားပေးဖို့ လိုပါတယ်။
Featured Photo: Vox
