ရာသီဥတုလေး အေးတဲ့ ဆောင်းတွင်းလိုကာလမျိုးက ယမကာကြိုက်တတ်တဲ့ ကွီးတို့အဖို့ Drinks ကောင်းကောင်းနဲ့ ငြိမ့်ချင်စရာပါ။ ‘တန်ဆေး’ ဖြစ်ရုံလောက် ကစ်ဖို့ဆို အခုပြောမယ့် ယမကာလေးတွေကို ရွေးချယ်ဖို့ ပြောချင်ပါတယ်။
(၁) Hot Toddy

Photo: Vine Pair
နှာခေါင်းပွင့်ပြီး သွေးတွေ နွေးသွားချင်တယ်ဆိုရင် Hot Toddy လေး သောက်လို့ရပါတယ်။ Hot Toddy မှာက ဘော်ဘွန်းဝီစကီ ၂ အောင်စနဲ့ လက်ဖက်ရည် Tea ပူပူတစ်ခွက်ရောပြီး ပျားရည်တစ်ဇွန်း ၊ သံပရာတစ်ခြမ်းနဲ့ မွှေသောက်ရတာ ဖြစ်ပါတယ်။ သစ်ကြံ့ပိုးခေါက်လေး ထည့်သောက်လေ့ရှိပါတယ်။ တော်ရုံနှာပိတ်တာ ၊ နှာစေးအအေးမိတာလောက်တော့ Hot Toddy တစ်ခွက်နဲ့တင် ပျောက်နိုင်ပါတယ်။
(၂) Tequila

Photo: Vine Pair
ဆောင်းတွင်းမှာ အအေးမိချင်သလို ဖြစ်နေရင် Tequila ကလည်း အသုံးတည့်ပါတယ်။ ဆေးဖြစ်ဝါးဖြစ်အတွက်ဆို Tequila ကို ဆားလေးနည်းနည်းနဲ့ Shot ကစ်နိုင်ပါတယ်။ ကြိုက်တတ်ရင် သံပရာသီးခြမ်းလေးပါ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
(၃) Sangria

Photo: Vine Pair
Sangria လို့ ခေါ်တဲ့ သီးစုံဝိုင်တွေက ဝိုင်နီကို လိမ္မော်ရည်လို Fruit Juice မျိုး သောက်ရတာပါ။ သူကတော့ အပြင်းစားအအေးတစ်မျိုးဖြစ်ပါတယ်။ အထဲမှာ လိမ္မော်သီးခြမ်း ၊ နာနတ်သီး ၊ မက်မွန်သီး ၊ ပန်းသီး ၊ သစ်တော်သီး နဲ့ တရုတ်ဆီးသီး စတဲ့ အသီးတွေပါ ထည့်ထားတာ ဖြစ်လို့ သောက်ရတာ ရီဝေချိုမြပြီး တော်ရုံအဖျားအနာပါ ပျောက်သလို ခံစားရစေမှာ ဖြစ်ပါတယ်။
(၄) ဝီစကီဖြူနဲ့ လိမ္မော်ရည်

Photo: Vine Pair
အပြင်က ကြည့်ရင်တော့ လိမ္မော်သီးဖျော်ရည်ပါ။ တကယ်က White Whiskey နဲ့ လိမ္မော်ရည်ကို စပ်ထားတာ ဖြစ်လို့ ယစ်မူးချိုချဉ်တဲ့ အရသာကို မြည်းစမ်းရမှာ ဖြစ်ပါတယ်။ ဗိုက်တာမင်စီက ကိုယ်ခံအားကို တက်စေပြီး ဝီစကီက ကွီးတို့ရဲ့ သွေးလည်ပတ်မှုကို သွက်လက်မှန်ကန်စေမှာပါ။ ဆောင်းရာသီအတွက်တော့ ရာသီခံဆေးတစ်လက်လို့ ဆိုနိုင်ပါတယ်။
Featured Photo: quench
