အိုမင်းခြင်းဆိုတာက ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒါကို လုံးဝရပ်တန့်ဖို့ နည်းလမ်းမရှိပေမယ့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အရာလေးတွေတော့ ရှိပါတယ်။ အသားအရေကို နည်းလမ်းတကျထိန်းသိမ်းတာက နောင်တချိန်မှာ အကျိုးကျေးဇူးတွေ ခံစားရစေမှာပါ။ အခုပြောပြပေးမှာကတော့ ကွီးတို့ရဲ့ အသားအရေကို ငယ်ရွယ်နုပျိုစေဖို့အတွက် လွယ်လွယ်ကူကူနဲ့ လိုက်လုပ်လိုရမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
(၁) နေရောင်ကာခရင်မ်လိမ်းပါ

Photo : View the VIBE
နေရောင်ခြည်ဟာ အရေပြားအတွင်းကို နက်ရှိင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားအပေါ်ယံလွှာရော အရေပြားအောက်အလွှာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ နေရောင်ကာခရင်မ်လိမ်းတာကတော့ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အိမ်ထဲမှာပဲနေနေ ဒါမှမဟုတ် အပြင်မှာ မိုးအုံ့နေရင်ပဲ ဖြစ်ဖြစ် နေရောင်ကာခရင်မ်က နေ့စဉ် အသားအရေထိန်းသိမ်းမှုရဲ့ လုပ်ရိုးလုပ်စဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သင့်ပါတယ်။
(၂) အစိုဓာတ်ထိန်းပေးပါ

Photo : Gildshire Magazines
ခြောက်သွေ့တဲ့ အရေပြားက ပျော့ပျောင်းမှုနည်းပါးပြီး ပါးလွှာခြင်းနဲ့ စုတ်ပြဲခြင်းတွေကို ပိုဖြစ်စေနိုင်တဲ့အတွက် အရေပြားပေါ်မှာ အရေးအကြောင်းတွေနဲ့ အရေပြားလျော့ရဲတာတွေ ဖြစ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးဖို့ဆိုရင် အသားအရေကိုစနစ်တကျ ရေဓာတ်ထိန်းထားနိုင်ဖို့ အရည်အသွေးကောင်းတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Antiaging Product အများစုမှာ Moisturizing Agents တွေကို ထည့်သွင်းထုတ်လုပ်ထားတာပါ။
(၃) ကျန်းမာတဲ့ စားသောက်မှုပုံစံရှိပါစေ

Photo : The Trent
ကွီးတို့စားတဲ့အစားအစာက အသားအရေကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေပါတယ်။ အာဟာရပြည့်ဝပြီး မျှတတဲ့ အစားအစာတွေကိုရွေးချယ်စားသုံးမယ်ဆိုရင် အသားအရေကိုကျန်းမာစေပြီး နုပျိုနေစေဖို့လိုအပ်တဲ့ အာဟာရဓါတ်ကို ရရှိစေပါတယ်။ အရေပြားအိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင်လုပ်ဖို့ဆိုရင် လက်ဆတ်တဲ့အသီးအရွက်တွေအပြင် ပရိုတိန်းဓါတ်လဲ လိုအပ်ပါတယ်။ လုံလောက်တဲ့ ပရိုတင်းပမာဏရှိတာက ပျက်စီးသွားတဲ့ အရေပြားတစ်သျှူးတွေကို ပြုပြင်ပေးပြီး အရေပြားဇီဝကမ္မလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်တဲ့အတွက် နေ့စဉ်စားမယ့် အစားအသောက်ထဲမှာ ပရိုတိန်းဓါတ်လုံလောက်စွာပါဝင်ဖို့ လိုအပ်ပါတယ်။
(၄) လိုအပ်တဲ့ အရေပြားဆိုင်ရာ ကုသမှုယူပါ

Photo : iStock
အသားအရေကို အရွယ်မတိုင်မီ အိုမင်းမသွားစေဖို့နဲ့ အချိန်ကြာကြာ လန်းဆန်းတောက်ပနေစေဖို့အတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့အရေပြားဆိုင်ရာ ကုသမှုအတွက်ကိုလည်း ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အခုခေတ်မှာဆိုရင် dermatological treatment တွေဖြစ်တဲ့ Botox ထိုးတာ ၊ Filler ထိုးတာနဲ့ အသားအရေကြည်လင်ဝင်းပအောင် လေဆာပစ်တာတွေလည်း လုပ်လာကြပါပြီ။ ဒါ့အပြင် ကောင်းမွန်ကျန်းမာတဲ့အသားအရေ ရဖို့ဆိုရင် လိုအပ်တဲ့ဖြည့်စွက်ဆေးတွေသောက်ဖို့လဲ လိုအပ်ပါတယ်။
Featured Photo : Muscle & Fitness
