အကြောင်းအရင်း မသိရဘဲ လက်တွေ အားနည်းပြီး တုန်ယင်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ များသောအားဖြင့် အရက်ကြောင့်ဖြစ်တတ်သလို အာရုံကြောစနစ်ထိခိုက်မှု ရှိနေတာကြောင့်လည်း လက်တွေ တုန်နေတတ်ပါတယ်။ ဒါပေမယ့် အကြောင်းအရင်းက ဒီလောက်နဲ့တင် မကပါဘူး။ ကွီးတို့ လက်တွေ မကြာခဏ တဆတ်ဆတ် တုန်နေတတ်ရင် ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၁) ကဖိန်း

Black Coffee

Photo: Unsplash

ကော်ဖီအသောက်များသွားရင် ဒါမှမဟုတ်လည်း ကဖိန်းဓါတ်မြင့်တဲ့ အချိုရည်တွေ လွန်လွန်ကဲကဲ သောက်မိရင်လည်း လက်တွေ တုန်နေတတ်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးလို့ ခေါ်တဲ့ FDA အရ တစ်ရက်ကို ကဖိန်း ၄၀၀ မီလီဂရမ် ( ၄ခွက်ကနေ ၅ ခွက်) အထိက လက်ခံနိုင်လောက်တဲ့ ပမာဏလို့ ဆိုပါတယ်။ လိုတာထက်ပိုပြီး ကဖိန်းဓါတ် အသောက်များရင်လည်း ပျို့အန်ချင်လာတာ ၊ ညဘက်အိပ်မပျော်တော့တာ ၊ စိတ်ရှုပ်ထွေးပူပင်နေပြီး နှလုံးခုန်မြန်တတ်ပါတယ်။

(၂) သိုင်းရွိုက်ဇင်းဟော်မုန်းအထုတ်များခြင်း

Couple Clasping Hands

Photo: Unsplash

လည်ပင်းသိုင်းရွိုက်ဂလင်းတွေကနေ Thyroxine ဟော်မုန်းတွေ လွန်လွန်ကဲကဲ ထုတ်လုပ်တဲ့ Hyperthyroidism ကြောင့်လည်း လက်တွေ တုန်နေတတ်ပါတယ်။ ဒီဂလင်းငယ်လေးတွေက လူရဲ့ နှလုံး ၊ အစာချေစနစ် ၊ ဇီဝကမ္မဖြစ်စဉ်နဲ့ တခြား ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ ဆက်စပ်ပြီး နောက်ထပ် ဖြစ်နိုင်တဲ့အချက်တစ်ချက်ကတော့ ကိုယ်သောက်နေတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါ။

(၃) စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်ခြင်း

Stress

Photo: Unsplash

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေကြောင့်လည်း လက်တွေ တုန်ယင်နေနိုင်ပါတယ်။ အိပ်ရေးပျက်တာ များလာရင် စိတ်ဖိစီးပင်ပန်းမှုတွေ ကြုံနေရရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေပြီလို့ သိလာရင် နေ့စဉ် စိတ်ဖိစီးမှု တိုက်ဖျက်ဖို့ တရားထိုင်တာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ အသက်ပြင်းပြင်းရှုသွင်းတဲ့ Deep Breathing လုပ်တာမျိုးတွေနဲ့ကိုယ့်ကိုယ်ကိုယ် ကုစားသင့်ပါတယ်။

(၄) ပါကင်ဆန် ရောဂါ

Patient

Photo: Unsplash

ပါကင်ဆန်လို့ ခေါ်တဲ့ ဦးနှောက်မူမမှန်မှု Disorder ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး လမ်းလျှောက်ဖို့ အခက်အခဲ ရှိသလို စိတ်သွားတိုင်း ကိုယ်မပါလည်း ဖြစ်တတ်ပါတယ်။ ပါကင်ဆန်ရောဂါဝေဒနာကတော့ ဆေးရုံဆေးခန်းတွေမှာ စနစ်တကျကုသမှု ခံယူရမယ့် ရောဂါလည်း ဖြစ်ပါတယ်။

ကျန်တဲ့ အကြောင်းအရင်းတွေထဲမှာ အရက်သောက်ခြင်း ၊ ပြဒါး(မာကျူရီ) မြင့်တဲ့ ငါးစားမိလို့ မာကျူရီအဆိပ်သင့်ခြင်း နဲ့ ကြောက်စိတ်နဲ့ ဒေါသ ၊ ရှက်စိတ်တွေလို Social Anxiety Disorder တွေကြောင့်လည်း လက်တွေ တုန်နေတတ်ပါတယ်။

Featured Photo: oilinmotor