ကွီးတို့မျက်ဝန်းတဝိုက်ရှိအသားအရေသည် နူးညံ့တဲ့အသားအရေ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ အသား အရေက ခြောက်သွေ့သွားတတ်ပါတယ်။ ဒါ့အပြင် ကာဖိန်းဓာတ် အလွန်အကျွံ မှီဝဲခြင်း၊ အိပ်ရေးမဝခြင်း၊ ဖုန်မှုန့်နှင့် အညစ်အကြေးများကြောင့် မျက်ကွင်းညိုပြီး လူကပင်ပန်းနွမ်းနယ်နေပုံ ပေါက်တတ်ပါတယ်။
ဘယ်အချက်တွေက မျက်ကွင်းညိုခြင်းကို ပိုဆိုးစေသလဲ။

စောစောက ဖော်ပြခဲ့တဲ့အချက်များအပြင် ရာသီဥတုအခြေအနေ၊ ရာသီဥတုအကူးအပြောင်း၊ ရေနွေးပူ အသုံးများခြင်း၊ အသက်အရွယ်အိုးမင်းရင့်ရော်လာခြင်း၊ မျက်စိကို အလွန်အကျွံ ပွတ်သပ်ခြင်း၊ ပြင်းထန်းသော ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်ပစ္စည်းများ၊ ဆပ်ပြာများ အသုံးပြုခြင်းတို့သည် မျက်ကွင်းညိုခြင်းကို ပိုဆိုးစေပါတယ်။
အထက်ဖော်ပြပါအချက်များကြောင့် မျက်ကွင်းညိုလာတဲ့အခါ ဘယ်လိုပျောက်ကင်းအောင် လုပ်ဆောင်နိုင်မလဲ။
ရှားစောင်းလက်ပတ်ဂျယ်လ် အသုံးပြုပါ
ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းကို မျက်လုံးတစ်ဝိုက်တွင် ခပ်ဖွဖွလေး ပွတ်ကာ နှိပ်နယ်ပေးလိုက်ပါ။ ခြောက်သွေ့သော နေရာတဝိုက်ကို ပိုမိုဦးစားပေးရပါမယ်။ ထို့နောက် တစ်ညလောက် ထားထားလိုက်ပါ။ မနက်မိုးလင်းလာမှ မျက်နှာသစ်လိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးပါက ရက်အနည်းငယ်ကြာတဲ့အခါ မျက်ကွင်းမညိုတော့တာကို တွေ့မြင်ရပါလိမ့်မယ်။
ဗီတာမင်အီး အဆီ
![]()
ဆေးတောင့်ပုံစံ ဗီတာမင်အီးအတောင့် ၂ တောင့်ခန့် လိုအပ်ပါလိမ့်မယ်။ ဗီတာမင်အီး အဆီများကို မျက်လုံးတစ်ဝိုက်လိမ်းကျံကာ နှိပ်နယ်ပေးလိုက်ပါ။ တစ်ညခန့် ထားထားပြီးနောက် မနက်မိုးလင်းလာမှ မျက်နှာသစ်ပေးလိုက်ပါ။ ညစဉ်ညတိုင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Glycerin

Photo: Spy
Glycerin သည် ကွီးတို့ရဲ့အသားအရေကို ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးထားပါနိုင်ပါတယ်။ ဝါဂွမ်းဖတ်နှစ်ဖတ်ပေါ်တွင် Glycerin နှစ်စက်၊ သုံးစက်ခန့် ချပေးလိုက်ပါ။ ထို့နောက် မျက်ကွင်းညိုနေသောနေရာတဝိုက်တွင် အုပ်ထားပေးလိုက်ပါ။ ၅ မိနစ်လောက်ကြာမှ ဝါဂွမ်းဖတ်လေးကို ဖယ်ရှားလိုက်ပါ။ အသားအရေပေါ်တွင် တင်ကျန်ရစ်နေသော Glycerin များကို ရေနဲ့ မဆေးချပါနဲ့။ မနက်မိုးလင်းမှ ရေနဲ့ ဆေးချပေးလိုက်ပါ။ သူ့ကိုလည်း ညတိုင်း ပြုလုပ်ပေးရပါမယ်။
ထောပတ်သီး

ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့်ကို ခက်ရင်းနဲ့ ချေမွလိုက်ပါ။ ထို့နောက် မျက်လုံးတဝိုက်တွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကပ်ထားပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက Wet Tissue အသုံးပြုပြီး ထောပတ်သီးအဖတ်များကို ဖယ်ရှားပေးလိုက်ပါ။ ထို့နောက် ကြက်သီးနွေး ရေနွေးဖြင့် ဆေးကြောလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း တစ်ရက်လျှင် တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။
Source: Stylecraze.com
Featured Image: Wenmedics

