လူတွေရဲ့စိတ်က ဆန်းပါတယ်။ တချို့လူတွေက ကိုယ့်ကောင်မလေးနဲ့ ကြည်ကြည်နူးနူး တစ်တီတူးပြီး ‘ရို’နေရတာကို မွေ့လျော်တတ်ကြချိန်မှာ တချို့များကျတော့ Romantic ဆန်တာကို မကြိုက်တဲ့ စရိုက်လည်း ရှိတာပါပဲ။ ဒီလို စရိုက်ရှိသူတွေကို Aromantic သမားတွေလို့ ဆိုပါတယ်။
Aromantic သမားတွေဟာ တစ်ယောက်တည်း Single နေရတာ ပိုပျော်တဲ့သူမျိုးပါ။ အဖော်နဲ့ ရင်သိမ့်တုန် ကြည်နူးလှုပ်ခုန်ရတာမျိုး ဝါသနာမပါသူမျိုး ဖြစ်ပါတယ်။ ကွီးတို့ထဲမှာလည်း Aromatic သမားတွေ ပါနိုင်ပါတယ်။ ဟုတ်မဟုတ်ဆိုတာကို တိုက်စစ်နိုင်တဲ့ အချက်လေးတွေလည်း အောက်မှာ မျှဝေပေးလိုက်ပါတယ်။
(၁) စိတ်ကူးယဉ်ချစ်ရတဲ့သူ မရှိဘူး

Photo: Unsplash
ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်လိုက်လို့ တစ်ဖက်သတ် တိတ်တခိုးမြတ်နိုးနေရတဲ့ Crush လေးတောင် မရှိဘူးဆိုရင် သင်က Aromatic သမားဖြစ်နိုင်ပါတယ်။ ဒီလို ပြောလို့ မချစ်တတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရင်လှိုက်သည်းဖို ချစ်ပြီး အချစ်မှာ ကြည်နူးပျော်ဝင်တဲ့သူမျိုး မဟုတ်တဲ့ လက်တွေ့ကျတတ်ခြင်းကို ပြောတာပါ။
(၂) Romantic အချစ်ရေးတွေ စိတ်မဝင်စားဘူး

Photo: Unsplash
ကွီးက Facebook လို လူမှုကွန်ရက်တွေပေါ်မှာ တစ်ယောက်ကိုတစ်ယောက် သည်းသည်းလှုပ်ချစ်ပြတဲ့ စုံတွဲတွေ မြင်ရင် အားမကျတဲ့အပြင် ဟားတိုက်ချင်တဲ့စရိုက်ရှိတဲ့သူမျိုးလား။ ဒါဆိုရင် Aromatic စရိုက်ရှိသူလို့ ပြောနိုင်ပါတယ်။ ချစ်တတ်တယ် ဒါပေမယ့် အထူးသလည်ကြီး ချစ်ကြောင်းကြိုက်ကြောင်း မဖော်ပြတတ်တာမျိုးပါ။
(၃) ကိုယ်တိုင်လည်း Romantic ဖြစ်အောင် မလုပ်တတ်ဘူး

Photo: Unsplash
ရည်းစားထားတယ် ၊ အိမ်ထောင်ပြုတယ် ၊ လိင်ဆက်ဆံတယ်ဆိုတာ လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တစ်ခုလိုပါပဲ။ ဒါကို လူတိုင်း လုပ်ကြတာပါပဲ။ Aromatic သမားတွေမှာလည်း ရည်းစားရှိတယ် ၊ အိမ်ထောင်ပြုမယ် ၊ Sexual ကိစ္စတွေ လုပ်တယ်။ ဒါပေမယ့် သူ့မှာ ရိုမန်းတစ်လုပ်ရပ်တွေ လုပ်ဖို့ စိတ်ကူးမရှိသလို ကောင်မလေးနဲ့ Anniversary အတွက် အမှတ်တရတွေ ဖန်တီးတာ ၊ Surprise တိုက်တာတွေလည်း လုပ်မှာ မဟုတ်ပါဘူး။
(၄) အချစ်ချည်းသက်သက် ခံစားချက်နဲ့လည်း ချစ်တတ်လေ့ရှိတယ်

Photo: Unsplash
Platonic Love နဲ့ ချစ်ဖို့အတွက် Romantic ဖြစ်ဖို့ မဖြစ်မနေ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ တချို့အချစ်တွေက ချစ်နေရုံ သက်သက်ဖြစ်ပြီး ဘယ်တော့မှ ပလူးပလဲနဲ့ ကောင်မလေးသိအောင် ဖော်ပြတာမျိုးလည်း ရှိချင်မှ ရှိနိုင်ပါတယ်။ တချို့လူတွေအဖို့ ဘယ်သူ့ကို ချစ်ချစ် ကိုယ်ချစ်တဲ့အကြောင်းကို တလောကလုံး သိအောင် ကုန်ပစ္စည်းကြော်ငြာသလို လိုက်ကြော်ငြာတတ်ပေမယ့် Aromatic သမားတွေက ဒါမျိုးဆို အရှက်ကြီးတတ်ကြပါတယ်။
ကွီးတို့ထဲမှာလည်း Ro ရတာ မကြိုက်တဲ့သူတွေ ရှိရင် ကိုယ့်ကိုယ်ကိုယ် Aromatic Type လို့ ယူဆနိုင်ပါတယ်။
Featured Photo: New York Post
