ဝက်စ်ဟမ်းနောက်ခံကစားသမား ကတ် ဇူးမားဟာ ၎င်းရဲ့ အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေတဲ့ ဗီဒီယို လူအများမြင်တွေ့ခဲ့ရပြီးနောက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

Photo: Metro
ဇူးမားရဲ့ အစ်ကိုဖြစ်သူ ယိုအန်ရဲ့ Snapchat မှာ တင်ထားတဲ့ အံ့အားသင့်ဖွယ် ဗီဒီယိုဖိုင်ကို The Sun သတင်းဌာနက ရရှိခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုထဲမှာ အသက် ၂၇ နှစ်အရွယ်နောက်ခံကစားသမားဟာ ၎င်းရဲ့အိမ်မွေးကြောင်ကို ကန်ကျောက်၊ ရိုက်နှက်ပြီး အရာဝတ္ထုတွေနဲ့ပစ်ပေါက်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို ဇူးမားရဲ့ ပေါင် ၂ သန်းတန် စံအိမ်ထဲမှာ ရိုက်ကူးထားခဲ့တာလို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ပြင်သစ်နောက်ခံကစားသမားဟာ ၎င်းရဲ့ အပြုအမူအတွက် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ ယုံကြည်ရပါတယ်။

Photo: The Sun
“ကျွန်တော့်ရဲ့ လုပ်ရပ်တွေအတွက် ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ရဲ့ အပြုအမူအတွက် ဆင်ခြေပေးစရာမရှိပါဘူး။ ကျွန်တော် အမှန်တကယ် နောင်တရမိပါတယ်။ ဒီဗီဒီယိုကြောင့် စိတ်ဆိုးခဲ့ရတဲ့ အားလုံးကို ကျွန်တော် ဘယ်လောက်အထိ လေးလေးနက်နက် စိတ်မကောင်းဖြစ်မိလဲဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်က ကြောင် ၂ ကောင်ဟာ လုံးဝ အဆင်ပြေပြီး ကျန်းမာနေတယ်ဆိုတာကို အားလုံးကို အာမခံပါတယ်”
“သူတို့တွေက ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ ချစ်ခင် မြတ်နိုးခြင်းကို ခံရပြီး ကျွန်တော့်ရဲ့ ဒီလို အပြုအမူဟာ သူတို့နဲ့မဆိုင်တဲ့ သီးခြားဖြစ်စဉ်ဖြစ်ပြီး နောက်ထပ်လည်း ဒီလို ထပ်မဖြစ်စေရပါဘူး”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဇူးမားက ရေးသားထားပါတယ်။
Featured Photo: Caughtoffside
