ဆံကေသာအလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်လာလျှင် ကွီးတို့သည် အားနည်းလေ့ရှိကြပါတယ်။ ဘယ်အချိန်မှ ဆံကေသာကို ထိန်းသိမ်းရကောင်းမှန်း သတိထားမိလာသလဲဆိုရင် ဆံပင်တဖြည်းဖြည်း ကျွတ်လာပြီး ထိပ်ပြောင်လာမှသာ သတိထားမိကြတာပါ။
ထိုအချိန်ရောက်ရင်တော့ အနောက်ကျကြီး နောက်ကျသွားပါပြီ။ အချိန်လွန်မှ နောင်တမရရလေအောင် အခုကတည်းက ဆံပင်အလွန်အမင်းကျွတ်စေတဲ့ အပြုအမူများကို ရှောင်ကြဉ်သင့်ပါတယ်။ ဘယ်လိုအပြုအမူအလွဲလေးတွေဖြစ်မလဲဆိုတော့ …
ဆံပင် ပုံမှန်မညှပ်ခြင်း

ဆံကေသာကို သုံးလလျှင် တစ်ကြိမ် ပုံမှန် ညှပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကွီးတို့ရဲ့ဆံကေသာက ကျန်းမာသန်စွမ်းနေမှာပါ။ တကယ်လို့ ကိုယ်က ဆံပင်အရှည်ထားမယ်ဆိုရင်တောင်မှ အဖျားလေးတွေကို တိပေးဖို့လိုအပ်တယ်လို့ ဆံကေသာအလှအပ ကျွမ်းကျင်ပညာရှင်က ပြောကြားထားပါတယ်။
ခေါင်းလျှော်ပြီးနောက် Conditioner မသုံးခြင်း
ခေါင်းလျှော်ပြီးနောက် Conditioner သည် မဖြစ်မနေ အသုံးပြုသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ Conditioner သည် ဆံကေသာများကို နူးညံ့ပျော့ပျောင်းသွားစေပြီး အဆီထုတ်လုပ်မှုကိုလည်း ညီညွှတ်မျှတအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဆံပင်အုံထူသယောင်ဖြစ်အောင် ကူညီပေးပါသေးတယ်။
ရေသောက်နည်းခြင်း

ရေသောက်နည်းခြင်းသည်လည်း ဆံကေသာကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ သင့်ဦးရေပြားက လုံလောက်တဲ့ရေဓာတ်ကို မရရှိတဲ့အခါ အရှည်နှေးပြီး ဆံပင်လည်း ကျွတ်စေပါတယ်။ အခြေအနေဆိုးရွားလာပါက ဆံပင်ရှည်ခြင်း ရပ်တန့်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။
ဓာတုပစ္စည်း ပါဝင်မှုများသော ဆံကေသာထုတ်ကုန်များ အသုံးပြုခြင်း

ကွီးတို့ရဲ့ဦးရေပြားနဲ့ ဆံကေသာအပေါ် ဘာမှမလိမ်းကျံခင်မှာ ထိုဆံပင်ထုတ်ကုန်တွေထဲမှာ ဘယ်လိုပါဝင်ပစ္စည်းတွေ ထည့်ထားသလဲဆိုတာကို အရင်ဆုံးလေ့လာကြည့်သင့်ပါတယ်။ အယ်လ်ကိုဟောနှင့် စီလီကွန်တို့ ပါဝင်တဲ့ ဆံပင်ထုတ်ကုတ်များသည် ဆံကေသာနှင့် ဦးရေပြားကို ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
မကြာခဏ ဆံပင်ဖြီးလွန်းခြင်း

ဒီအချက်သည်လည်း ဆံပင်အလွန်အမင်းကျွတ်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့် ဆံပင်အလွန်အမင်း မဖြီးပါနဲ့။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (သို့) အပြင်သွားခါနီး တစ်ကြိမ်လောက် ဖြီးရုံနဲ့ လုံလောက်ပါပြီ။
ဆံပင်ခြောက်အောင် မသုတ်ဘဲ အိပ်ခြင်း

Photo: Themanual
ခေါင်းလျှော်ပြီးနောက် ဆံပင်ကို ခြောက်အောင်မသုတ်ဘဲ အိပ်ခြင်းသည် ဆံကေသာကို ပျက်စီးစေပြီး ဆံပင်အားနည်းသွားစေပါတယ်။ ဆံပင်သည် စိုထိုင်းမှု အချိန်ကြာလာသည်နှင့်အမျှ ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားလာမှာဖြစ်ပြီး ကြာလာတဲ့အခါ ဗောက်ထတတ်ပါတယ်။
ပရိုတင်းစားသုံးမှု နည်းခြင်း

ကွီးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးရေပြားက လုံလောက်တဲ့ ပရိုတင်းဓာတ်ကိုရရှိခြင်းသည် ဆံကေသာကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။ ပရိုတင်းဓာတ် ရရှိပါက ဆံပင်သန်ခြင်း၊ ဆံကေသာနူးညံ့တောက်ပြောင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိစေပါတယ်။
Source: Brightside.me
Featured Image: Max3.com.au

