လိင်မှုကိစ္စဆိုတာ နှစ်ကိုယ်တူသာယာရုံတင် မဟုတ်ပါဘူး။ မျိုးဆက်ပွားမှုဆိုင်ရာ ဇီဝလုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် လိင်မှုဗေဒအပေါ် သိနားလည်မှုအဆင့်မြင့်ခြင်းဟာ ကျန်းမာရွှင်လန်းပြီး ကောင်းမွန်တိုးတက်တဲ့မျိုးဆက်ဆိုင်ရာ တာဝန်တစ်ခုကို ရွက်ဆောင်တာလည်း ဖြစ်ပါတယ်။
ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် Sex ကိစ္စမှာ မပွင့်လင်းရဲတာတွေ ရှိနေဆဲပါပဲ။ ယောကျာ်းသားတွေရဲ့ လိင်မှုကိစ္စစိုးရိမ်ချက်တွေကလည်း စိတ်ဝင်စားစရာပါပဲ။ ဒါဟာ အမျိုးသားထု အများစု ကြုံနေရတဲ့ ပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို စိုးရိမ်ကြတဲ့အချက်တွေကို ပြန်ချုံ့ကြည့်လိုက်ရင် အခုပြောမယ့်အချက်တွေ ထွက်လာနိုင်ပါတယ်။
(၁) သူမ ‘ကျေနပ်’အောင် မလုပ်နိုင်မှာ
Photo: Unsplash
ယောကျာ်းတွေ အမြဲတမ်း တထိတ်ထိတ်ဖြစ်တတ်တဲ့ စိုးရိမ်စိတ်တစ်ခုက သူ့ကောင်မလေးကို အိပ်ရာပေါ်မှာ စိတ်ချမ်းသာအောင် မထားနိုင်မှာကိုပဲ ဖြစ်ပါတယ်။ စားဝတ်နေရေးအရ ပြည့်ပြည့်စုံစုံနဲ့ စိတ်ချမ်းသာအောင် ထားချင်မှ ထားပါမယ်။ ဒါပေမယ့်လည်း အမျိုးသားတွေဟာ သူတို့ဇနီးမယားတွေနဲ့ ချစ်ခန်းဖွင့်ချိန်မှာတော့ ကျေနပ်မှုမဖြစ်မှာကို စိုးရိမ်တတ်လေ့ရှိပါတယ်။
(၂) အချိန်မတိုင်ခင် သုတ်လွှတ်မှာ
Photo: Unsplash
သုတ်လွှတ်စောမှာကို ယောကျာ်းလေးတိုင်းလိုလို စိုးရိမ်တတ်ကြပါတယ်။ အိပ်ရာပေါ် ကြာကြာရုန်းနိုင်တာဟာ ယောကျာ်းပီသမှုစံတစ်ခုလို တရားမဝင်ခံယူထားကြတာ မဟုတ်လား။ ဒီလို ဖြစ်ရတာ Porn ကားတွေရဲ့ လက်ချက်လည်း မကင်းပါဘူး။ သုတ်လွှတ်စောတာ ၊ ကြာကြာမလှုပ်ရှားနိုင်တာဟာ ယောကျာ်းတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ နည်းစေတဲ့ကိစ္စ ဖြစ်ပါတယ်။
(၃) ဗိုက်ကြီးသွားမှာ
Photo: Unsplash
သမီးရည်းစားတွေ ဘာအကာအကွယ်မှ မပါဘဲ အတူနေပြီးရင် နှစ်ယောက်လုံးစိတ်ထဲ ဝင်လာတာက ‘ဟာ ဗိုက်များကြီးသွားမလား။ အထဲများ ရောက်သွားသလား’ပေါ့။ လင်ရယ်မယားရယ် အတူနေတာတောင် ကိုယ်ဝန်မလိုချင်သေးချိန်မှာ ကလေးရသွားမှာ စိုးရိမ်တတ်တာပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရချင်ရင် အစကတည်းက ကွန်ဒုံးသုံးဖို့ ပြောချင်ပါတယ်။
(၄) Porn ကားထဲကလို မစွမ်းဆောင်နိုင်မှာ
Photo: Unsplash
ကွီးတို့ ကြည့်နေတဲ့ Porn ကားတွေက အစစ်အမှန်တွေချည်း မဟုတ်ပါဘူး။ အရာအားလုံးကို သေချာ Settings ချထားပြီး Erotic ဖြစ်အောင် ရိုက်ထားတာ ဖြစ်ပါတယ်။ သွေးတွေ တပွက်ပွက်ဆူလာပြီး ကိုယ့်ကိုယ်ကိုယ် စူပါမန်းကြီးလို ကောင်မလေးတွေကို မှန်းလို့ရအောင် Porn ကားတွေက လှုံ့ဆော်လိုက်တာပါ။
Porn ကားထဲက ဆိုဒ်တွေ ၊ သိုင်းကွက်တွေနဲ့ ဇာတ်လမ်းပုံစံတွေက အပြင်လောကမှာ မရှိပါဘူး။ Porn ကားတွေ သိပ်စွဲလမ်းတဲ့အခါ ကိုယ့်မှာရှိတဲ့ ဆိုဒ်နဲ့ မကျေနပ်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိုင်းမတတ်သလို ထင်လာနိုင်တယ်။ ကိုယ်ကြုံနေတဲ့ဘဝက Porn ကားထဲက ဇာတ်လမ်းတွေလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ် Porn Site တွေထဲ ဝင်ကြည့်ပြီး စိတ်ကူးသိပ်မယဉ်ဖို့နဲ့ အရှိအတိုင်း လက်ခံပြီး ကိုယ့်ပင်ကိုယ်သရုပ်မှန်ကို လက်ခံဖို့သာ ပြောချင်ပါတယ်။
Featured Photo: herway