လျှပ်စစ်စကူတာတွေက မြို့တွင်းဟိုနားဒီနား နီးနီးနားနား သွားမယ်ဆို သိပ်ကို အဆင်ပြေတဲ့ ခေတ်ပေါ် EV ယာဉ်တစ်မျိုးပါပဲ။ မြို့ကြီးပြကြီးတွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်တဲ့အတွက် အတော်များများက စကူတာစီးရင်း ရုံးတက်လာကြတာတွေ ရှိပါတယ်။

စကူတာအစီးများတဲ့ နိုင်ငံတွေမှာတော့ ယာဉ်အန္တရာယ်တွေ ရှိတတ်လို့ စကူတာကို အကာအကွယ် Protective Equipment မရှိဘဲ မဝတ်ဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် စကူတာစီးရာမှာ ကြည့်ကောင်းဖို့အပြင် လုံခြုံဖို့ပါ အကာအကွယ်ဖြစ်ဖို့ စဉ်းစားရတော့မှာပါ။

(၁) လက်အိတ်ဝတ်ပါ

electric Scooter with glove

Photo: raine

စကူတာစီးရာမှာ အရိုးရှင်းဆုံးနဲ့ အပေါ့ပါးဆုံး Outfit တစ်ခုက လက်အိတ်ပါပဲ။ လက်အိတ်တွေက စကူတာစီးရင်း မချော်အောင် ၊ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးရုံတင်မဟုတ်ဘဲ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ပါ အသုံးဝင်ပါတယ်။ စကူတာနဲ့ လမ်းပေါ်ထွက်ချိန်မှာ ဖုန်နဲ့ အညစ်အကြေးတွေဟာ စကူတာ လက်ကိုင်တန်း Handlebars မှာ ကပ်ညှိနေတတ်လို့ လက်ဖဝါးတွေ ညစ်ပတ်ယားယံနိုင်တာပါ ထည့်စဉ်းစားရမှာပါ။

အနည်းဆုံးတော့ လက်အိတ်ဝတ်ထားခြင်းအားဖြင့် လက်ညစ်ပတ်မှာလည်း မစိုးရိမ်ရသလို Hand Grip မမြဲတဲ့ပြဿနာမျိုးလည်း ရှောင်ရှားပြီး ဖြစ်မှာပါ။ လက်အိတ်ကတော့ အလွယ်လေး ချွတ်သိမ်းထားရနိုင်တာကြောင့် မဝတ်ချင်ရင်လည်း ချွတ်ထားလို့ ရပါတယ်။

(၂) စတိုင်ကျတဲ့ Accessory လေးတွေ ဆောင်ပါ

ride-safe-proper-use-of-an-electric-scooter-riding-fast

Photo: scootersdirect

နောက်ထပ် လူတစ်ယောက်ကို အကာအကွယ်ပေးနိုင်တဲ့ Accessory တစ်ခုက မျက်မှန်ပါပဲ။ မျက်မှန်က မျက်လုံးလေတိုးတဲ့ဒဏ်ကို သက်သာစေသလို နေပူထဲ သွားချိန်မှာလည်း မျက်စိကို နေဒဏ်မခံအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက မျက်မှန်က လူတစ်ယောက်ရဲ့ မျက်နှာကို အချိုးကျပြီး ကြည့်ကောင်းစေနိုင်ပါတယ်။

(၃) အဝတ်အစား အရွေးမှန်ပါစေ

riding electric Scooter

Photo: psymbolic

စကူတာစီးတာက ယူနီဖောင်းမလိုပါဘူး။ ရုံးတက် Office Suit နဲ့လည်း သွားနိုင်သလို တီရှပ် ၊ ဘောင်းဘီတိုနဲ့လည်း စီးလို့ရပါတယ်။ ဒါပေမယ့်လည်း Stylish ဖြစ်ချင်ရင် သက်တောင့်သက်သာရှိပြီး လိုက်ဖက်တဲ့အဝတ်အစားတွေ ဝတ်ဖို့တော့ လိုပါတယ်။

အဝတ်အစားအနေနဲ့ လှုပ်ရရှားရလွယ်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုး ဖြစ်ဖို့ လိုပါတယ်။ ဖိနပ်အနေနဲ့ ပြားပြီး ပါးလွှာတဲ့ အောက်ခံ Sole ပါတဲ့ Shoe မျိုး စီးရမှာ ဖြစ်ပါတယ်။ Sole သား ကောင်းပြီး အပွန်းအစင်းဒဏ်ခံနိုင်တဲ့ High-Quality Material သားနဲ့ ထုတ်ထားရင် ရပါတယ်။

ဘောင်းဘီတိုဖြစ်ဖြစ် ဘောင်းဘီရှည်ဖြစ်ဖြစ် Straight Leg Fitting ဖြစ်တဲ့ ဒီဇိုင်းကို ရွေးသင့်ပါတယ်။ Skinny Fit ထက်စာရင် Regular Fit နဲ့ Loose-Fit ဖြစ်တာမျိုးလည်း ဝတ်နိုင်ပါတယ်။ တီရှပ်ဝတ်မယ်ဆိုရင် ချွေးစိုဒဏ်ခံနိုင်တဲ့ ချည်သားမျိုးကို ရွေးချယ်နိုင်ပါတယ်။ Stylish ပိုဖြစ်ချင်ရင်တော့ စတိုင်မိတဲ့ Cap ဦးထုပ်လေး ဆောင်းသွားဖို့ ပြောချင်ပါတယ်။

Featured Photo: tektrendy