ဘောလုံးပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ထူးဆန်းတဲ့ အင်စတာဂရမ် Live ကြောင့် စိတ်ရှုပ်ထွေးခဲ့ကြပြီး ရီယို ဖာဒီနန်ကတောင် နားမလည်နိုင်ဘဲ မှတ်ချက်ပေးခဲ့ပါတယ်။

Photo: Daily Star
ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညက ၎င်းရဲ့ သီးသန့်ချွေးထုတ်ခန်းထဲမှာ ချွေးထုတ်နေတာကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအားလုံးကို Live လွှင့်ပြီး ပြသခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ကင်မရာကို ကြည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ နေနေတာကို ကြည့်ရှုခဲ့တဲ့ ပရိသတ်ပေါင်း ၇ သိန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုက လူတွေကို ၎င်းရဲ့နောက်က ပန်းခြံကိုလည်း ပြသခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ရီယို ဖာဒီနန်က ပေါ်တူဂီကြယ်ပွင့်ရဲ့ Live ဗီဒီယိုကြောင့် စိတ်ရှုပ်ထွေးခဲ့တာဖြစ်ပါတယ်။ “ဘာတွေလုပ်နေတာလဲ ဘရို”လို့ ဖာဒီနန်က ရယ်မောနေတဲ့ ရုပ်ပုံ ၃ ခုနဲ့အတူ မှတ်ချက်ဝင်ပေးခဲ့တာဖြစ်ပါတယ်။

Photo: Sportbible
“ရော်နယ်လ်ဒိုက အင်စတာဂရမ်ကို ဘယ်လိုသုံးရမလဲဆိုတာတောင် မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး ပရိသတ် သန်း ၄၀၀ ရှိနေတာလဲ”လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးက “သူက စက်ရုပ်ဆိုတာ ကျွန်တော် ယုံသွားပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ မကြာသေးမီက အင်စတာဂရမ်မှာ ပရိသတ်ဦးရေ သန်း ၄၀၀ ပြည့်မြောက်တဲ့ ပထမဆုံး လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သူဖြစ်ပြီး ၎င်းရဲ့အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ကိုင်လီ ဂျန်နာက ပရိသတ်စုစုပေါင်း ၃၀၉ သန်း ပိုင်ဆိုင်ထားတာစြဖ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ အင်စတာဂရမ်ပရိသတ်ဦးရေဟာ ပြီးခဲ့တဲ့ ၅ လအတွင်း ၁၆၃ သန်းအထိ မယုံနိုင်ဖွယ်မြင့်တက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အင်စတာဂရမ်ကနေ ဘယ်လောက်အထိ ဝင်ငွေရရှိနိုင်တယ်ဆိုတာကို ထုတ်ဖော်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

Photo: Ladbible
လောင်းကြေးကျွမ်းကျင်သူ OLGB ရဲ့ ပြောကြားချက်အရ ဘလွန်ဒေါ ၅ ဆုရှင်ဟာ စပွန်ဆာနဲ့ တင်တဲ့ ပို့စ်တစ်ခုကို ပေါင် ၁.၇၂ သန်းအထိ ရရှိနိုင်တယ်လို့ သိရပြီး အဲဒီပမာဏဟာ အိုးထရက်ဖို့ဒ်မှာ ပင်ပင်ပန်းပန်းနဲ့ တစ်ပတ်လုံး လုပ်မှရတဲ့ လုပ်ခလစာ ပေါင် ၄၈၀၀၀၀ ရဲ့ ၃ ဆကျော် ရှိနေတာဖြစ်ပါတယ်။
Featured Photo: Sportbible
