ကွီးတို့ ကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ စဉ်းစားနေပြီလား။ ကမ်းခြေခရီးသွားကြပြီဆိုရင် သောက်စရာအဖျော် ယမကာလေးတွေတော့ မပါမဖြစ်ယူသွား တက်ကြပါတယ်။ ကွီးတို့အနေနဲ့ ဘယ်လိုသောက်စရာ အဖျော်ယမကာလေးတွေ ယူသွားရမလဲဆိုတာ ခေါင်းစားနေရပြီဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် ဖြစ်ပါတယ်။ ဘယ်လိုသောက်စရာတွေက ကမ်းခြေနဲ့ အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) Beer

Photo : dlmag
ကမ်းခြေနဲ့အလိုက်ဖက်ဆုံး အဖျော်ယမကာကတော့ Beer ပါပဲ။ ပေါ့ပေါ့ပါးပါးလေးပဲ သောက်ချင်တဲ့ ကွီးတို့အတွက်လည်း ဘီယာကအသင့်တော်ဆုံး ဖြစ်စေမှာပါ။ ဘီယာအေးအေးလေးတစ်ပုလင်းနဲ့ ပင်လယ်ကြီးရဲ့ ညနေခင်းနေဝင်ဆည်းဆာအလှကတော့ ပြီးပြည့်စုံတဲ့ တွဲဖက်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၂) Tequila

Photo : Voyage Vixens
ကမ်းခြေသွားကြပြီဆိုရင် အများစုယူသွားကြတဲ့ အဖျော်ယမကာတစ်ခုက Tequila ပဲ ဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး သောက်လို့အကောင်းဆုံး အဖျော်ယမကာတစ်မျိုးပါ။ Tequila သောက်မယ်ဆိုရင် ရေခဲပုံးလေးတစ်ပုံးနဲ့ သံပုရာသီး ၊ ဆား အနည်းငယ်တို့ ယူသွားဖို့လည်း မမေ့ပါနဲ့ဗျ။
(၃) Wine

Photo : Bright Cellars
အပြင်းမသောက်ချင်တဲ့ ကွီးတို့ရော မိန်းကလေးတွေအတွက်ပါ သင့်တော်တဲ့ သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ ဝိုင်နီနဲ့ ပင်လယ်စာဆိုတာလည်း တွဲဖက်စားလို့ အရမ်းကိုလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ဒါကြောင့် ကမ်းခြေသွားပြီဆိုရင် ဝိုင်ကောင်းကောင်းတစ်လုံးက မပါမဖြစ်သယ်သွားသင့်တဲ့ သောက်စရာတစ်မျိုးပါ။
(၄) Rum

Photo : Delish
Rum ကတော့ Cocktail ပဲဖျော်သောက်မလား သူ့အတိုင်းပဲ သောက်မလား အဆင်ပြေတဲ့ ကမ်းခြေနဲ့ အလိုက်ဖက်ဆုံးအဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဈေးလည်းအရမ်းမကြီးတဲ့အတွက် budget နဲ့ကိုက်ပြီးဝယ်ချင်တဲ့ ကွီးတို့အတွက်လည်း အဆင်ပြေဆုံး ဖြစ်ပါတယ်။ ပင်လယ်စာအကင်တော်တော်များများနဲ့လည်းလိုက်ဖက်တဲ့အတွက် ကွီးတို့ ကမ်းခြေခရီးထွက်မယ်ဆိုရင် Rum တစ်လုံးသာ ဝယ်သွားလိုက်ပါ။
Featured Photo : ABC
