တက်တူးများသည် အသားပေါ်တွင် ရေးထိုးထားတဲ့ အနုပညာတစ်ခုဖြစ်ပြီး တစ်ခါထိုးပြီးပါကလည်း ထပ်ခါထပ်ခါထိုးချင်လာအောင် လှုံ့ဆော်ပေးတဲ့အနုပညာတစ်ခုပဲဖြစ်ပါတယ်။
ယခုခေတ်မှာ အရင်ကလို တက်တူးတစ်ခုထိုးပြီးပါက ပြန်ဖျက်လို့မရတော့တဲ့ခေတ်မဟုတ်တော့ပေမယ့် ထိုးပြီးသားတက်တူးကို ပြန်ဖျက်ရတာကလည်း အသားနာစေတာကြောင့် တက်တူးမထိုးခင်ကတည်းက သေချာစဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်။
တက်တူးတစ်ခုချင်းစီတွင် ပြီးပြည့်စုံသော အနက်အဓိပ္ပာယ်အမျိုးမျိုးရှိကြပြီး အချို့တက်တူးများကတော့ အဓိပ္ပာယ်ဖော်ရလွယ်ကူပါတယ်။ အချို့တက်တူးများကတော့ သေသေချာချာစူးစိုက်ကြည့်မှသာလျှင် အဓိပ္ပာယ်ပေါ်တာမျိုးပါ။
သင့်အနေနဲ့ ကိုယ့်ရဲ့တက်တူးကို လူအများအဓိပ္ပာယ်မဖော်နိုင်တဲ့ပုံစံမျိုး ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ထူးဆန်းတဲ့တက်တူးဒီဇိုင်းမျိုးကို ရေးထိုးသင့်ပါတယ်။
လှပတဲ့ မျက်ဝန်းတစ်စုံလား၊ ကြောက်စရာကောင်းတဲ့ မျက်ဝန်းတစ်စုံလား ခွဲခြားမရနိုင်တဲ့တက်တူး
နံရိုးပေါ်တွင် ရေးထိုးထားတဲ့ နှလုံးပုံ ရုပ်ကြွတက်တူး
အရိုးခေါင်းထဲရှိ လူသားများ
လက်ဖမိုးပေါ်မှာ ရေးထိုးထားတဲ့ ကျောက်ဆူးပုံတက်တူး
ကျောပြင်ပေါ်မှာ ရေးထိုးနိုင်တဲ့ ဝက်ဝံပုံတက်တူး
နှုတ်ခမ်းမွှေးပေါက်နေတဲ့ အရိုးခေါင်းနှင့် ရေလှိုင်းပုံတက်တူး
စစ်ဝတ်တန်ဆာများ ဝတ်ဆင်ထားတဲ့ စစ်တုရင်အရုပ်
ရင်အုပ်ပေါ်မှာ ရေးထိုးထားတဲ့ ပုံဖော်ရခက်သော တက်တူး
ကြံ့တစ်ပိုင်း ဝက်တစ်ပိုင်း ထူးဆန်းသော တိရစ္ဆာန်တက်တူး
အရောင်မတူသော သမင်ပုံတက်တူး
အမိုက်စား အရိုးခေါင်းပုံတက်တူး
နှလုံးသားကို ဖွင့်မယ့်သော့
ခုန်ပျံကျော်လွှားနေသော ဝံပုလွေတက်တူး
ထူးဆန်းသောမျက်နှာနှင့် လူသား
လက်မောင်းပေါ်တွင် ရေးထိုးထားတဲ့ အရိုးခေါင်းတက်တူး
တက်တူးများသည် တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ အဓိပ္ပာယ်ဖော်နိုင်မှာ မဟုတ်တဲ့အထိ ထူးခြားပါတယ်။ ကွီးတို့အနေန မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးခြားအဓိပ္ပာယ်များနဲ့ ပြည့်နှက်နေတဲ့တက်တူးမျိုးကိုမှ ထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းတွေက အသင့်တော်ဆုံးပါပဲ။
Source: Nextluxury.com