လူတိုင်းသည် အချိန်ဆွဲတတ်ကြပါတယ်။ အချို့ဆိုလျှင် အချိန်ဆွဲတဲ့နေရာမှာ ဂုရုကြီးတစ်ပါးလားလို့တောင် အောက်မေ့ရတဲ့အထိ ကျွမ်းကျင်ကြပါတယ်။ ကွီးတို့ရော အချိန်ဆွဲတတ်တဲ့ အကျင့်ရှိကြပါသလား။

အချိန်ဆွဲခြင်းသည် ကောင်းကျိုးကိုလည်း ပေးစွမ်းနိုင်တယ်လို့ ပြောရင် အံ့သြသွားမလား။

ဟုတ်ပါတယ်။ အချိန်ဆွဲခြင်းသည် ဆိုးကျိုးရော ကောင်းကျိုးကိုပါ ပေးစွမ်းပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရမလဲဆိုတော့…

ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာကို သိအောင် ကူညီပေးတယ်

Good and Bad Things About Procrastination

အချိန်ဆွဲတဲ့အခါ ကိုယ် ဘယ်အရာကို အရင်ဆုံးလုပ်ရမလဲဆိုတာကို ခေါင်းထဲမှာ တစ်ခုချင်းစီ စီထားနေတာဖြစ်ပါတယ်။ အရေးမကြီးဆုံးအရာကို နောက်ဆုံးမှ လုပ်လို့ရပြီး အရေးအကြီးဆုံး နံပါတ် ၁ ဦးစားပေးကိုတော့ အရင်ဆုံး လုပ်တတ်စေပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကောင်းအောင် ကူညီပေးတယ်

Good and Bad Things About Procrastination

နောက်ဆုံးအချိန်ကျမှ ကောက်လုပ်တတ်တဲ့ ကွီးတို့သည် ဉာဏ်ပိုကောင်းကြပြီး တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းတယ်ဆိုတာကို လက်ခံပါသလား။ ဟုတ်ပါတယ်။ အချိန်ဆွဲခြင်းသည် တီထွင်ဖန်တီးနိုင်စွမ်း ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ များသောအားဖြင့် ဉာဏ် ပိုကောင်းတဲ့ ကွီးတို့သည် ပိုပြီးအချိန်ဆွဲလေ့ရှိကြပါတယ်။

ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိအောင် ကူညီပေးတယ်

Good and Bad Things About Procrastination

မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုပြဿနာမျိုး ကြုံတွေ့ရနေပါစေ အချိန်ဆွဲတတ်သူတွေသည် အလွယ်လေး ဖြေရှင်းနိုင်ကြပါတယ်။ ဒါသည် သူတို့ရဲ့ Problem Solving Skills သည် ဘယ်လောက်ထိ ကောင်းသလဲဆိုတာကို အချိန်ဆွဲခြင်းအလေ့အကျင့်က ကူညီပေးတာပဲဖြစ်ပါတယ်။

အချိန်ဆွဲခြင်းရဲ့ကောင်းကျိုးတွေကို သိသွားပြီဆိုတော့ အချိန်ဆွဲခြင်းရဲ့ ဆိုးကျိုးဘက်ကို လှည့်လိုက်ရအောင်။

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်စေခြင်း

Good and Bad Things About Procrastination

မိမိရဲ့သိစိတ်က အချိန်ဆွဲနေချင်ပေမယ့် ကိုယ့်ရဲ့မသိစိတ်ကတော့ အချိန်ဆွဲခြင်းသည် မကောင်းဘူးဆိုတဲ့စိတ်ကြီး ဝင်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရပြီး နောက်ဆုံးမှာ မိမိကိုယ်ကိုယ် မိမိ အားမလိုအားမရဖြစ်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုများခြင်း

Good and Bad Things About Procrastination

အချိန်ဆွဲတတ်သူ တော်တော်များများသည် စိတ်ဖိစီးမှုကို ခံစားရတတ်ကြပါတယ်။ ကိုယ် လုပ်ရမယ့်အလုပ်ကို စောလျင်စွာ မပြီးစီးခြင်းကြောင့် ထိုစိတ်ကပဲ ကိုယ့်ကို စိတ်ဖိစီးသွားစေတာပါ။ ကိုယ် လုပ်ဆောင်ရမယ့် အရာကို စောစောစီးစီး ပြီးထားတဲ့အခါ စိုးရိမ်စိတ် အလျဉ်းမရှိဘဲ စိတ်ချလက်ချ အနားယူနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်း

Good and Bad Things About Procrastination

လူသားများ ဘာ့ကြောင့် အချိန်ဆွဲတတ်ကြပါသလဲ။ ကိုယ် လုပ်လိုက်လို့ အမှားတစ်ခုခု ပါသွားမှာကို ကြောက်ရွံ့ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိခြင်းတို့ကြောင့် အချိန်ဆွဲတတ်လာကြတာပါ။ ကြာလာတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းများ မှေးမှိန်လာမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းလာတတ်ပါတယ်။

အောင်မြင်မှုကို လိုလားတဲ့ ကွီးတို့အနေနဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့အခါ အချိန်ဆွဲသင့်သလား၊ မဆွဲသင့်ဘူးလားဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်။

Source: Psychcentral.com

Featured Image: Consumer HealthDay