ကွီးတို့ နေ့ရက်တော်တော်များများကို ပျင်းပျင်းရိရိနဲ့ပဲ ဖြတ်သန်းနေမိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့လိုနေပါပြီ။ ပျင်းရိတယ်ဆိုတာ တစ်ခုခုလုပ်ဖို့ကို စိတ်အားထက်သန်မှုမရှိတာမျိုးပါ။ များပြားလှတဲ့ လုပ်စရာတွေနဲ့ အစီအစဉ်တွေ ပြည့်နေတာတောင် ကွီးတို့အနေနဲ့ စလုပ်ဖို့ခက်ခဲနေတယ်ဆိုရင် ဒီအချက်လေးတွေလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ကိုယ့်ရဲ့  goals တွေကို ပြန်ကြည့်ပါ

Make your goals manageable
Photo : Huzzul

လက်တွေ့မကျတဲ့ ပန်းတိုင်တွေ သတ်မှတ်တာနဲ့ ခံယူချက်အလွန်အကျွံထားတာက ကွီးတို့ကို ပင်ပန်းနွမ်းနယ်စေပါလိမ့်မယ်။ ကိုယ်သွားချင်တဲ့ goal တစ်ခုကိုရောက်ဖို့ ကြိုးစားတဲ့အခါ စိတ်ရှုပ်ထွေးမှုမရှိဘဲနဲ့ လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်စေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်အသေးလေးတွေချမှတ်တာက ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းကို ရှောင်ပြီးသား ဖြစ်ပါလိမ့်မယ်။

(၂) Perfectionist ဖြစ်ဖို့ မမျှော်လင်ပါနဲ့

Don’t expect yourself to be perfect

Photo : Designerd

တကယ်လို့ကွီးတို့ဟာ ကိုယ့်ကိုယ်ကို ပြီးပြည့်စုံဖို့မျှော်လင့်နေတယ်ဆိုရင် ချက်ချင်းရပ်လိုက်ပါလို့ ပြောချင်ပါတယ်။ Perfectionism လို့ခေါ်တဲ့ ပြီးပြည့်စုံချင်တဲ့ စိတ်ဖြစ်ချင်တာလာတဲ့အခါ ကွီးတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးခေါ်ပိုင်းကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဒီနေ့ခေတ်မှာ လူငယ်တွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်၊ လက်တွေ့မကျတဲ့ မျှော်မှန်းချက်တွေနဲ့ မိဘတွေရဲ့သူတို့အပေါ်သားသမီးတွေရဲ့ စိုးရိမ်စိတ်တွေကို ပိုမိုကြုံတွေ့နေရပါတယ်။ ပြီးပြည့်စုံတဲ့ဝါဒ ခေတ်စားလာတာက လူအများအနေနဲ့ မိမိကိုယ်ကိုသာမက အခြားသူများကိုပါ အလွန်အမင်းဝေဖန်မိစေပါတယ်။ ဒါက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်သောကကို ပိုဖြစ်စေပါတယ်။

(၃) ကိုယ့်ကိုယ်ကို အပြုသဘောဆောင်တဲ့ စကားပြောပါ

Use positive instead of negative self-talk
Photo : Healthline

အပျက်သဘောဆောင်တဲ့စကားတွေနဲ့ ကိုယ့်ကိုယ်ကို တစ်ချိန်လုံးဝေဖန်ပြောဆိုနေမိတယ်ဆိုရင် အခုချက်ချင်းရပ်တန့်ပြီး တခြားအပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ အစားထိုးလိုက်ပါ။ ငါကမတော်ဘူး၊ အသုံးမကျဘူး၊ မပြည့်စုံဘူးစတဲ့စကားလုံးတွေပဲပြောနေမယ့်အစား ငါလုပ်နိုင်တယ်၊ ငါကြိုးစားနိုင်တယ်၊ ငါအောင်မြင်နိုင်တယ် ဆိုတဲ့အပြုသဘောဆောင်တဲ့စကားလုံးတွေ ပြောပေးပါ။ ပြီးရင်တော့လုပ်စရာရှိတာကို ချက်ချင်းထလုပ်ဖို့အကြံပေးချင်ပါတယ်။

(၄) လက်တွေ့လုပ်ဆောင်ဖို့ အစီအစဉ်တစ်ခုဖန်တီးပါ

Create a plan of action
Photo : YMCA of Greater Seattle

ကွီးတို့ရဲ့ goal တစ်ခုကို ဘယ်လိုပြီးမြောက်အောင်လုပ်မလဲလို့ စီစဉ်တာက အဲ့ဒီ goal ကို အမြန်ရောက်နိုင်ဖို့ ပိုလွယ်ကူစေပါတယ်။ ကိုယ့်ရည်မှန်းချက်ပြည့်ဖို့နဲ့ လက်တွေ့လုပ်ဆောင်ချက် အစီအစဉ်တစ်ခုဖန်တီးဖို့အတွက် အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ အခြားဘယ်လိုအချက်တွေ လုပ်ဖို့လိုအပ်တယ်ဆိုတာ တိတိကျကျချရေးထားပါ။ ဒါက ကွီးတို့ပန်းတိုင်ကိုသွားနေတဲ့ လမ်းတစ်လျှောက်မှာ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့ရရင်တောင်မှ အကူညီဖြစ်စေနိုင်တဲ့ စိတ်ခွန်အားနဲ့ ယုံကြည်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။

Featured Photo : Medium