သင့်ရဲ့ရည်မှန်းချက်၊ အိပ်မက်နဲ့ အောင်မြင်မှုတို့အတွက် ဘယ်လောက်ထိ စွန့်လွှတ်နိုင်ပါသလဲ။ အောင်မြင်မှုကို ဆွတ်ခူးရရှိဖို့ဆိုရင် ရင်းနှီးမြှုပ်နှံရမယ့်အရာများ၊ စွန့်လွှတ်ရမယ့်အရာများ မနည်းမနောပါပဲ။

ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့်အရာများကို အောင်မြင်မှုအတွက် ရင်းနှီးမြှုပ်နှံနိုင်မှ (သို့) စွန့်လွှတ်ထားနိုင်မှသာလျှင် ကွီးတို့ရဲ့ဘဝသည် အောင်မြင်လာမှာဖြစ်ပါတယ်။

အချိန်

Things You Want to Sacrifice to be Successful

အချိန်ကို စီမံခန့်ခွဲမှုသည် အရေးအကြီးဆုံးဖြစ်ပါတယ်။ တစ်ရက်တာသည် သင့်အတွက် ဘယ်လိုမှ မလုံလောက်ဘူးလို့ ခံစားနေရပါသလား။ ဒါဆိုရင် သင်ရဲ့ အချိန်စီမံခန့်ခွဲမှုသည် မှားယွင်းနေလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတိုင်းသည် တစ်ရက်လျှင် တူညီတဲ့ ၂၄ နာရီအချိန်ကိုသာ ရရှိတာဖြစ်ပါတယ်။ အချိန်ကို စီမံတဲ့နေရာမှာ အရေးအကြီးဆုံးအရာကို ပထမဦးစားပေးအနေနဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ကိုယ လုပ်ဆောင်ရမယ့်အရာများကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်မှာဖြစ်ပါတယ်။

တည်ငြိမ်မှု

Things You Want to Sacrifice to be Successful

အောင်မြင်နေတဲ့လူသားတွေရဲ့ ဘဝသည် ရိုလာကိုစတာစီးနေရတာနဲ့ တူပါတယ်။ အနိမ့်အမြင့် အတက်အကျ အမြဲတမ်းရှိပါတယ်။ သူတို့ဘဝသည် ဘယ်တော့မှ တစ်နေရာတည်းမှာ တည်ငြိမ်မနေပါဘူး။ တကယ်လို့ ကိုယ်က ရိုလာကိုစတာကို ကြောက်တယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးသွားပါလိမ့်မယ်။

ကိုယ်ပိုင်ဘဝ

Things You Want to Sacrifice to be Successful

အောင်မြင်ဖို့အတွက် စိတ်ဆုံဖြတ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း ပေးဆပ်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ် ချစ်ခင်ရတဲ့သူတွေကို အချိန်မပေးနိုင်တော့တာမျိုး၊ ကိုယ့်ရဲ့အားလပ်ချိန်တွေ ဆုံးရှုံးသွားတာမျိုး စတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

သတင်းကောင်းတစ်ခုကတော့ သင့်ရဲ့ရည်မှန်းချက်နဲ့ အိပ်မက်များ ပြည့်မြောက်ပြီးတဲ့နောက်မှာတော့ သင့်အတွက် ကိုယ်ပိုင်ဘဝကို စိတ်ရှိသလို ခြယ်လှယ်လို့ရပါပြီ။

အိပ်ချိန်

Things You Want to Sacrifice to be Successful

တခါတရံမှာ လုပ်စရာတွေက များလွန်းတဲ့အခါ အချိန်တိုအတွင်း ပြီးမြောက်နိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ ညနက်သန်းခေါင် အလုပ်တွေ ဖိလုပ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့အိပ်ချိန်သည် အရင်က ၇ နာရီ၊ ၈ နာရီလောက် ရှိပေမယ့် တဖြည်းဖြည်းနဲ့ ၅ နာရီ၊ ၄ နာရီလောက်ပဲရှိတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

လိုအင်ဆန္ဒ

vThings You Want to Sacrifice to be Successful

ကျွန်တော်တို့အားလုံးမှာ တဒင်္ဂအတွင်း ဖြစ်ပေါ်လာတဲ့ လိုချင်တပ်မက်မှုတွေ ရှိကြပါတယ်။ ဥပမာ အလုပ်လုပ်ဖို့တွေ ရှိပေမယ့် ဆိုရှယ်မီဒီယာ သုံးချင်တာမျိုး၊ အနားယူချင်တာမျိုးတွေရှိပြီး ကိုယ့်ရဲ့စိတ်ကို ဆွဲဆောင်နေတတ်ပါတယ်။ အလုပ်အတွက် ပိုက်ဆံစုရမှာမျိုးတွေရှိပေမယ့် ဟိုပစ္စည်းလေး ဝယ်ချင်တာမျိုး၊ ဒီပစ္စည်းလေး ဝယ်ချင်တာမျိုးတွေ ရှိတတ်ပါတယ်။ အောင်မြင်မှုအတွက် ဒီလို လိုအင်ဆန္ဒမျိုးကိုလည်း ချိုးနှိမ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

Source: Asapstaffingservices.com

Featured Image: AskMen