ကွီးတို့ရဲ့ခန္ဓာကိုယ်သည် ဗီတာမင်နဲ့ အာဟာရဓာတ်များ လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်များ ချို့တဲ့ပါက မကြာခဏ နာမကျန်းဖြစ်ခြင်း၊ ဖျားနာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ အာဟာရဓာတ်တွေထဲမှာ ပရိုတင်းဓာတ်သည်လည်း အရေးကြီးပါတယ်။

လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်သည် တစ်နေ့လျှင် ပရိုတင်းဓာတ် ၁၀ ရာခိုင်နှုန်းခန့် လိုအပ်ပါတယ်။ ထိုပရိုတင်းဓာတ်များကို မတူညီတဲ့ အစားအစာများထံမှ ရရှိနိုင်ပါတယ်။ ကွီးတို့ရဲ့ခန္ဓာကိုယ်က ရရှိလိုက်တဲ့ ပရိုတင်းဓာတ်များကို ခန္ဓာကိုယ်က ချေဖျက်လိုက်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်အသုံးချလိုက်ပါတယ်။

တကယ်လို့ ကွီးတို့သည် လုံလောက်တဲ့ ပရိုတင်းဓာတ်ကို မရရှိပါက အခုဖော်ပြမယ့် လက္ခဏာများကို ခံစားရတတ်ပါတယ်။

ခန္ဓာကိုယ် ရောင်ရမ်းခြင်း

Signs You're Not Getting Enough Protein

အထူးသဖြင့် ဝမ်းဗိုက်၊ ခြေထောက်နှင့် လက်တို့ ရောင်ရမ်းတတ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းသည် ပရိုတင်းဓာတ် ချို့တဲ့ခြင်းကြောင့် သွေးလှည့်ပတ်စီးဆင်းမှု မမှန်တော့ဘဲ ခန္ဓာကိုယ်တစ်သျှူးတည်ဆောက်မှုများ ပျက်စီးလာကာ ဒီလိုမျိုးရောဂါလက္ခဏာ ခံစားရပါတော့တယ်။

စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်း

Signs You're Not Getting Enough Protein

ကွီးတို့ရဲ့ ဦးနှောက်သည် ဆဲလ်တစ်ခုနဲ့ တစ်ခုသို့ သတင်းအချက်အလက်များ ပို့ဆောင်ပေးဖို့ရန်အတွက် Neurotransmitters လို့ခေါ်တဲ့ ဓာတုဓာတ်များ အသုံးပြုရပါတယ်။ ထို Neurotransmitters များသည် အမိုင်နိုအက်ဆစ်ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ပရိုတင်းများဖြင့် အုတ်မြစ်ချထားတာဖြစ်ပါတယ်။

တကယ်လို့ ပရိုတင်းဓာတ်များ လုံလောက်စွာမရပါက ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျလာပြီး ကွီးတို့ရဲ့စိတ်သည် မကြာခဏဆိုသလို စိတ်တို ဒေါသထွက်လာမယ်၊ ကြမ်းတမ်းရုန့်ရင်းလာမယ်၊ စိတ်ဓာတ်ကျလာမှာပဲဖြစ်ပါတယ်။

ဆံကေသာ၊ လက်သည်းနှင့် အသားအရေပြဿနာများ ကြုံတွေ့ရခြင်း

 

Signs You're Not Getting Enough Protein

အသားအရေ တင်းရင်းမှု၊ ကောလဂျင်းတို့သည် ပရိုတင်းဓာတ်ဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ပရိုတင်းဓာတ် ချို့တဲ့ပါက လက်သည်း ခြေသည်းများ ကြွပ်ဆတ်လာခြင်း၊ ဆံကေသာ ကျန်းမာမှုအားနည်းလာခြင်း၊ အသားအရေခြောက်သွေ့ကြမ်းတမ်းလာခြင်း အစရှိသည်တို့ကို ခံစားရတတ်ပါတယ်။

မကြာခဏ မောပန်းလာခြင်း

Signs You're Not Getting Enough Protein

သုတေသနလေ့လာချက်အရ ပရိုတင်းဓာတ်ကို တစ်ပတ်လောက်ပဲ လုံလုံလောက်လောက် မရလိုက်ရုံနဲ့တင် ခန္ဓာကိုယ် ကြွက်သားများ ဆုံးရှုံးလာမှာဖြစ်ပြီး အမောအပန်းမခံနိုင်ခြင်း၊ အနားနည်းလာခြင်း အစရှိသည်တို့ကို ကြုံတွေ့ရတတ်ပါတယ်။

အမြဲတမ်းဆာလောင်နေခြင်း

Signs You're Not Getting Enough Protein

ဒီအချက်ကတော့ သိသာထင်ရှားပါတယ်။ ပရိုတင်းဓာတ်သည် သင့်ကို စွမ်းအင်ဖြည့်တင်းပေးနေတာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့သည် စားပြီးရင်လည်း ထပ်စားချင်တုန်းပဲဆိုသလို ဖြစ်နေရင်တော့ ကိုယ် စားသုံးတဲ့အစားအစာများကို ပြန်သုံးသပ်ဖို့လိုအပ်ပါပြီ။

ကွီးတို့စားသုံးတဲ့အစာအုပ်စုထဲမှာ ပရိုတင်းဓာတ်များ လုံလောက်စွာပါဝင်ရဲ့လား။

Source: Webmd.com

Featured Image: Lightfieldstudios