ရေခဲတုံးများကို အအေးသောက်တဲ့အခါ ထည့်သောက်နိုင်တဲ့အပြင် မျက်နှာအသားအရေအလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်ကွင်းညိုတဲ့ ကွီး၊ အရေးအကြောင်းများကြောင့် စိတ်ညစ်နေရတဲ့ ကွီးတို့အတွက် ရေခဲတုံးသည် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ရေခဲတုံးကို အသားအရေပြဿနာအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုပြဿနာမျိုးအတွက်လဲဆိုတော့ …

အသားအရေ Glow ချင်တဲ့ ကွီးတို့အတွက်

Benefits of Ice Cube On Face for Men

ရေခဲတုံးကို မျက်နှာပေါ်တွင် ပွတ်တိုက်ပေးကာ မျက်နှာကို နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် မျက်နှာအသားအရေက သွေးလှည့်ပတ်မှု ကောင်းမွန်လာမှာဖြစ်ပြီး အသားအရေက ကြည်လင်တောက်ပလာမှာဖြစ်ပါတယ်။

မျက်ကွင်းညိုတဲ့ ကွီးတို့အတွက်

Benefits of Ice Cube On Face for Men

Photo: Jean Coutu

ခေါင်းမာလွန်းတဲ့ မျက်ကွင်းညိုခြင်းတို့ကို ရေခဲတုံးဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဦးဆုံး Rose Water ကို ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ထို့နောက် သခွားသီးဖျော်ရည်ထည့်ကာ သမအောင် မွှေလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ရေခဲတုံးပုံစံခွက်ထဲ ထည့်ကာ ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။ ပြီးရင်တော့ ရရှိလာတဲ့ရေခဲတုံးကို ညိုနေတဲ့ မျက်ကွင်းတစ်ဝိုက်တွင် ပွတ်လိမ်းပေးနိုင်ပါတယ်။ တစ်ညတည်းနဲ့ အာနိသင်ပြမှာမဟုတ်တဲ့အတွက်ကြောင့် ရက်အနည်းငယ်ကြာသည်အထိ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ဝက်ခြံများကို ဖယ်ရှားချင်တဲ့ ကွီးတို့အတွက်

Benefits of Ice Cube On Face for Men

ရေခဲတုံးကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်တဲ့အခါ အသားအရေရဲ့ အဆီအလွန်အကျွံ ထွက်နှုန်းကို ဖယ်ရှားပေးပြီး ဝက်ခြံကြောင့် ဖြစ်တဲ့ ရောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

Benefits of Ice Cube On Face for Men

နဖူးနှင့် မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများကြောင့် စိတ်ညစ်နေပါသလား။ ရေခဲတုံးကိုသာ ပုံမှန်အသုံးပြုပါ။ ရေခဲတုံးကို မျက်နှာပေါ်မှာ ပွတ်တိုက်ပေးခြင်းအားဖြင့် ထိုအရေးအကြောင်းများကို ဖယ်ရှားပေးပြီး အသားအရေကို ငယ်ရွယ်နုပျိုအောင် ကူညီပေးမှာဖြစ်ပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးများကို အညောင်းအညာပြေစေခြင်း

Benefits of Ice Cube On Face for Men

Photo: Ohhowcivilized

Green Tea အိတ် ၂ အိတ်၊ ၃ အိတ်ခန့်ကို ရေနွေးပူပူထဲထည့်ထားလိုက်ပါ။ ရေနွေးက Green Tea ရေနွေးဖြစ်သွားပြီဆိုရင် ထိုရေနွေးကို ရေခဲတုံး ပုံစံခွက်ထဲ လောင်းထည့်ကာ အအေးခံထားလိုက်ပါ။ ရရှိလာတဲ့ ရေခဲတုံးကို မျက်ခွံတစ်ဝိုက်ပေါ်တွင် ပွတ်တိုက်ပေးပါက ကွီးတို့မျက်စိက အညောင်းအညာပြေသွားမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com