Messaging Apps တစ်ခုရဲ့ လုံခြုံရေးစံမြင့်မားမှုကို End-To-End Encryption လုံခြုံရေးစနစ်ပါသလားဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ပါတယ်။ နေ့တိုင်း အသုံးပြုနေတဲ့ စာပို့ဝန်ဆောင်မှုတွေဟာ ကိုယ်ရေးအချက်အလက်လုံခြုံမှုရှိပြီး စိတ်ချယုံကြည်ရဖို့ လိုပါတယ်။
ဒါကြောင့်ပဲ နောက်ပိုင်းမှာ Secure ဖြစ်တဲ့ စာပို့ Apps တွေဟာ အချင်းချင်းပေးပို့တဲ့ မက်ဆေ့တွေကို ဆာဗာတွေဆီ ပေးပို့မှုမလုပ်ခင် လုံခြုံအောင် Encrypt လုပ်တဲ့ E2E Encryption စနစ်ကို Default ထည့်လာပါတယ်။ ဒီလိုမျိုးစနစ်ပါတဲ့ နာမည်ကြီး Messaging Apps တွေထဲက အကောင်းဆုံး Apps ၄ ခုအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) Signal

Photo: gadgetmatch
စိတ်ချရတဲ့ စာပို့အက်ပလီကေးရှင်းတွေထဲမှာ Signal က အကောင်းဆုံးလို့ ဆိုကြပါတယ်။ Signal က သုံးရတာ ရိုးရှင်းပြီး လူတိုင်းနဲ့ ရင်းနှီးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ သူ့မှာ Chatting အပြင် ဓါတ်ပုံရှယ်တာ ၊ အသံဖိုင်တွေ ပို့တာ စတစ်ကာနဲ့ Gifs တွေ သုံးတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ ပို့ထားတဲ့ မက်ဆေ့ကို သတ်မှတ်အချိန်ကျော်ရင် ဖျက်ပစ်လို့ရတဲ့ နည်းစနစ်ပါ ထည့်ထားတဲ့ App ဖြစ်ပါတယ်။
Android နဲ့ iOS နှစ်မျိုးစလုံးအတွက် အထောက်အပံ့ပေးထားလို့ iPhone မှာရော Android ဖုန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ Desktop ဗားရှင်းလည်း ထွက်ထားလို့ ဖုန်းအနားမှာ မရှိရင်လည်း မက်ဆေ့တွေ ပို့လို့ရပါတယ်။
(၂) Wire

Photo: gadgetmatch
ဆွစ်ဇာလန်နိုင်ငံက ထုတ်လုပ်တဲ့ Wire App မှာလည်း Messages တွေကို Default အနေနဲ့ လျှို့ဝှက်ပေးထားပါတယ်။ ဒီအက်ပလီကေးရှင်းက ဥရောပရဲ့တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားတဲ့ Apps ဖြစ်လို့ အချက်အလက် ပေါက်ကြားမှုဖြစ်မှာကိုတော့ စိုးရိမ်နေစရာ လိုမှာ မဟုတ်ပါဘူး။
တခြားစာပို့ Apps တွေနဲ့ ကွဲထွက်နေတဲ့ ရိုးရှင်းပြီး ခေတ်မီတဲ့ UI နဲ့လာပြီး မိတ်ဆွေသူငယ်ချင်း ၊ မိသားစုဝင်တွေနဲ့ အလွယ်တကူဆက်သွယ်နိုင်အောင် လုပ်ထားပါတယ်။ သူ့မှာလည်း ဓါတ်ပုံနဲ့ File Sharing လုပ်တာ ၊ အသံဖိုင်ပို့တာ ၊ Gif & Reactions တွေ သုံးတာမျိုး လုပ်ဆောင်နိုင်အောင် အထောက်အပံ့ပေးထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက် အပို Features တွေ ထည့်သွင်းထားပြီး Personal နဲ့ Work Account ခွဲဖွင့်ထားနိုင်ပါတယ်။ ဒီ App ကို Android နဲ့ iOS နှစ်မျိုစလုံးမှာ ဒေါင်းလုပ်ဆွဲနိုင်ပြီး Desktop သုံးသူတွေအတွက်လည်း ဝက်ဘ်ဗားရှင်း ထွက်ထားပါတယ်။
(၃) Wickr Me

Photo: gadgetmatch
ဒီကောင်လေးကတော့ Wire App နဲ့ တစ်ပုံစံတည်းပါပဲ။ သူ့မှာလည်း တစ်ဦးချင်းအတွက်ရော စီးပွားရေးလုပ်ငန်းသုံးအတွက်ပါ ထွက်ထားပါတယ်။ ဒါပေမယ့် Wickr Me က ဗားရှင်း ၃ မျိုး ထွက်ပါတယ်။ Regular ဗားရှင်း ၊ Wickr Pro ဗားရှင်းနဲ့ လုပ်ငန်းသုံးတွေအတွက် Wickr Enterprise ဆိုပြီ ဖြစ်ပါတယ်။
စိတ်ချရတဲ့ စာပို့ဝန်ဆောင်မှုလုပ်ဖို့သက်သက်ဆိုရင် Wickr Me ရိုးရိုးဗားရှင်းနဲ့တင် အဆင်ပြေပါတယ်။ Wickr Me ဟာ တစ်ယောက်ချင်း ဆက်သွယ်နိုင်သလို Group Chat ဆိုရင် လူ ၁၀ ဦးအထိလည်း Support ပေးထားပါတယ်။ ဒီ App ကို သုံးဖို့အတွက် ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာတွေနဲ့ မှတ်ပုံတင်စရာမလိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။
စာနဲ့တင် မက်ဆေ့ပို့ရတာ အားမရရင် ဖိုင်တွေ ၊ ဓါတ်ပုံနဲ့ Voice Clip တွေလည်း သုံးနိုင်ဦးမှာပါ။ မက်ဆေ့တွေကို Apps ပေါ်မှာ ကျန်မနေခဲ့ချင်လို့ လက်စဖျောက်ချင်ရင်လည်း အချိန်တစ်ခု သတ်မှတ်ပြီး မက်ဆေ့ချ်ပို့ထားရင် သူ့အလိုလို ပျက်သွားမှာ ဖြစ်ပါတယ်။ Play Store ပေါ်မှာရော App Store မှာပါ ဒေါင်းလုပ်ဆွဲနိုင်တဲ့ Apps ဖြစ်ပြီး Desktop Apps တွေလည်း ထွက်ထားပါတယ်။
(၄) Telegram

Photo: gadgetmatch
အခုနောက်ပိုင်းမှာ WhatsApp ထက် Telegram ကို လူပိုသုံးလာကြပါတယ်။ စိတ်ချရတဲ့ စာပို့စနစ်တွေ ပါဝင်တာကြောင့် Telegram ဟာ နာမည်ကျော် လူသုံးများတဲ့ Messaging App ဖြစ်လာတာပါ။ Telegram မှာက E2E ကို Default သုံးထားတာ မဟုတ်ပါဘူး။ သုံးတဲ့သူက Secret Chats features ကနေ သွားပြီး On ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Telegram ရဲ့ E2E Chats က Signal တို့လို Group Message တွေမှာ မရဘဲ တစ်ယောက်တည်းအတွက်ပဲ Limit လုပ်ထားတာ ဖြစ်ပါတယ်။ တစ်ယောက်ချင်း Voice နဲ့ Video Chats တွေမှာ End-To-End စနစ်က By Default ရပါတယ်။ ဒါကြောင့် Telegram ကတော့ နည်းနည်း သတိထားပြီး သုံးရမယ့် Apps လို့ ဆိုချင်ပါတယ်။
Featured Photo: Tom’s Guide
