ယနေ့လို ဆေးသိပ္ပံပညာတွေ ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ငယ်ရွယ် နုပျို ဖို့ ရန်အတွက် မခက်ခဲတော့ပါဘူး။ ဆေးဝါးများ၊ ထိုးဆေးများ မှီဝဲကာ ငယ်ရွယ် နုပျိုအောင် ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ထိုဆေးဝါးများကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ ကြုံတွေ့ရတတ်ပါတယ်။
ကွီး တို့ အနေနဲ့ သဘာဝအနည်းအတိုင်း ငယ်ရွယ် နုပျို ချင်တယ်၊ ဘေးထွက်ဆိုးကျိုးတွေ ကြောက်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းများများ လုပ်ပေးကာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။
ဘယ်လို အစားအစာတွေက ကွီး တို့ကို ထာဝစဉ် ငယ်ရွယ် နုပျို သွားအောင် ကူညီပေးနိုင်သလဲဆိုတော့ …
စပျစ်သီး
စပျစ်သီးရဲ့ အပေါ်ယံအခွံသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး အသားအရေကို ကြည့်ကောင်းနေစေပါတယ်။ လေ့လာချက်များအရ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးကာ အရေပြားကင်ဆာဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။
အနက်ရောင် ပဲ

ပဲအမျိုးမျိုးကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ အထူးသဖြင့် အနက်ရောင်ပဲကတော့ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။
ချိစ် အမာ

ချိစ်အပျော့စားမဟုတ်ဘဲ အမာစားကတော့ အရိုးအဆစ်များ သန်မာစေခြင်း၊ အရိုးပွရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်များ ဖြည့်တင်းပေးပါတယ်။
ပန်းပွင့်စိမ်း
ဒီဟင်းရွက်ကတော့ အဆုတ်၊ အစာအိမ်ရောင်ရမ်းခြင်းတို့ကို လျော့ချပေးပြီး ကင်ဆာဆဲလ်များ ပြန့်ပွားမှုနှုန်းကိုလည်း လျော့ချပေးပါတယ်။
ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံး စားသုံးပေးခြင်းသည် နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ တစ်ခုသတိထားရမယ့်အချက်ကတော့ ပန်းသီးစားတဲ့အခါ အခွံပါ ဝါးစားဖို့လိုအပပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျှင်ဓာတ်နှင့် Antioxidants များရဲ့ သုံးပုံ နှစ်ပုံကို အခွံကနေ ရရှိတာဖြစ်လို့ပါပဲ။
ဂျင်း

ဂျင်း မှီဝဲခြင်းသည် အရွယ်တင်နုပျိုစေပြီး ကြွက်သားများ နာကျင်ကိုက်ခဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အစား စားတိုင်းမှာ ဂျင်း အနည်းငယ်စီ စားသုံးပေးဖို့လိုအပ်ပါတယ်။
နို့ချောကလက်

နို့ချောကလက်ဖျော်ရည်ကတော့ ကုန်ဆုံးသွားတဲ့အားအင်များကို ပြန်လည်ဖြည့်တင်းပေးရာမှာ အစွမ်းထက်တယ်လို့ ၂၀၁၁ ခုနှစ်တွင် Texas တက္ကသိုလ်က လေ့လာထားတဲ့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။
ကွီး တို့ရော အခုဖော်ပြသွားတဲ့ အရွယ်တင်ပြီး ငယ်ရွယ် နုပျို စေသော အစားအစာများထဲကမှ ဘယ်အစားအစာကို အနှစ်သက်ဆုံးပါလဲ။
Source: Mensjournal.com
Featured Image: FamilyDoctor


