စမတ်ဖုန်း တစ်လုံးမှာ များသောအားဖြင့် ပျက်စီးမှုအများဆုံးအပိုင်းက ဘက်ထရီပါပဲ။ ဖုန်း ဘက်ထရီ ပျက်စီးရတဲ့ အကြောင်းအရင်းတွေထဲမှာ User တွေရဲ့ မှားယွင်းတဲ့ အသုံးပြုပုံတွေက ထိပ်ဆုံးကပါဝင်နေတယ်လို့ ပြောလို့ ရပါတယ်။ အကယ်၍ ကွီး တို့ရဲ့  ဖုန်း ဘက်ထရီ သက်တမ်းကို ကြာရှည်ခံ ချင်တယ်ဆိုရင်တော့ အခုပြောမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို လိုက်နာဖို့ လိုပါလိမ့်မယ်။

(၁) ဖုန်းအားပြည့်သည်တိုင်အောင် အားသွင်းထားခြင်းကို ရှောင်ပါ

Photo : PCMag

ဒီအချက်က ကျွန်တော်တို့ အများစုလုပ်မိတဲ့ အမှားတစ်ခုပါ။ များသောအားဖြင့် ညဘက်တွေမှာ ဖုန်းကို အားသွင်းပြီး အိပ်လိုက်တက်ကြပါတယ်။ တကယ်တော့ ဖုန်းအားပြည့်သွားသည် တိုင်အောင် ဆက်ပြီးအားသွင်းထားတာဟာ ဖုန်းဘက်ထရီကို အလွန်ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။

(၂) 100% အား အပြည့်သွင်းဖို့ မလိုအပ်ပါ

Photo : The Independent

အများစုကတော့ ဖုန်းအားသွင်းတဲ့အခါ 100% အပြည့် အားသွင်းလေ့ရှိကြပါတယ်။ တကယ်တော့ ဖုန်းဘက်ထရီဟာ 100% အပြည့်သွင်းဖို့ မလိုအပ်ပါဘူး။ အားအပြည့်သွင်းတာက ဖုန်းရဲ့ဘက်ထရီကို ပျက်စီးစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ 80 % နဲ့ အထက် အားသွင်းရုံနဲ့ လုံလောက်ပါတယ်။

(၃) အားကုန်တဲ့အထိ မသုံးပါနဲ့

Photo : Connector Supplier

ဖုန်းတစ်လုံးဟာ အားအပြည့်ဖြစ်တဲ့အထိ အားသွင်းဖို့ မလိုသလို အားကုန်သည်တိုင်အောင် အသုံးပြုခြင်းကိုလည်း အထူးရှောင်ကြဉ်သင့်ပါတယ်။ ကွီး တို့ရဲ့ ဖုန်းမှာ ဖုန်းအား 20 % အောက်ရောက်နေပြီဆိုတဲ့ sign ပြတဲ့အထိ မစောင့်ပါနဲ့။ ဖုန်းအား နည်းနေပြီဆိုရင် အားပြန်သွင်းပြီးမှသာ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

(၄) အပူလွန်ကဲခြင်းကို ရှောင်ကြဉ်ပါ

Photo : Totallee

ဖုန်းအပူလွန်ကဲခြင်းဟာ ဘက်ထရီရဲ့ စွမ်းရည်နဲ့ သက်တမ်းကို ကျဆင်းစေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဖုန်းအားသွင်းချိန်မှာ ဖုန်း case တွေကို ဖြုတ်ထားဖို့ လိုပါတယ်။ အားသွင်းပြီးနောက် ဖုန်းအပူချိန် တက်လာပါကလည်း ဖုန်း case တွေကို ခဏဖြုတ်ထားပါ။ အလားတူ ရာသီဥတုအရမ်းပူတဲ့အချိန်တွေမှာလည်း ဖုန်း ကာဗာတွေကို ဖြုတ်ထားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Tech Times