နာမည်ကြီးအဆိုတော်တွေသည် တစ်ကိုယ်တော်သီချင်းများကို သီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးထောက်ခံမှု ကြိုက်နှစ်သက်မှုကို တစ်ခဲနက် ရရှိကြသလို အတူတူ တွဲဖက်သီဆိုကြတဲ့အခါမှာလည်း အားပေးထောက်ခံမှု နှစ်ဆ ရရှိကြပါတယ်။

နာမည်ကြီး အဆိုတော်တွေ Collaborate လုပ်ပြီး အတူတူတွဲဖက်သီဆိုကြတဲ့ သီချင်းတွေ အများအပြားရှိတဲ့အနက် လူကြိုက်များပြီး တော်တော်လေးကို Hit ဖြစ်တဲ့ သီချင်း ကောင်းတချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

Pretty Little Fears – 6Lack Ft. J.Cole

ဒီသီချင်းကတော့ 6Lack နဲ့ J.Cole တို့ ပထမဦးဆုံး Collaborate လုပ်ခဲ့ကြတဲ့ သီချင်းလေးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကို သီချင်းရေးဆရာ (၄) ယောက်ခန့် ပေါင်းကာ ရေးစပ်ခဲ့ခြင်းဖြစ်ပါတယ်။

I Don’t Do Drugs – Doja Cat Ft. Ariana Grande

ဒီသီချင်းလေးကတော့၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းသည် Ariana Grande နဲ့ Doja Cat တို့ရဲ့ တတိယမြောက် Collaboration ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးက ဘာ့ကြောင့် လူကြိုက်များရသလဲ။
I Don’t D Drugs ဆိုတဲ့သီချင်းက တကယ်တော့ Drugs တစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ဘဲ ကိုယ်က မကောင်းမှန်း သိနေပေမယ့်လည်း လက်မလွှတ်နိုင်ဘဲ စွဲလမ်းနေမိတဲ့အရာအားလုံးကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ ဥပမာဆိုရရင် အဆိပ်သင့်နေတဲ့ သမီးရည်းစားဆက်ဆံရေးလိုမျိုးပေါ့။ လက်တွေ့ဘဝကို ထင်ဟပ်နေအောင် ဖော်ပြထားနိုင်တဲ့အတွက်ကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။

Aston Martin Music – Rick Ross Ft. Drake & Chrisette Michele

ဒီသီချင်းလေးကတော့ အောက်တိုဘာလ ၅ ရက်နေ့ ၂၀၁၀ ခုနှစ်က စတင်ထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်များတဲ့ အဆိုတော်နှစ်ယောက်ရဲ့ အပေးအယူမျှစွာ သီဆိုထားတဲ့အပြင် သီချင်းအဓိပ္ပာယ်က ထူးခြားတဲ့အတွက်ကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။

Energy – Pa Salieu Ft. Mahalia

ဒီသီချင်းလေးက သီချင်းချစ်သူကွီးတို့ကို ဘာသတိပေးချင်နေသလဲဆိုတော့ ကမ္ဘာကြီးသည် ကိုယ့်ရဲ့ဆန္ဒနဲ့ အမြဲတမ်း တစ်ထပ်တည်းမကျဘူးဆိုတာကို ပြောပြချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကို မကောင်းတဲ့ခံစားချက်တွေ ခံစားနေစေတဲ့ Negative Vibe တွေအတွက်လည်း ကိုယ့်ရဲ့ Energy ကို သုံးမပစ်ဘဲ ခြိုးခြံထားဖို့ ပြောပြနေပါသေးတယ်။

Hurricane – Kanye West Ft. The Weekend & Lil Baby

ဒီသီချင်းကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ထွက်ရှိထားတာဖြစ်ပါတယ်။ အဆိုတော်များရဲ့ အမိုက်စားသီဆိုပုံတွေအပြင် အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းစာသားများကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။

No Guidance – Chris Brown Ft. Drake

ဒီသီချင်းကတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Chris Brown နဲ့ Drake တို့ရဲ့ အကောင်းဆုံး Collaboration လို့ ပြောလို့ရပါတယ်။ ဒီသီချင်းလေးထဲမှာ မိန်းမလှလေးတစ်ယောက်အကြောင်းကို စပ်ဆိုထားပြီး ထိုမိန်းကလေးသည် ယောကျာ်းများအားလုံးကို ရူးသွပ်သွားအောင် ပြုလုပ်နိုင်သည်အထိ ပြီးပြည့်စုံကာ လှပတဲ့အကြောင်း သီကျူးထားတာဖြစ်ပါတယ်။

Location – Dave Ft. Burna Boy

ဒီသီချင်းလေးကတော့ အကြောင်းအရာမျိုးစုံကို စပ်ဆိုထားတာဖြစ်ပါတယ်။ ပိုက်ဆံ၊ စားကောင်းသောက်ဖွယ်မျိုးစုံအကြောင်း၊ အမျိုးသမီးတွေနဲ့ အကြည်ဆိုက်တဲ့အကြောင်း၊ ပါတီပွဲတွေကို မရပ်နားကျင်းပတဲ့အကြောင်း စတဲ့အကြောင်းအရာမျိုးစုံကို ဖော်ပြထားပါတယ်။

Power – Little Mix Ft. Stormzy

ဒီသီချင်းလေးကတော့ ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့က ထွက်ရှိထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာတော့ အမျိုးသမီး၊ အမျိုးသား သာတူညီမျှ အခွင့်အရေးရရှိဖို့အကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။

I Got 5 On It – Luniz Ft. Michael Marshall

ဒီသီချင်းလေးသည် ထွက်ရှိခဲ့တာ အချိန်တော်တော်ကြာနေပြီဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ကတည်းကဖြစ်ပါတယ်။ သီချင်းထွက်ထွက်ချင်းမှာပဲ Billboard Chart ရဲ့ နံပါတ် (၁) နေရာကို ရရှိခဲ့သည်အထိ လူကြိုက်များခဲ့တာဖြစ်ပါတယ်။

Source: Dummymag.com

Featured Image: Musicindustryhowto