“လူသားတိုင်းသည် ဉာဏ်ကြီးရှင်တွေကြီးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ငါးတစ်ကောင်ကို လေထဲမှာ မပျံသန်းနိုင်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ ထိုအရာသည် ရူးမိုက်မှုတစ်ခုသာဖြစ်တယ်” လို့ အိုင်းစတိုင်းက ပြောကြားထားပါတယ်။
လူသားတိုင်းသည် ကိုယ် နှစ်သက်တဲ့အရာကို လုပ်ကိုင်တဲ့အခါ ပိုမိုထွန်းမြောက်မှုရှိပြီး ထိုနယ်ပယ်တွင် ပိုမိုအောင်မြင်လေ့ရှိပါတယ်။ ယနေ့ခေတ်တွင် လူတော်တော်များများသည် ဝင်ငွေရရှိဖို့အတွက်သာ ဦးစားပေးပြီး ကိုယ် စိတ်ဝင်စားစား မစားစား အလုပ်လုပ်လေ့ရှိပါတယ်။
အလုပ်အပေါ် စိတ်ဝင်စားမှုမရှိတဲ့အတွက်ကြောင့် တဖြည်းဖြည်းကြာလာတဲ့အခါ စိတ်ဖိစီးမှုတွေ များလာပြီး အလုပ်မှာ မပျော်မရွှင်ဖြစ်လာတတ်ပါတယ်။
သင်သည် ကိုယ့် လုပ်ငန်းခွင် မှာ ရာထူးတိုးတာလည်းလိုချင်တယ်၊ လစာတိုးတာလည်း လိုချင်တယ် ဒါပေမဲ့ ကိုယ့်အလုပ်အပေါ်မှာ ချစ်မြတ်နိုးပြီး စိတ်ဝင်တစားမရှိတဲ့အခါ သင် လိုချင်တဲ့အရာကို ရရှိနိုင်မှာမဟုတ်ပါဘူး။
ဘာ့ကြောင့် ကိုယ့်ရဲ့အလုပ်အပေါ် ချစ်မြတ်နိုးပြီး စိတ်ဝင်တစားရှိသင့်သလဲ။
အာရုံစူးစိုက်နိုင်အောင် ကူညီပေးလို့
ကိုယ့်အလုပ်အပေါ်မှာ အမှန်တကယ် စိတ်ဝင်စားမှုရှိတဲ့အခါ ထမင်းမေ့ ဟင်းမေ့နဲ့ အလုပ်လုပ်ကြပါတော့တယ်။ ကိုယ့်အလုပ်အပေါ်မှာ အာရုံစူးစိုက်နိုင်တဲ့အခါ ဘယ်လိုအနှောင့်အယှက်၊ အတားအဆီးတွေမှ အဝင်မခံတော့ဘဲ အလုပ်တစ်ခုတည်းကိုသာ မြင်ပါတော့တယ်။ အလုပ်ကို အချိန်တိုအတွင်း ပြီးမြောက်နိုင်ခြင်းသည် စိတ်ပါဝင်စားမှုရှိမှသာဖြစ်တာပါ။
တီထွင်ဖန်တီးနိုင်စွမ်းကောင်းအောင် ကူညီပေးလို့
ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်ဆောင်နိုင်ခြင်းသည် စိတ်ပျော်ရွှင်စေပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရလာဒ်အနေနဲ့ ကိုယ့်ရဲ့ ဦးနှောက်ကို များများ သုံးချင်လာမှာဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်း ကောင်းမွန်လာစေပါတယ်။
အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ကူညီပေးလို့
ကိုယ်သည် ကိုယ့်အလုပ်အပေါ်မှာ စိတ်ဝင်စားတဲ့အခါ အခြားသူများထက်အကောင်းမွန်ဆုံး အသာလွန်ဆုံးဖြစ်အောင် လုပ်ဆောင်ချင်စိတ်များလည်း တဖွားဖွားပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် သင်သည် သင့်အလုပ်အပေါ်မှာ စိတ်ဝင်စားမှုရှိရဲ့လားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုအပ်ပါပြီ။
စွမ်းအင်အပြည့်နဲ့ တက်ကြွနေအာင် ကူညီပေးလို့
မနက်ခင်းစောစောမှ နိုးထလာပြီးနောက် ကိုယ့်ရဲကတစ်နေ့တာကို အလုပ်ထဲမှာ ဖြတ်သန်းရမယ်လို့ တွေးလိုက်တဲ့အခါ သင် ဘယ်လိုခံစားရပါသလဲ။
စွမ်းအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေသလို ခံစားရခြင်းသည် သင်သည် သင့်အလုပ်အပေါ် ချစ်မြတ်နိုးလို့ပဲဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုရရှိပြီး စိတ်ဖိစီးမှု နည်းစေလို့
ကိုယ်နှစ်သက်တဲ့အရာကို ပြုလုပ်နေရတဲ့အတွက်ကြောင့် ကိုယ့်ဘဝကိုလည်း ကျေနပ်နှစ်သက်ပြီး စိတ်ဖိစီးမှုများလည်း လျော့ပါးသက်သာစေပါတယ်။ ကွီးတို့ရဲ့တစ်နေ့တာလုံးကို ကိုယ်နှစ်သက်တဲ့အရာတွေ ပြုလုပ်ရင်းဖြင့်သာ ကုန်ဆုံးချင်တယ်ဆိုရင်တော့ ကိုယ်တကယ်နှစ်သက်မြတ်နိုးပြီး စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေလုပ်ကိုင်ဖို့လိုအပ်ပါလိမ့်မယ်။
Source: Content.wisestep.com
Featured Image: Workitdaily