အသက် ၁၇ နှစ်အရွယ် ခရုဇ် ဘက်ခမ်းက အလွန်စိတ်အနှောက်အယှက်ဖြစ်စရာ ဓာတ်ပုံရိုက်ကွင်းမှာ အပေါ်ပိုင်းဗလာကျင်းနဲ့ ပို့စ်ပေးနေခဲ့ပြီးနောက် ဒေးဗစ် ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ဟာ ပရိသတ်တွေရဲ့ ဒေါသတကြီး တိုက်ခိုက်မှုတွေကို ခံနေရပါတယ်။

Cruz's Photoshoot

Photo: Sportbible

ဒေးဗစ်ဘက်ခမ်းရဲ့ အငယ်ဆုံးသားဖြစ်တဲ့ ခရုဇ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ အသက် ၁၇ နှစ်ပြည့်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ မိဘတွေဟာ i-D မဂ္ဂဇင်းက သားဖြစ်သူရဲ့ ဓာတ်ပုံကို ၎င်းတို့ရဲ့ သက်ဆိုင်ရာ အင်စတာဂရမ်အကောင့်တွေမှာ မျှဝေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေထဲက တစ်ပုံမှာ အသက် ၁၇ နှစ်အရွယ် ခရုဇ်ဟာ အောက်ခံဘောင်းဘီအတို၊ အပေါ်ပိုင်း ဗလာကျင်းပြီး ၎င်းရဲ့ ဂျင်းဘောင်းဘီကလည်း ခြေချင်းဝတ်နားထိ ပုံကျနေတဲ့ပုံစံနဲ့ ပို့စ်ပေးထားတဲ့ပုံလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

i-D ရဲ့ ‘Out of Body’ နွေဦးထုတ် မဂ္ဂဇင်းအတွဲက နောက်ထပ်ဓာတ်ပုံမှာ ဘက်ခမ်းရဲ့သားဟာ ၎င်းရဲ့ နှုတ်ခမ်းကို အောက်ကို ဆွဲချပြီး ငွေသွားတွေကို ထုတ်ပြထားတာဖြစ်ပါတယ်။ ဗစ်တိုးရီးယားက ခရုဇ်ရဲ့ ဓာတ်ပုံရိုက်ကူးမှုဟာ ဖခင်ဖြစ်သူ ဒေးဗစ် ဘက်ခမ်း ၂၀၀၀ ပြည့်နှစ်တုန်းက အသက် ၂၅ နှစ်အရွယ်မှာ Arena Homme + မဂ္ဂဇင်းအတွက် ကိုယ်ဟန်ပြပေးခဲ့တာကို ဂုဏ်ပြုမှုဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Cruz Beckham posed for I-D

Photo: Sportbible

ကိုယ်တိုင်လည်း ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ Spice Girls အမျိုးသမီးဂီတအဖွဲ့ဝင်ဖြစ်တဲ့ ဗစ်တိုးရီးယားက ခရုဇ်ရဲ့ i-D ဓာတ်ပုံရိုက်ကွင်းနဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ Arena Homme + ရိုက်ကွင်းကို ဘေးချင်းယှဉ်ပြထားတဲ့ ဓာတ်ပုံကိုလည်း မျှဝေခဲ့တာဖြစ်ပါတယ်။ ဗစ်တိုးရီးယားက ခရုဇ်ရဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်က သူမရဲ့ ပရိသတ် ၂၉.၅ သန်းသိအောင် မျှဝေပြီး “အသက် ၁၇ နှစ်သားအဖြစ်နဲ့ ပထမဆုံးကြီးမားတဲ့နေ့တစ်နေ့။ ခရုဇ် ဘက်ခမ်းရဲ့ i-D မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကွင်း။ အရမ်းဂုဏ်ယူမိပါတယ်”ဆိုတဲ့စာကို ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဒေးဗစ် ဘက်ခမ်းကလည်း “i-D အတွက် ရိုက်ထားတဲ့ပုံတွေက အရမ်းမိုက်တယ် ခရုဇ် ဘက်ခမ်း။ အဖေ့လောက် ဂုဏ်ယူတဲ့အဖေ ရှိပါဦးမလား”လို့ ထပ်လောင်း ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရုဇ်ရဲ့ ဓာတ်ပုံရိုက်ကူးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဒေးဗစ် ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဟာ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ခံခဲ့ရပြီး အင်စတာဂရမ်အသုံးပြုသူတစ်ဦးက အဲဒီဓာတ်ပုံရိုက်ကွင်းဟာ “အလွန် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

David Beckham Family

Photo: Evening Standard

စိုးရိမ်နေပုံပေါ်တဲ့ အင်စတာဂရမ်အသုံးပြုသူတစ်ဦးက “ဒီ အသက် ၁၇ နှစ်အရွယ် ကလေးကို ဘယ်သူတွေက အုပ်ထိန်းနေတာလဲ”လို့ ရေးသားခဲ့ပြီး နောက်ထပ် အင်စတာဂရမ် အသုံးပြုသူတစ်ဦးကလည်း “ဒီပုံတွေက သူ အသက် ၁၆ နှစ်အရွယ်မှာ အရိုက်ခံခဲ့တဲ့ပုံတွေဖြစ်လို့ ပိုလို့တောင် မသင့်လျော်ပါဘူး။ အသက် ၁၆ နှစ်သားက ဒီလိုပုံစံမျိုးနဲ့ လိင်စိတ်နှိုးဆွတဲ့ပုံစံမျိုး မရိုက်သင့်ပါဘူး”လို့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

Featured Photo: Sportbible