သီချင်းချစ်သူ ကွီးတို့အားလုံး မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖေဖော်ဝါရီလတစ်လုံးမှာ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ တေးသီချင်းများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီသီချင်းများသည် Billboard 1 to 100 မှာ (၁) ကနေ (၁၀) ချိတ်တဲ့ Hits အဖြစ်ဆုံးသီချင်းတွေဖြစ်ပါတယ်။ တချို့ သီချင်း တွေဆိုလည်း အဆင့် (၁) ကနေ (၁၀) နေရာမှာ အချိန်အကြာကြီး နေရာယူထားတာဖြစ်ပါတယ်။
(၁၀) Pushin P – Gunna & Future Featuring Young Thug
Source: Gunna
ဒီသီချင်းသည် Gunna ၊ Future နဲ့ Young Thug တို့ရဲ့ အမိုက်စားသီချင်းလေးဖြစ်ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့က ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။
(၉) That’s What I Want – Lil Nas X
Source: Lil Nas X
ဒီသီချင်းသည် Lil Nax X ရဲ့ ၂၀၂၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။ အခုအခါမှာ တကျော့ပြန်လည်ရေပန်းစားလာတာဖြစ်ပါတယ်။ ဒီသီချင်းလေးသည် သူ့ဘဝထဲမှာ သူ့အတွက်အရေးပါမယ့် တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။
(၈) Ghost – Justin Bieber
Source: Justin Bieber
ဒီသီချင်းလေးသည် ကိုယ်ချစ်ရတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကနေ ထွက်သွားတဲ့အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။ JB ရဲ့ ပရိတ်သတ်တွေကတော့ ဒီသီချင်းသည် Selena Gomez အကြောင်း ရေးဖွဲ့သီဆိုထားတာလို့ သတ်မှတ်ထားကြပါတယ်။
(၇) Shivers – Ed Sheeran
Source: Ed Sheeran
ဒီသီချင်းကတော့ Ed Sheeran ရဲ့ လတ်တလော လူကြိုက်အများဆုံးသီချင်းဖြစ်ပါတယ်။
(၆) Super Gremlin – Kodak Black
Source: Kodak Black
အမေရိကန် ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kodak Black ရဲ့ ပရိသတ်တွေကတော့ ဒီသီချင်းကို ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲ။
(၅) Stay – The Kid LAROI & Justin Bieber
Source: The Kid LAROI
ဒီသီချင်းဆိုရင် ၂၀၂၀ ကတည်းက ထွက်ရှိထားတဲ့ သီချင်းဖြစ်ပါတယ်။ ဆုတွေအများကြီး ရထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Billboard Top Ten နေရာမှာ အချိန်အကြာကြီး နေရာယူထားတာဖြစ်ပါတယ်။
(၄) abcdefu – GAYLE
Source: GAYLE
ဒီသီချင်းသည် GAYLE ရဲ့အသည်းကွဲဇာတ်လမ်းပေါ် အခြေခံထားတာဖြစ်ပါတယ်။ သူ(မ)သည် လမ်းခွဲပြတ်စဲစအချိန်မှာတော့ ဒီလိုလမ်းခွဲရခြင်းအကြောင်းသည် သူ(မ)ကြောင့်ဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်မကင်းသလို ခံစားနေရတာဖြစ်ပါတယ။် ဒါပေမဲ့ သူ(မ)ရဲ့ရည်းစားဟောင်းက သူ(မ)မကောင်းကြောင်းတွေကို ကွယ်ရာမှာ ပြောနေတာကို ပြန်ကြားရတဲ့အခါ ဒေါသထွက်သွားခဲ့ပြီး ဒီသီချင်းကို သီဆိုဖြစ်ခဲ့တာဖြစ်ပါတယ်။
(၃) Easy On Me – Adele
Source: Adele
Adele ရဲ့ Easy On Me သီချင်းကတော့ စစထွက်ချင်းကတည်းကကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
(၂) Heat Waves – Glass Animals
Source: Glass Animals
အမေရိကန်ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Glass Animals ရဲ့ အမိုက်စားတေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းထဲက ကောင်လေးသည် ကောင်မလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေပေမယ့် သူ့ကောင်မလေးကို ပြည့်စုံအောင် မထားနိုင်တဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။
(၁) We Don’t Talk About Bruno
Source: DisneyMusicVEVO
Encanto ဆိုတဲ့ကာတွန်းကား ထွက်လာပြီးတဲ့နောက်မှာတော့ ဒီသီချင်းလေးကို နေရာတိုင်းမှာ ကြားနေရတာဖြစ်ပါတယ်။ Let It Go ဆိုတဲ့ Disney သီချင်းပြီးသွားရင် ဒုတိယနာမည်အကြီးဆုံးသီချင်းပဲဖြစ်ပါတယ်။