ခန္ဓာကိုယ် အမွှေးအမျှင်များသည် ကွီးတို့ကို ယောကျာ်းဆန်အောင် ကူညီပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့် အမွှေးအမျှင်များကို မရိတ်ဘဲ အရှည်ထားချင်တယ်ဆိုရင် သေချာဂရုစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
ကြည့်ကောင်းတဲ့အသွင်အပြင်ကို ရရှိပိုင်ဆိုင်ချင်တဲ့ ကွီးတို့အနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း အလေးပေးသင့်တာကြောင့် ဘယ်ခန္ဓာကိုယ် အမွှေးအမျှင်ကတော့ဖြင့် ရိတ်သင့်တယ် ဘယ်အမွှေးအမျှင်ကတော့ဖြင့် မရိတ်သင့်ဘူးဆိုတာလည်း သိထားသင့်ပါတယ်။ ကျန်တဲ့ ရိတ်ခြင်း အရှည်ထားခြင်းတို့ကတော့ ကွီးတို့ရဲ့စိတ်သဘောအတိုင်းဖြစ်ပြီး ဗဟုသုတအနေနဲ့ သိထားတော့ ကိုယ့်အတွက် ပိုအကျိုးရှိစေမှာပါ။
မျက်ခုံးမွှေး

မျက်ခုံးမွှေးကတော့ မရိတ်သင့်တဲ့အထဲမှာပါပါတယ်။ မျက်ခုံးမွှေး ရိတ်မိလိုက်တဲ့အခါ ပြန်ပေါက်မယ့်အချိန်ကို အကြာကြီးစောင့်ရမှာဖြစ်ပြီး မျက်ခုံးမွှေးမရှိတဲ့အချိန်မှာလည်း ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ချင်မှာမဟုတ်ပါဘူး။
မျက်ခုံးမွှေး ရိတ်တဲ့နည်းထက်စာရင် မျက်ခုံးမွှေး နှုတ်တဲ့နည်းကို အသုံးပြုပါ။ မျက်ခုံးမွှေး နှုတ်တဲ့အခါမှာလည်း လမ်းကြောင်းသွေဖယ်နေတဲ့ နှစ်မျှင်၊ သုံးမျှင်လောက်သာ နှုတ်ရင် လုံလောက်ပါပြီ။ ကွီးတို့အနေနဲ့ ရိတ်ချင်သပဆိုရင်တော့ Makeup ပညာရှင်ထံမှာ ပုံစံကျအောင် ရိတ်ဖို့တော့ အကြံပေးချင်ပါတယ်။
ချိုင်းမွှေး

ချိုင်းမွှေးကလည်း မရိတ်သင့်တဲ့အမွှေးအမျှင်ထဲမျာ ပါဝင်ပါတယ်။ ယောကျာ်းအများစုသည်လည်း ချိုင်းမွှေးမရိတ်ဘဲ ကိုယ့်ရဲ့ယောကျာ်းဆန်မှုကို ပြသလေ့ရှိပါတယ်။ နောက်အကြောင်းပြချက်တစ်ခုကတော့ ချိုင်းမွှေးရိတ်ပြီးနောက် ပြန်ပေါက်လာတဲ့ ငုံးတိလေးတွေက ကွီးတို့ကို ယားယံစေလို့ပဲဖြစ်ပါတယ်။
ခြေသလုံးမွှေးများ

စက်ဘီးစီးသူများ၊ ရေကူးသမားများသည် သူတို့ရဲ့ခြေသလုံးမွှေးကို ရိတ်လေ့ရှိကြပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ခြေသလုံးမွှေး ပြန်ရှည်ချင်တယ်ဆိုရင်တော့ လုံးဝ မရိတ်တာအကောင်းဆုံးပါပဲ။ နို့မဟုတ်ရင် ရိတ်ပြီး ရက်အတော်ကြာမှာ ပြန်ပေါက်လာတဲ့ ခြေသလုံးမွှေး တိုနံ့နံ့လေးတွေသည် ကွီးတို့အသားအရေကို ယားယံစေမှာပါ။
လက်မွှေးများ

Photo: Beardoholic
အချို့သည် လက်မွှေးများ ထူထဲစွာပေါက်တတ်တဲ့အတွက်ကြောင့် သူတို့ရဲ့လက်မွှေးကို မကြိုက်လို့ ရိတ်ပစ်လိုက်ကြပါတယ်။ လက်မွှေးများသည်လည်း ခြေသလုံးမွှေးများနဲ့ အတူတူပါပဲ။ တစ်ခါရိတ်ပြီး အသစ်ပြန်ပေါက်လာတဲ့ အမွှေးတွေသည် အရင်ကလို နူးညံ့တော့မှာမဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်းကြီးတွေဖြစ်သွားတတ်ပါတယ်။
နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးနှင့် လည်ပင်းရှိ အမွှေးအမျှင်များ

ဒီအမွှေးအမျှင်တွေကတော့ ရိတ်သင့်တဲ့အမွှေးအမျှင်များပဲဖြစ်ပါတယ်။ တစ်ခါရိတ်လိုက်တဲ့အခါ ကွီးတို့ကို သန့်ပြန့်သွားသလို ခံစားရမှာဖြစ်ပြီး ဆဲလ်သေများကိုလည်း ဖယ်ရှားပေးကာ ထိုအမွှေးအမျှင်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကိုလည်း ဖယ်ရှားပေးပါတယ်။
ရိတ်တဲ့အခါမှာ ကွာလတီကောင်းတဲ့ Shaving Cream များ အသုံးပြုပေးရပါမယ်။
ရင်ဘတ်မွှေးနှင့် ဝမ်းဗိုက်ရှိ အမွှေးအမျှင်များ

ကွီးတို့အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ ရင်အုပ်ကြွက်သားတွေကို ကြွားချင်တယ်ဆိုရင်တော့ ရင်ဘတ်မွှေးများကို ဖယ်ရှားထားဖို့လိုအပ်ပါလိမ့်မယ်။
ကွီးတို့ရဲ့ Private Area ရှိ အမွှေးအမျှင်များ

Photo: Netluxury
တချို့ကလည်း ထိုနေရာကို ရိတ်တတ်ကြပြီး တချို့ကတော့ မရိတ်ဘဲ ထားရတာကို သဘောကျကြပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ Private Area ကို ပြောင်ပြောင်ရှင်းရှင်းလေးနဲ့ ချောမွတ်နေချင်တယ်ဆိုရင်တော့ ထိုအမွှေးအမျှင်များကို ရိတ်ပစ်ဖို့ အကြံပေးချင်ပါတယ်။
ရိတ်တဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ ဂျုတ်၊ Shaving Cream တို့ကိုသာ အသုံးပြုပေးပါ။ ဒါ့အပြင် အမွှေးအမျှင်ပေါက်တဲ့ လားရာအတိုင်း ရိတ်ပေးဖို့လိုအပ်ပါတယ်။ ရိတ်တဲ့အခါမှာလည်း ဖြည်းဖြည်းချင်းနဲ့ ဂရုတစိုက်ရိတ်ပေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မြန်ဆန်ဆန်ရိတ်တဲ့အခါ ထိခိုက်ဒဏ်ရာ ရနိုင်လို့ပါပဲ။ ထိုနေရာသည် Sensitive ဖြစ်လွယ်တဲ့အတွက်ကြောင့် သေချာဂရုစိုက်ဖို့လိုအပ်တယ်မဟုတ်လား။
Source: Fashionhombre.com
Featured Image: Mocamboo
