ကွီး တို့ နေ့စဉ် ပြုလုပ်နေတဲ့ အပြုအမူတချို့သည် အသားအရေ ကို အိုမင်းရင့်ရော်မှု မြန်ဆန်စေပြီး အရွယ်မတိုင်မှီ အလျင်အမြန် အိုစာသွားစေတယ်ဆိုတာကို သိပြီးပါပြီလား။

ကိုယ်က မတော်တဆ ပြုလုပ်မိလိုက်ရင်ပဲဖြစ်စေ တမင်တကာ ပြုလုပ်မိလိုက်၍ဖြစ်စေ ထိုအပြုအမူများသည် ကွီးတို့ရဲ့ အသားအရေကို တဖြည်းဖြည်းနဲ့ ဆယ်နှစ်စာခန့် အိုစာသွားစေမှာဖြစ်ပါတယ်။ အစပိုင်းမှာတော့ သိသာမှာမဟုတ်ပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ နဖူးမှာ အရေးအကြောင်းများ ထလာပြီး မျက်ဝန်းတစ်ဝိုက်မှာလည်း အသားအရေ တွန့်လာမှာဖြစ်ပါတယ်။

ထိုအပြုအမူများကို ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

ကော်ဖီ သောက်ခြင်း

ကွီး အသားအရေ

လူတိုင်းသည် ကော်ဖီ သောက်ရခြင်းကို အလွန်အမင်း နှစ်ခြိုက်ကြပါတယ်။ ကော်ဖီချစ်သူတွေဆိုရင် တစ်ရက်လျှင် ကော်ဖီ သုံးခွက်လောက် သောက်လေ့ရှိပါတယ်။ ကော်ဖီထဲတွင် ပါဝင်တဲ့ ကာဖိန်းဓာတ်သည် ခန္ဓာကိုယ်ရှိ ရေဓာတ်ကို ခမ်းခြောက်စေပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ တဖြည်းဖြည်းနဲ့ ကွီးတို့ရဲ့ အသားအရေသည် ရေဓာတ်လုံလောက်စွာ ရရှိမှာမဟုတ်တော့ဘဲ ပါးရေတွန့်ခြင်း၊ အရေးအကြောင်း ထခြင်းတို့ကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကော်ဖီ တစ်ခွက် သောက်တယ်ဆိုရင် ရေများများ ပြန်သောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရဲ့ မျက်လုံးကို မကြာခဏ ပွတ်သပ်ခြင်းကလည်း မျက်ဝန်းတစ်ဝိုက်ရှိ အသားအရေကို အရေးအကြောင်း ထစေပါတယ်

ကွီး အသားအရေ

Photo: Drhiura

မျက်လုံးကို ပွတ်သပ်ခြင်းသည် မျက်လုံးညောင်းညာခြင်းကို ခဏတာလောက် သက်သာစေပေမယ့် မျက်လုံးကို နီရဲလာစေပြီး မျက်ဝန်းတစ်ဝိုက်ရှိ အသားအရေကို ခြောက်သွေ့သွားစေပါတယ်။ မျက်ဝန်းအောက်ရှိ အရေပြားအလွှာသည် ပါးလွှာပြီး နူးညံ့တဲ့အတါက်ကြောင့် မကြာခဏ ပွတ်သပ်ပါက သွေးကြောများကို ထိခိုက်စေပြီး မျက်ကွင်းညိုစေပါတယ်။

ကွီးတို့ မျက်ဝန်း အသားအရေသည် အရေးအကြောင်း ထနေမယ် (သို့မဟုတ်) မျက်ကွင်းညိုနေမယ်ဆိုရင်တော့ မျက်လုံးကို မကြာခဏ ပွတ်သပ်နေတတ်လို့ပဲဖြစ်ပါတယ်။ ထိုအလေ့အကျင့်ကို အခုကတည်းက ဖျောက်ဖျက်လိုက်ရပါမယ်။

ဝမ်းလျားမှောက် အိပ်စက်ခြင်း

ကွီး အသားအရေ

လူတိုင်းမှာ ကိုယ် အနှစ်သက်ဆုံးနဲ့ သက်သောင့်သက်သာအဖြစ်ဆုံး အိပ်စက်ပုံအနေအထား ကိုယ်စီ ရှိကြပါတယ်။ အိပ်စက်ပုံအနေအထား အမျိုးမျိုးရှိတဲ့အနက် ကွီးတို့ရဲ့ အသားအရေအတွက် မကောင်းဆုံး အနေအထားကတော့ ဝမ်းလျားမှောက် အိပ်စက်ခြင်းပဲဖြစ်ပါတယ်။

ဝမ်းလျားမှောက် အိပ်စက်ရတဲ့အခါ မျက်နှာက ခေါင်းအုံးပေါ်မှာ အပ်ထားရပြီး ကိုယ် အိပ်စက်နေတဲ့အချိန်မှာ မျက်နှာနဲ့ ခေါင်းအုံးရဲ့ ပွတ်တိုက်မှုကြောင့် အရေးအကြောင်းနှင့် ပါးရေတွန့်ခြင်းများ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ဝမ်းလျားမှောက် အိပ်တတ်တဲ့ အလေ့အကျင့်ကို ယခုကတည်းက ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါလိမ့်မယ်။

နေလောင်ကာ ခရင်မ် အသုံးမပြုခြင်း

ကွီး အသားအရေ

နေပူပူ မိုးအုံ့အုံ့၊ နေလောင်ကာခရင်မ်သည် အပြင်ထွက်မယ်ဆိုတဲ့အချိန်တိုင်း လိမ်းကျံပေးရမှာဖြစ်ပါတယ်။ နေလောင်ကာခရင်မ်သည် ကွီးတို့ရဲ့ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အရေးအကြောင်းနှင့် အိုမင်းရင့်ရော်မှုကို ၈၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ နေလောင်ကာ ခရင်မ် မလိမ်းဘဲ အပြင်ထွက်တဲ့အခါ ကွီး တို့ရဲ့ အသားအရေ သည် ဘာအကာအကွယ်မှ မရရှိတဲ့အတွက်ကြောင့် နေလောင်ဒဏ် အလူးအလဲခံရပြီး အရေပြားကင်ဆာခံစားရနိုင်ချေလည်း ရှိပါတယ်။

ဒါ့ကြောင့် ကွီး တို့ရဲ့ အသားအရေ ထိန်းသိမ်းမှုစနစ်ထဲမှာ နေလောင်ကာခရင်မ်သည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက်ပါတယ်။ ဒါ့အပြင် SPF ပါဝင်မှုများပြီး အရည်အသွေးကောင်းကာ စိတ်ချရတဲ့ နေလောင်ကာခရင်မ်များကိုသာ ဝယ်ယူယအသုံးပြုသင့်ကြောင်း အကြံပေးချင်ပါတယ်။

ရေချိုးတဲ့အခါ ဆပ်ပြာတုံးများ အသုံးပြုခြင်း

ကွီး အသားအရေ

ရေချိုးဆပ်ပြာတုံးများသည် ကွီး တို့ရဲ့ ရေချိုးခန်းကို မွှေးပျံ့စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကွီးတို့ရဲ့ အသားအရေကို ကြမ်းတမ်းသွားစေပါတယ်။ ရေချိုး ဆပ်ပြာတုံးထဲတွင် ပါဝင်တဲ့ ဓာတုပစ္စည်းများးသည် ကွီးတို့ အသားအရေရဲ့ pH ပမာဏကို ကမှောက်ကမဖြစ်စေပြီး အသားအရေရဲ့ သဘာဝအဆီများကို ဆုံးရှုံးသွားစေကာ ကွီး တို့ အသားအရေ ကို ခြောက်သွေ့ကြမ်းတမ်းသွားစေကာ အသားအရေ တွန့်စေပါတယ်။

ဒါ့ကြောင့် ရေချိုးတဲ့အခါ ဓာတုပစ္စည်းပါဝင်မှုများတဲ့ ဆပ်ပြာတုံးများကို အသုံးပြုမယ့်အစား သဘာဝပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ Mild ဖြစ်သော ဆပ်ပြာခရင်မ်များကိုသာ အသုံးပြုသင့်ပါတယ်။

မျက်နှာသစ်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ ဆပ်ပြာတုံးနဲ့ မျက်နှာသစ်ခြင်းကို ရှောင်ကြဉ်ကာ ကွီးတို့ အသားအရေအတွက် ထုတ်လုပ်ပေးထားတဲ့ မျက်နှာသစ်ဆေးများနဲ့သာ မျက်နှာသစ်ပေးရပါမယ်။

နှုတ်ခမ်းကို လျှာဖြင့် မကြာခဏ ပွတ်သပ်ခြင်း

man apply lip balm

Photo: Duit

နှုတ်ခမ်းသားများကို လျှာဖြင့် ပွတ်သပ်လိုက်တဲ့ တခဏတာအချိန်သည် ကွီး တို့ကို နေသာထိုင်သာ ရှိသွားစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ရေရှည်အတွက်တော့ နှုတ်ခမ်းသား ကျန်းမာရေးနဲ့ အလှအပအတွက် မကောင်းပါဘူး။ နှုတ်ခမ်းသားများသည် နူးညံ့တဲ့ အရေပြားတစ်ခုဖြစ်ပါတယ်။ မကြာခဏ လျှာဖြင့် သပ်တဲ့အတွက်ကြောင့် နှုတ်ခမ်းသား ခြောက်ကာ နှုတ်ခမ်းကွဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လျှာမှာကပ်ငြိတဲ့ တံတွေးများတွင် ပါဝင်တဲ့ အင်ဇီုင်းများသည် အသားအရေကို ခြောက်သွေ့စေပြီး အသားအရေ ကို ပျက်စီးစေပါတယ်။

ထိုအလေ့အကျင့်ကို ဖျောက်ဖျက်ဖို့ဆိုရင် ကွီးအနေနဲ့ နှုတ်ခမ်းသား အသားအရေအတွက် Lip Balm အဆီလေး လိမ်းကျံပေးထားလိုက်ပါ။ ဒါဆိုရင် နှုတ်ခမ်းကို လျှာနဲ့ ပွတ်သပ်မိမှာမဟုတ်တော့ပါဘူး။

Source: Brightside.me

Featured Image: iStock