ကွီး တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်မှု တိုးချင်တယ် ဆိုရင်တော့ ရေမွှေး ကောင်းကောင်း သုံးဖို့ လိုပါတယ်။ ရနံ့ ကောင်းတဲ့ ရေမွှေး တစ်ပုလင်းဟာ ကွီး တို့ရဲ့ စိတ်အာရုံ ခံစားမှုကို မြှင့်တင်ပေးနိုင်သလို လန်းဆန်းတက်ကြွပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ ရရှိစေဖို့ ကူညီပေး နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေမွှေး ကောင်းကောင်းသုံးချင်တဲ့ ကွီး တို့ အတွက် ရနံ့အကောင်းဆုံး အမျိုးသားသုံး ရေမွှေး ၅ မျိုး ကို ပြောပြပေးချင်ပါတယ်။

(၁) Bleu de Chanel

Photo : The Trend Spotter

Chanel ဟာ ၁၉၁၀ ခုနှစ်လောက်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ နာမည်ကြီး ဖက်ရှင် Brand တစ်ခုဖြစ်သလို ကမ္ဘာကျော် ရေမွှေး များစွာကိုလည်း ထုတ်လုပ် လျက်ရှိပါတယ်။ Chanel ရဲ့ နာမည်ကြီး ရေမွှေးများစွာထဲက Bleu de Chanel ရေမွှေး ဟာ သင်းပျံ့တဲ့ သစ်သား ရနံ့ နဲ့ လတ်ဆတ်တဲ့ လိမ္မော် ရနံ့တို့ ပေါင်းစပ်ထားပြီး မယုံနိုင်လောက်အောင် ယောက်ျားပီသမှုအပြည့်နဲ့ ဆွဲဆောင်မှုရှိစေတဲ့ အမျိုးသားသုံး ရေမွှေး ဖြစ်ပါတယ်။

(၂) Acqua Di Gio

Photo : The Trend Spotter

Acqua Di Gio ရေမွှေးဟာ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့အပြင် အဆင့်တန်းမြင့်တဲ့ ရေမွှေး ရနံ့ကြောင့် လူကြိုက်များပါတယ်။ Acqua Di Gio ရဲ့ ရနံ့ ဟာ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ရနံ့မျိုး ဖြစ်ပါတယ်။ လက်ဆတ်တဲ့ ပင်လယ် ရနံ့ နဲ့ အတူ လန်းဆန်းချိုမြတဲ့ ပန်းနဲ့ သစ်သီးရနံ့ တို့ ပေါင်းစပ်ထားတဲ့အတွက် နေ့စဉ်အသုံးပြုလို့ ကောင်းတဲ့ အမျိုးသားသုံး ရေမွှေး တစ်မျိုး ဖြစ်ပါတယ်။

(၃) Creed Aventus

Photo : The Trend Spotter

Creed Aventus ဟာ ဆွဲဆောင်မှု အားအပြင်းဆုံးနဲ့ သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ရေမွှေးများစွာထဲက တစ်မျိုး ဖြစ်ပါတယ်။ ထူးခြားတဲ့ ရနံ့များစွာကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားပြီး သစ်သီး ရနံ့ နဲ့ smoky ဖြစ်တဲ့ ရနံ့ တို့ရဲ့ ပေါင်းစပ်ထားမှုက စွဲမက်စရာကောင်းလောက်အောင် ဆွဲဆောင်မှု အားပြင်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

(၄) Armaf Club De Nuit Intense

Photo : The Trend Spotter

ဒီ ရေမွှေး ကတော့ အမျိုးသားတစ်ယောက်အတွက် ယုံကြည်မှုမြင့်မားပြီး ပြီးပြည့်စုံတဲ့ ရနံ့ ကို ပေးစွမ်းနိုင်တဲ့ ရေမွှေး အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ပန်းသီး၊ နာနတ်သီးနဲ့ သံပုရာသီးတို့ရဲ့ လန်းဆန်းတဲ့ ရနံ့ ၊ သင်းပျံ့တဲ့ ပန်း ရနံ့ တို့နဲ့ အတူ စွဲမက်စရာ Vanilla ရနံ့ တို့ရဲ့ ပေါင်းစပ်မှုက စွမ်းအားပြင်းတဲ့ ရနံ့ မျိုး ဖြစ်သလို သိမ်မွေ့ပြီး နူးညံ့ချိုမြိန်တဲ့ ခပ်သင်းသင်း ရနံ့ တို့ကိုလည်း ခံစားရစေမှာ ဖြစ်ပါတယ်။

(၅) Nautica Voyage

Photo : The Trend Spotter

ပင်လယ်ကမ်းခြေရဲ့ လတ်ဆတ်တဲ့ နွေရာသီ အငွေ့အသက်မျိုးကို Nautica Voyage ရေမွှေး ကနေ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ Nautica Voyage ရေမွှေး ဟာ ပင်လယ်ရနံ့ နဲ့ သစ်သားဆန်တဲ့ရနံ့ များကို ပေါင်းစပ်ထားပြီး ယောက်ျားဆန်ဆန်နဲ့ လန်းဆန်းစေတဲ့ ရေမွှေးမျိုး ဖြစ်ပါတယ်။ နွေရာသီမှာ သုံးလို့အကောင်းဆုံးဖြစ်ပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွတဲ့ ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

Featured Photo : Freepik