သူ့ထက်ငါ အပြိုင် ရှေ့ရောက်ဖို့ ကြိုးစားနေကြရတဲ့ ခေတ်ကြီးထဲမှာ Second Language တစ်ခု ကျွမ်းကျင်တက်မြောက် ထားဖို့က အခြေခံလိုအပ်ချက် တစ်ခု ဖြစ်လာနေပါပြီ။ နိုင်ငံရပ်ခြားကို သွားရောက် အလုပ် လုပ်ကိုင်လိုရင် ဖြစ်စေ ၊ ကိုယ့်နိုင်ငံတွင်းက International ကုမ္ပဏီ တစ်ခုခုမှာ အလုပ် လုပ်ကိုင်လိုရင်ပဲ ဖြစ်စေ နိုင်ငံခြား ဘာသာစကား တစ်ခုခုတော့ ကျွမ်းကျင်တက်မြောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဘာ သာစကား တစ်မျိုးနဲ့ အထက် တက်မြောက်ထားခြင်းဟာ တခြားသူတွေထက် ရှေ့တစ်လှမ်းပိုရောက်နေစေမှာဖြစ်ပြီး အလုပ်အကိုင် အခွင့် အလမ်းကောင်းတွေ ပိုမိုပေါများသလို ရာထူးတိုးခြင်း ၊ လစာတိုးခြင်း တွေအတွက်လည်း များစွာအထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ဘာသာစကား အမျိုးပေါင်း ထောင်နဲ့ချီ ရှိတဲ့ အထဲကမှ အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံးနဲ့ ကိုယ့်ရဲ့ Career ကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး ဘာသာစကား ၅ မျိုး ကို ပြောပြပေး ချင်ပါတယ်။

(၁) အင်္ဂလိပ်

အလုပ်အကိုင် ဘာသာစကား

Photo : Mover.uz

အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံး ဘာသာစကား တွေထဲမှာ အင်္ဂလိပ် ဘာသာစကားက ထိပ်ဆုံးမှာ ရှိနေပါတယ်။ အားလုံး သိကြတဲ့ အတိုင်း အင်္ဂလိပ် ဘာသာစကား ဟာ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကား တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဘာသာစကား တစ်ခု ဖြစ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုမိုများပြားသလို အလုပ်ရှာဖို့ အတွက် အခြေခံ လိုအပ်ချက်တစ်ခုလို့တောင် ပြော နိုင်ပါတယ်။ ဒါ့အပြင် ပညာရေး အဆင့်မြှင့်တင်ခြင်း ၊ ခရီးသွားခြင်း ၊ နိုင်ငံတကာ အဆက်အသွယ်များနဲ့ ပြောဆို ဆက်ဆံခြင်း စတဲ့နေရာတွေမှာလည်း အသုံးဝင်တဲ့အတွက် ဦးစားပေး သင်ယူတက်မြောက် ထားသင့်တဲ့ ဘာသာစကား တစ်ခု ဖြစ်ပါတယ်။

(၂) မန်ဒရင်း တရုတ်

အလုပ်အကိုင် ဘာသာစကား

Photo : Al Bawaba

မန်ဒရင်း ဘာသာစကား ဟာ ကမ္ဘာပေါ်က လူသုံးအများဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကား ပြီးနောက် ဒုတိယအရေးကြီးဆုံး Commercial Language တစ်ခုအနေနဲ့ မန်ဒရင်း ဘာသာစကားကို သင်ယူထားဖို့ ကျွမ်းကျင်သူတွေက အကြံပြု ထားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ဩဇာလွှမ်းမိုးမှု အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများစွာ လုပ်ကိုင်လျက် ရှိတာကြောင့် မန်ဒရင်း ဘာသာစကား တက်မြောက်ထားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) ဂျာမန်

အလုပ်အကိုင် ဘာသာစကား

Photo : Speechling

ဥရောပ တစ်ခွင်မှာတော့ ဂျာမနီရဲ့ အခန်းကဏ္ဍက အရမ်းကို ကျယ်ပြန့်ပါတယ်။ ဥရောပ အလယ်ပိုင်းရဲ့ နိုင်ငံပေါင်း ၆ နိုင်ငံမှာ ဂျာမန် ဘာသာစကား ကို အစိုးရ ရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ် ထားပါတယ်။ နာမည်ကြီး စီးပွားရေး လုပ်ငန်းစုတွေ နဲ့ ကမ္ဘာကျော် ထိပ်တန်း ကုမ္ပဏီများ တည်ရှိရာ ဂျာမနီ ၊ သြစတြီးယားနဲ့ ဆွစ်ဇာလန် နိုင်ငံတို့လို ဥရောပနိုင်ငံတွေဟာ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်တဲ့ အကောင်းဆုံး နိုင်ငံတွေ ဖြစ်တာကြောင့် ဂျာမန် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူတက်မြောက်ထား သင့်ပါတယ်။

(၄) ဂျပန်

အလုပ်အကိုင် ဘာသာစကား

Photo : Live Japan

ဂျပန်နိုင်ငံကတော့ ကမ္ဘာပေါ်က တတိယ စီးပွားရေးအင့်အား အတောင့်အတင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ Toshiba ၊ Sony ၊ Toyota ၊ Honda နဲ့ Yamaha တို့လို ထိပ်တန်း ကုမ္ပဏီကြီးတွေ တည်ရှိရာ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ များသော အားဖြင့် ဂျ ပန်နိုင်ငံဟာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကြောင့် နာမည်ကြီးပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍတွေမှာ အလုပ်အကိုင် အခွင့်အ လမ်းတွေ ပိုမိုပေါများတဲ့အတွက် ဂျပန် ဘာသာစကားဟာလည်း သင်ယူထားတဲ့ အကောင်းဆုံး ဘာသာစကားတွေထဲက တစ်ခု ဖြစ်ပါတယ်။

(၅) စပိန်

အလုပ်အကိုင် ဘာသာစကား

Photo : Vagas

စပိန်ဘာသာစကား ဟာ အင်္ဂလိပ်နဲ့ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် လူပြောအများဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ လက်ရှိ စပိန် ဘာသာစကားကို ပြောနေတဲ့ လူဦးရေ စုစုပေါင်း သန်း ၅၀၀ ကျော်ရှိပါတယ်။ မကြာသေးမီ ကာလတွေအတွင်း စပိန် ဘာသာစကားကို လေ့လာသူ အရေအတွက် သိသိသာသာတိုးပွားလာပြီး ကမ္ဘာပေါ်က ဒုတိယမြောက် လေ့လာသူအများဆုံး ဘာသာစကားတစ်ခု ဖြစ်လာပါတယ်။ အမေရိက နဲ့ ဥရောပနိုင်ငံတွေမှာ အသုံးများတဲ့ ဘာသာစကား တစ်ခုဖြစ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ ဘာသာ စကား တွေထဲမှာ စပိန် ဘာသာစကား ဟာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Featured Photo : Brainscape