ပိုက်ဆံ ရှိတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံရှိမှပဲ ပျော်ရမယ်လို့ မဟုတ်ပါဘူး။ ပျော်ရွှင်နိုင်ဖို့ ပိုက်ဆံ သုံးစရာမလိုတဲ့ နည်းလမ်း လေးတွေ ရှိကြပါတယ်။

(၁) ပြုံးတဲ့အကျင့်လေး မွေးကြည့်ပါ

Smile

Photo: Pexels

အပြုံးတစ်ပွင့်အတွက် ပိုက်ဆံတစ်ကျပ်တစ်ပြားမှ အကုန်ခံစရာ မလိုပါဘူး။ ပြုံးတယ်ဆိုတာ မီးတစ်လုံး ဖွင့်လိုက်သလို စိတ်ကို လင်းစေတဲ့ အရာပဲ မလား။ စိတ်ညစ်ရင်တောင် ပြုံးတဲ့အကျင့်လေး လုပ်ကြည့်ဖို့ ကွီးတို့ကို တိုက်တွန်းချင်ပါတယ်။

(၂) အတွေးတွေကို ထိန်းချုပ်ပါ

Photo: Pexels

သတိနဲ့ ယှဉ်တဲ့ စိတ်အလေ့အကျင့်ကလည်း ပျော်ရွှင်ခြင်းရဲ့ အရင်းအမြစ်ပါပဲ။ အတိတ် နဲ့ အနာဂါတ်ဆီ လေလွင့်ပြေးလွှားနေတဲ့ စိတ်ကတော့ သတိမပါတဲ့ စိတ် ၊ လေနေတဲ့ စိတ်မျိုး ဖြစ်ပြီး လူရဲ့ ပျော်ရွှင်ကြည်နူးမှုကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။

(၃) ခန္ဓာကိုယ်ကို လှုပ်ရှားပါ

Move Body

Photo: Pexels

စိတ်ညစ်ညူးနေတဲ့အချိန် လမ်းလေးဖြစ်ဖြစ် ထလျှောက်ဖို့ မခက်ပါစေနဲ့ ။ ပျော်ရွှင်ခြင်း ဟော်မုန်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ပွင့်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် လှုပ်ရှားပါ ၊ လမ်းလျှောက်ပါ ၊ သင့်ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ပျော်ရွှင်မှုတွေ ခံစားပါ။

(၄) ရောင့်ရဲတတ်တဲ့စိတ် မွေးပါ

Happy

Photo: Pexels

နေထိုင်မှုပုံစံကို ရိုးနိုင်သမျှ ရိုးရှင်းအောင် လုပ်ပါ။ ဘဝမှာ ကိုယ်လိုချင်သလောက် မရတဲ့အခါ ၊ ကိုယ် ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့တဲ့အခါ ရောင့်ရဲနိုင်စွမ်းရှိပါစေ။ ပျော်ရွှင်ဖို့အတွက် စိတ်ကို မျှတအောင် ထားဖို့ လိုပါတယ်။

Featured Photo : Pexels