ဆံပင်စတိုင်လ်နဲ့ ပတ်သက်လာရင် Crew Cut သည် စမတ်ကျ ပြီး သပ်ရပ်ကျော့ရှင်းနေချင်တဲ့ ကွီး တို့အတွက် အမိုက်စား ဆံပင်စတိုင်လ် တစ်ခုပဲဖြစ်ပါတယ်။
Crew Cut ဆိုတာ ဘယ်လို ဆံပင်စတိုင်လ်မျိုးလဲ
ဆံပင်ထိပ်ပိုင်းနားမှာ တိုတိုကပ်ကပ်လေး ညှပ်ထားပြီး နောက်စေ့နားနှင့် ဘေးတစ်ဖက်တစ်ချက်စီရင် ခပ်တိုတိုလေး ညှပ်ထားတာဖြစ်ပါတယ်။ စမတ်ကျ တဲ့အသွင် ပိုင်ဆိုင်ချင်တဲ့ ကွီး တို့အနေနဲ့ ကိုယ့် ဆံပင်ကို အများကြီး ထိန်းသိမ်းပြုပြင်မှု မလုပ်နိုင်ဘူးဆိုရင်တော့ ဒီ ဆံပင်စတိုင်လ် က အသင့်တော်ဆုံးပါပဲ။
Crew Cut ဆံပင်စတိုင်လ်နဲ့ ကွီးတို့ဘယ်လို ဖက်ရှင်ကျနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
Classic Crew Cut
ဒီ Crew Cut ကတော့ အညှပ်အများဆုံး ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ခေါင်းဖြီးရမှာ ပျင်းတဲ့ ကွီးတို့အတွက် အသင့်တော်ဆုံးဆံပင်စတိုင်လ်တစ်ခုပါပဲ။
ဘေးနားမှာ လိုင်းတစ်ကြောင်း ဖော်ထားတဲ့ ဆံပင်စတိုင်လ်
ကွီးတို့အနေနဲ့ Crew Cut ကိုမှ အမိုက်စား ဆံပင်စတိုင်လ်တစ်ခုဖြစ်သွားအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အခုလိုလေး အမိုက်စား လိုင်းတစ်လိုင်း ဖန်တီးလိုက်ပါ။
အားလုံးနဲ့ လိုက်ဖက်နေစေမယ့် ဆံပင်ကေ
ဒီဆံပင်ကေလေးကတော့ ဘယ်လိုမျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်တဲ့ ဆံပင်ကေတစ်ခုပါပဲ။
Long Crew Cut
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ဆံပင်စတိုင်လ်ကို အနည်းငယ်ပုံသွင်းချင်တယ်ဆိုရင်တော့ Long Crew Cut ကို ရွေးချယ်သင့်ပါတယ်။ ဒီဆံပင်ကတော့ ထိပ်ပိုင်းနားမှာ Short Crew Cut ထက်စာရင် ပိုရှည်အောင် ညှပ်ထားတဲ့ဆံပင်စတိုင်လ်ဖြစ်ပါတယ်။ ထိပ်နားက ဆံပင်တွေကို ဘေးဘက်ပဲ ခွဲချင်သလား၊ နောက်ပြန်လှန်ဖြီးချင်သလား မိမိစိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
Crew Cut Fade
ဒီဆံပင်လေးကတော့ နောက်စေ့နားက ဦးခေါင်းဘေးတစ်ဖက်တစ်ချက်စီမှာ မပြောင်တပြောင် ရိတ်ထားတဲ့ဆံပင်စတိုင်လ်ဖြစ်ပါတယ်။ စမတ်ကျ ပြီး ထိန်းသိမ်းမှုအနည်းဆုံးကိုမှ လိုချင်တဲ့ ကွီး တို့အတွက် အသင့်တော်ဆုံး ဆံပင်စတိုင်လ် တစ်ခုပါပဲ။
Textured Crew Cut
ဒီလိုဆံပင်စတိုင်လ်လေးကတော့ ဆံပင်အုံထူသူများ၊ ဆံပင်ကောက်သူများအတွက်သာမက ဆံပင်ပါးသူများအတွက်လည်း လိုက်ဖက်မှုရှိစေမယ့် ဆံပင်စတိုင်လ်တစ်ခုပဲဖြစ်ပါတယ်။
Crew Cut Blowout
ဆံပင်အလယ်နားမှာ ဆံပင်အထောင်စတိုင်လ် ပြုလုပ်ထားတဲ့ဆံပင်ကေပဲဖြစ်ပါတယ်။
Crew Cut Side Part
ဆံပင်ကို ဘေးခွဲထားတဲ့ ကွီးတို့အတွက်တော့ ဒီစတိုင်လ်က ဂျယ်လ်နဲ့ ပုံသွင်းကာ စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဆံပင်စတိုင်လ်တစ်ခုပါပဲ။
ဆံပင်ကောက်တဲ့ကွီးတို့အတွက်
ဆံပင်ကောက်တဲ့သူတွေကရော Crew Cut ကို ဘယ်လိုညှပ်ရမယ်မှန်းမသိဘူးဆိုရင် ဒီဆံပင်စတိုင်လ်ကို နည်းနမူနာယူနိုင်ပါတယ်။
လူကြီးလူကောင်းဆန်သွားစေမယ့် ဆံပင်စတိုင်လ်
ကွီးတို့အနေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးလူကောင်းတစ်ယောက်အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်က အသင့်တော်ဆုံးပါပဲ။
Source: Menshairstylestoday.com
Featured Image: Hottesthaircuts