ကိုယ့်ရဲ့ပြောဆိုဆက်ဆံပုံနဲ့ ပြုမူပုံတွေကြောင့် ကိုယ့်ရဲ့အဖွဲ့သားတွေ ဝန်ထမ်းတွေက အလုပ်အပေါ် စေတနာအပြည့်နဲ့ ပြုလုပ်ပေးတာမျိုး ရှိနိုင်သလို အလုပ်ကို ပြီးပြီးရောဆိုပြီး ပြုလုပ်ပေးတာမျိုးလည်းရှိနိုင်ပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွ လာအောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများ ကို အသုံးပြုနိုင်ပါတယ်။

ကိုယ့်ရဲ့ အဖွဲ့သားများ၊ ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွ လာစေမယ့် နည်းလမ်းများ ကို မလေ့လာခင်မှာ သူတို့ကို ဘယ်အရာတွေက အလုပ်လုပ်ချင်စိတ်ပျောက်အောင် ပြုလုပ်နေသလဲဆိုတာ အရင်ဆုံး လေ့လာကြည့်လိုက်ရအောင်။

ကိုယ့်ရဲ့ဝန်ထမ်းများ၊ အဖွဲ့သားများကို ထိန်းချုပ်လွန်းခြင်း

စိတ်ဓာတ်တက်ကြွ နည်းလမ်းများ

ကိုယ့်ဘက်ကတော့ ဘာရယ်မဟုတ် စေတနာသန့်သန့်နဲ့ ဒီလိုလုပ် ဟိုလိုလုပ်ဆိုပြီး လမ်းညွှန်းပြသပေမယ့် တစ်ဖက်လူရဲ့ ခံယူချက်က လွဲမှားတဲ့ ခံယူချက်ဖြစ်သွားနိုင်ပါတယ်။ အကူအညီ လိုအပ်သူထံသာ အကူအညီပေးရမှာဖြစ်ပြီး အကူအညီ မလိုအပ်တဲ့သူထံ အရမ်းကာရော ကူညီပေးလိုက်တဲ့အခါ သူ့ကို မယုံလို့လား။ မယုံရင် အစကတည်းက ဘာလို့ ခိုင်းသလဲ စတဲ့ Confidence တွေ ပျောက်သွားပြီး သူ့ရဲ့အလုပ်လုပ်ချင်စိတ်လည်း ပျောက်သွားနိုင်ပါတယ်။

ဒီလိုမျိုး စိတ်ဓာတ်ကျစေမယ့် အချက်များကို ရှောင်ကြဉ်ပြီးနောက် ကိုယ့်ရဲ့ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွ လာအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းများ ကို ဆက်လေ့လာကြည့်လိုက်ရအောင်

သူ့ရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခြင်း

စိတ်ဓာတ်တက်ကြွ နည်းလမ်းများ

အလုပ်မှာ အသိအမှတ်ပြုခံရခြင်းသည် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်၊ အလုပ်ကြိုးစားမှုအပေါ် အသိအမှတ်ပြုတဲ့အခါ သူလည်း အလုပ်လုပ်ရတာ ယုံကြည်ချက်ပိုရှိလာပြီး ဒီထက်ပိုကြိုးစားချင်စိတ်များ ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အဖွဲ့သားများ၊ ဝန်ထမ်းများကို နှစ်ကိုယ်ကြားဖြစ်စေ၊ လူအများကြားဖြစ်စေ ချီးမွမ်းစကား ပြောဆိုပေးနိုင်ပါတယ်။

သူ့ရဲ့အလုပ်နေရာ ခြိမ်းခြောက်မခံရအောင် ပြုလုပ်ပါ

စိတ်ဓာတ်တက်ကြွ နည်းလမ်းများ

ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်မှာပဲ အလုပ်လုပ်နေရာတာမျိုး၊ အွန်လိုင်းမှာပဲ အလုပ်လုပ်ရတဲ့အခါ ဝန်ထမ်းအချို့ကို လျော့ချတာမျိုးတွေ ပြုလုပ်လာကြပါတယ်။ အချို့ကလည်း ဝန်ထမ်းလျော့ချတာမျိုးမဟုတ်ဘဲ လစာလျော့တာမျိုးတွေ ပြုလုပ်လာကြပါတယ်။ ဝန်ထမ်းတွေဘက်ကကြည့်တဲ့အခါမှာတော့ သူတို့ရဲ့အလုပ်နေရာ ခြမ်းခြောက်ခံရတဲ့အခါ အလုပ်အပေါ် စိတ်ပါဝင်စားမှုနည်းလာပြီး အလုပ်နေရာ သေချာမှုရှိတဲ့ဆီသို့ ပြောင်းရွေ့သွားတတ်ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းသော အလုပ်ပတ်ဝန်းကျင် တည်ရှိခြင်း

job motivation

ဝန်ထမ်းတွေသည် တစ်ယောက်နဲ့တစ်ယောက် မလိုမုန်းထားရှိခြင်း၊ အရှေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြနေပေမယ့် ကွယ်ရာမှာ အတင်းချနေကြခြင်း၊ ဒီလိုမျိုး အလုပ်ပတ်ဝန်းကျင်သည် အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခြင်း၊ တက်တက်ကြွကြွနဲ့ အားပေးကြတဲ့ ပတ်ဝန်းကျင်မျိုးမှာတော့ အလုပ်လုပ်ရတာကို ပျော်မွေ့ကြပါတယ်။ ဒီလိုအလုပ်ပတ်ဝန်းကျင်မှာ ဝန်ထမ်းမြဲလေ့ရှိကြပြီး စောစောကလို အဆိပ်အတောက်ပတ်ဝန်းကျင်မျိုးမှာတော့ ဝန်ထမ်းအဝင်အထွက် ခဏခဏရှိနေမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ဝန်ထမ်းများကို ပညာရည်တိုးတက်လာအောင် ကူညီပေးခြင်း

job motivation

တိုးတက်မှုမရှိဘဲ လမ်းဆုံးတဲ့နေရာမျိုးဆိုရင် ဘယ်သူမှ သွားချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို အရည်အချင်းတိုးတက်လာအောင် ကူညီပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်းတို့သည် သူတို့ရဲ့အလုပ်အပေါ် ပိုမိုစိတ်ပါဝင်စားလာအောင် ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်လာတဲ့အခါမှာလည်း အလုပ်ပြီးမြောက်မှု ပိုမိုမြန်ဆန်လာပြီး ကိုယ့်ရဲ့လုပ်ငန်းအတွက်လည်း တစ်ဖက်တစ်လှမ်းက အကျိုးဖြစ်ထွန်းစေပါတယ်။

သူတို့ကို ဂရုစိုက်ကြောင်း ပြသပါ

job motivation

သူတို့ကို သူတို့ရဲ့ခေါင်းဆောင် (သို့) သူဌေးက ဂရုစိုက်ပါလားဆိုတဲ့ ခံစားချက်များ ခံစားရတဲ့အခါ တန်ပြန်အနေနဲ့ သူတို့ရဲ့အလုပ်အပေါ်မှာလည်း စေတနာပါပါနဲ့ အားစိုက်ထုတ်ကာ လုပ်ဆောင်လာပါလိမ့်မယ်။ သူတို့ရဲ့အတွေးအမြင်များကို အလေးပေးကာ မေးမြန်းခြင်း၊ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့် ပေးခြင်း အစရှိတဲ့ အချက်များသည် ကိုယ့်ရဲ့အဖွဲ့သားများ၊ ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွ လာအောင် ကူညီပေးနိုင်မယ့် နည်းလမ်းများ ထဲက တစ်ခုအပါအဝင်ပါပဲ။

Source: Lifehack.org

Featured Image: Achievers