ဇိမ်ခံပစ္စည်းတွေလို့ ပြောလိုက်တဲ့အခါမှာ ဘောပင်တစ်ချောင်းသည် ဇိမ်ခံပစ္စည်းတွေထဲက တစ်မျိုးဖြစ်တယ်လို့ တွေးမိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စီးပွားရေးလုပ်နေတဲ့ ကွီး တို့အတွက်တော့ အကောင်းစား Luxury ဆန်တဲ့ ဘောပင် တစ်ချောင်း လိုအပ်တာတော့အမှန်ပါပဲ။
တကယ်လို့ ကွီးတို့သည် ဈေးသက်သာတဲ့ ပလပ်စတစ်ဘောပင်တွေကို သုံးကျင့်ရှိနေတဲ့အချိန်မှာ အရည်အသွေးကောင်းပြီး ဈေးကြီးတဲ့ဘောပင်တစ်ချောင်းကို ဝယ်သုံးခါစမှာ ခံစားချက်အသစ်တစ်မျိုးကို ခံစားနေရပြီး တဖြည်းဖြည်းနဲ့ ကွာလတီကောင်းတာကိုသာ ကြိုက်နှစ်သက်လာပါလိမ့်မယ်။
ကွီး တို့အနေနဲ့ အကောင်းစား Luxury ဘောပင် တစ်ချောင်းကို ဝယ်ယူချင်ပေမယ့် ဘယ်လိုဘောပင်မျိုးကို ရွေးချယ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကွာလတီကောင်းကောင်း ဘောပင်များကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Parker Sonnet Pen

ဒီဘောပင်သည် ရှေးအကျဆုံးဘောပင်တွေထဲက တစ်ချောင်းဖြစ်ပါတယ်။ သူ့ကုမ္ပဏီသည် အရည်အသွေးကောင်းသော ဘောပင်များကို ၁၉၉၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဘောပင်တွေသည် အကောင်းစား ကုန်ကြမ်းပစ္စည်းများနှင့်သာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၈၃.၈၄ ဒေါ်လာဖြင့် ဝယ်ယူနိုင်မှာပါ။
Cross Classic Pen

ဒီဘောပင်လေးကတော့ Ballpoint Pen လေးပဲဖြစ်ပါတယ်။ သူ့ကိုလည်း အရည်အသွေးကောင်းသော ကုန်ကြမ်းများဖြင့်သာ ထုတ်လုပ်ထားတာဖြစ်ပြီး ဘောပင်ရဲ့အလေးချိန်ကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ အသုံးပြုလို့ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၇.၂၄ ဒေါ်လာ ပေးဝယ်နိုင်ပါတယ်။
Waterman Hemisphere Ballpoint Pen

ဒီဘောပင်လေးကတော့ 23K ရွှေနဲ့ အနားကွတ်ကာ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီဘောပင်လေးကို တစ်ခါသုံးပြီးတာနဲ့ အခြားသောဘောပင်များကို ထပ်မသုံးချင်အောင် ဆွဲဆောင်နေမှာပါ။ သူ့ဈေးနှုန်းကတော့ ၅၆.၉၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Scriveiner Black Lacquer Ballpoint Pen

သူ့ရဲ့အရောင်တွဲစပ်မှုက တကယ့်ကိုမှ နှစ်လိုဖွယ်ကောင်းတာကြောင့် ကွီး တို့အနေနဲ့ Luxury ဘောပင် တစ်ချောင်းအဖြစ် အကြိုက်တွေ့နေကြမှာအမှန်ပါပဲ။ သူ့ကိုတော့ ဒေါ်လာ ၃၂.၉၉ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Parker IM Premium Fountain Pen

ကွီး တို့အနေနဲ့ အကောင်းစား Luxury ဖောင်တိန် ဘောပင် လေးကို လိုချင်တယ်ဆိုရင်တော့ ဒီဘောပင်လေးကို ရွေးချယ်နိုင်ပါတယ်။ သူ့ထုတ်ပိုးမှုကလည်း တကယ့်ကို အကောင်းစားထုတ်ပိုးမှုတွေနဲ့ ပြုလုပ်ထားပြီး ဈေးနှုန်းကတော့ ၅၄ ဒေါ်လာဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
Scriveiner ဖောင်တိန်ဘောပင်

Scriveiner တံဆိပ်ကိုမှ ဖောင်တိန်အမျိုးအစား ကိုင်ချင်တယ်ဆိုရင်တော့ 24K ရွှေနဲ့ အနားကွပ်ကာ အလှဆင်ထားတဲ့ ဒီဖာင်တိန်လေးကို ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ Amazonn က ဝယ်မယ်ဆိုရင် ဒေါ်လာ ၆၀ ဝန်းကျင်ကုန်မှာဖြစ်ပါတယ်။
Pental Libretto Gel Pen

ဒီဘောပင်လေးကိုတော့ အနက်ရောင်အပြင် Rose Gold အရောင်တို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပြီး စာရေးရတဲ့အခါမှာလည်း သက်သောင့်သက်သာနဲ့ ရေးနိုင်အောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆ ဒေါ်လာ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။
Beiluner Fountain Pen

ဖောင်တိန်ထိပ်ဖူးနားကို 24K ရွှေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ကွီး တို့အတွက် Luxury ဆန်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းမယ့် ဘောပင်တစ်ချောင်းပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၉ ဒေါ်လာဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။
Cross Baily Ballpoint Pen

Classic ဆန်တဲ့ ဘောပင်အရောင်လေးကို နှစ်သက်တယ်ဆိုရင်တော့ Cross Baily ရဲ့ Ballpoint Pen လေးကိုသာ ရွေးချယ်လိုက်ပါ။ သူ့ရဲ့ဈေးနှုန်းကတော့ ၄၂ ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး အရောင်အမျိုးအစားအနေနဲ့ ၆ ရောင် ရွေးချယ်နိုင်မှာပါ။
Everyman Grafton Pen

လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့ နောက်ထပ်ဘောပင်တစ်ချောင်းကတော့ ဒီဘောပင်အမျိုးအစားလေးပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒေါ်လာ ၄၀ ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ရွေးချယ်စရာအရောင်အနေနဲ့ကတော့ ၁၀ ရောင် ရွေးချယ်နိုင်ပါတယ်။
ကွီး တို့အနေနဲ့ အခုဖော်ပြသွားတဲ့ Luxury ဘောပင် တွေထဲကမှ ဘယ်ဘောပင်ကို အကြိုက်နှစ်သက်ဆုံးပါလဲ။
Source: Kalibrado.com
Featured Image: Spy.com
