ကမ္ဘာနှင့်တစ်ဝှမ်းတွင် ဓာတ်ဆီဈေးများ တရိပ်ရိပ် တက်လာသည်နှင့်အမျှ လျှပ်စစ်ကားများရဲ့ ရောင်းအားတွေသည်လည်း တဖြည်းဖြည်းတက်လာတာဖြစ်ပါတယ်။ ကား ချစ်သူ ကွီး တို့အကြားတွင်လည်း လျှပ်စစ်ကား များသည် ဝယ်ယူချင်စရာကောင်းလောက်အောင် ခမ်းနားလှပနေတာကတော့ အမှန်တရားပါပဲ။
ကား ချစ်သူ ကွီး တို့အနေနဲ့ အကောင်းစား လျှပ်စစ်ကား များကို နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လျှပ်စစ်ကားတွေကို လေ့လာနိုင်ပြီး ကိုယ့်အကြိုက်ဆုံးက ဘယ်ကားဖြစ်မလဲဆိုတာကို ရွေးချယ်လိုက်ပါ။
Hyundai Ioniq 5

Hyundai Ioniq 5 ရဲ့တန်ဖိုးကတော့ ယူရိုငွေ ၃၇၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ကားရီဗျူးပြုလုပ်သူများရဲ့ ပြောကြားချက်အရ ကားသည် မောင်းနှင်သူရော၊ စီးနင်းသူပါ သက်သောင့်သက်သာခံစားချက်ကို ပေးစွမ်းပြီး သူ့မှာပါတဲ့ ဘက္ကထရီကိုလည်း အကောင်းစားကုန်ကြမ်းများဖြင့် ပြုလုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။
Kia EV6

Kia EV6 နဲ့ Hyundai Ioniq 5 ညီအစ်ကိုတွေလို့ ပြောလို့ရပါတယ်။ သူတို့ကို အသုံးပြုထားတဲ့ နည်းပညာက ဆင်တူပါတယ်။ ကား ချစ်သူ ကွီး အနေနဲ့ နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား မျိုးကို မကြိုက်ဘူး Classic ဆန်တဲ့ ဒီဇိုင်းမျိုးပဲ ကြိုက်တယ်ဆိုရင်တော့ Kia EV6 က အသင့်တော်ဆုံးပါပဲ။
Skoda Enyaq

ဒီကားရဲ့ ဈေးနှုန်းလေးကတော့ ယူရိုငွေ ၃၅၀၀၀ ကုန်ကျမှာဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ကပါ ပေးရတဲ့ ဈေးနဲ့ တန်နေစေမှာအမှန်ပါပဲ။
Fiat 500

သေးသေးကွေးကွေးလေးနဲ့ ကိုယ်စီးတဲ့ ကားက လျှပ်စစ်ကားမှန်း သိသာစေချင်တယ်ဆိုရင်တော့ Fiat 500 မော်ဒယ်လေးကို ဝယ်ူလိုက်ပါတယ်။ ဘက္ကထရီ ပြန်မသွင်းခင်အထိ မိုင်ပေါင်း ၁၉၉ မိုင်ခရီးအထိ မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားပဲဖြစ်ပါတယ်။
BMW iX

BMW လျှပ်စစ်ကားကို နှစ်သက်တယ်ဆိုရင်တော့ BMW iX ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သူသည် လမ်းကြမ်းတွေပေါ်မှာ မောင်းနှင်တာတောင်မှ သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းနိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပြီး အကြမ်းလည်းခံပါသေးတယ်။
Ford Mustag Mach-E

ဒီလျှပ်စစ်ကားရဲ့ ဈေးနှုန်းကတော့ ယူရိုငွေ ၄၃၀၀၀ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ အပြာရောင်လေးကလည်း ကားချစ်သူတွေကို ဆွဲဆောင်နိုင်တဲ့အပြင် သူ့ရဲ့စွမ်းဆောင်ရည်ကလည်း အကောင်းတကာ့အကောင်းဆုံးလို့ မှတ်ယူနိုင်ပါတယ်။
Porsche Taycan

နောက်ဆုံးပေါ် ကားဒီဇိုင်းလေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ Porsche Taycan ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Audi e-tron GT

ဒီကားရဲ့ဈေးနှုန်းကတော့ ယူရိုငွေ ၈၂၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မျာဖြစ်ပြီး ကားရဲ့စွမ်းဆောင်ရည်ကလည်း အမိုက်စားလို့ ပြောလို့ရပါတယ်။
Tesla Model 3

ဒီကားကိုလည်း လျှပ်စစ်ကား ဝယ်ယူချင်သူတော်တော်များများက အချိန်ကြာကြာစောင့်စားနေကြရတဲ့ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ဘက္ကထရီသည် ၃၅၂ မိုင်ခရီးအထိ သွားနိုင်ပါတယ်။
Tesla Model Y
Model Y ကတော့ Tesla ရဲ့ ဒုတိယ SUV ဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းသည် စောစောက Model 3 ထက် ပိုမိုကျစ်ကျစ်လျစ်လျစ်လေးဖြစ်အော် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထိုကားမော်ဒယ်နှစ်ဦးစလုံးသည် နည်းပညာက ၉၅ ရာခိုင်နှုန်းခန့် တူညီအောင် ထုတ်လုပ်ထားတာကတော့ Model Y ဝယ်ယူသူတွေတွက် အားနည်းချက်တစ်ခုဖြစ်ပြီးတော့ Model 3 ဝယ်ယူသူတွေအတွက်တော့ အားသာချက်တစ်ခုပါပဲ။
ကား ချစ်သူ ကွီး တို့အနေနဲ့ အခုဖော်ပြသွားတဲ့ လျှပ်စစ်ကား တွေထဲက ဘယ်လျှစ်စစ်ကားကို ဘဝင်အခိုက်ဆုံးဖြစ်နေပါသလဲ။
Source: Autoexpress.co.uk
Featured Image: Smartcitiesworld

