ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်ညီတဲ့ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများ ထားတတ်ခြင်းသည် ကိုယ့်ကိုဆွဲဆောင်မှုရှိအောင် ကူညီပေးမှာအမှန်ပါပဲ။ အချို့မုတ်ဆိတ်မွှေးများသည် ဆွဲဆောင်မှုရှိနေပြီး အချို့ကတော့ မလှမပဖြစ်နေရခြင်းမှာ ကိုယ့်မျက်နှာနဲ့ မလိုက်ဖက်လို့ပဲဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့်ရဲ့မျက်နှာကို ညှို့ငင်အား ပိုကောင်းလာအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Facial Hair အမျိုးမျိုးထဲက ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ပုံစံလေးကို ထားသင့်ပါတယ်။
အဖျားနှစ်ဖက်က ကောက်ကွေးနေအောင် ဖန်တီးထားတဲ့ နှုတ်ခမ်းမွှေး
ဒီလိုနှုတ်ခမ်းမွှေးလေး ထားမယ်ဆိုရင်တော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလိုအပ်ပြီး နှုတ်ခမ်းမွှေး အဖျားတွေကို မကြာခဏ ညှပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။
ခပ်ရေးရေးလေး ပေါက်နေတဲ့ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများ
ကွီး တို့အနေနဲ့ ဒီလို ညှို့ငင်အား ပြင်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Facial Hair ကို နှစ်ရက်လောက် မရိပ်ဘဲ ထားကြည့်လိုက်ပါ။ ဒါဆိုရင်တော့ဒီလိုခပ်ရေးရေးလေး ပေါက်နေတဲ့ စတိုင်လ်လေး ရရှိသွားပါလိမ့်မယ်။
မထူမပါး နှုတ်ခမ်းမွှေးများ
စောစောက နှစ်ရက်လောက် မရိတ်ဘဲ ထားထားတဲ့စတိုင်လ်ကိုမှ နောက်ထပ် ၈ ရက်မှ ၁၀ ရက်ခန့်အထိ မရိတ်ဘဲ ထားလိုက်မယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုး ထွက်လာပါလိမ့်မယ်။
ထူထူထဲထဲ မုတ်ဆိတ်မွှေး
ကိုယ့်ရဲ့မုတ်ဆိတ်မွှေးနေရာမှာ ထူထူထဲထဲလေး လိုချင်တယ်ဆိုရင်တော့ Essential Oils များ လိမ်းပေးဖို့လိုအပ်ပြီး မုတ်ဆိတ်မွှေးများကိုလည်း အဖျားညီအောင် တိပေးခြင်းအပြင် ရေဓာတ်ပြည့်နေအောင် Moisturizer များ လိမ်းကျံပေးဖို့လိုအပ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု အများဆုံးလိုအပ်တဲ့ မုတ်ဆိတ်မွှေးစတိုင်လ်တစ်ခုဖြစ်ပါတယ်။
အပြောင်ရိတ်ထားတဲ့ စတိုင်လ်
ကွီးတို့အနေနဲ့ မုတ်ဆိတ်မွှေးတွေ အရှည်ထားဖူးပေမယ့် ကိုယ့်မျက်နှာနဲ့ မလိုက်ဖက်ဘူးလို့ ခံစားနေရတယ်ဆိုရင် ဒီလိုမျိုး အပြောင်ရှင်းထားတဲ့စတိုင်လ်က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့သွင်ပြင်ကို သန့်ရှင်းစမတ်ကျနေအောင် ထားရတယ်ဆိုရင်တော့ ဒီပုံစံကို အကြံပေးချင်ပါတယ်။
အထက်ဖော်ပြပါ စတိုင်လ်များသည် ကွီး တို့ကို ညှို့ငင်အား ပြင်းအောင် ကူညီပေးမယ့် Facial Hair တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် မထားသင့်တဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး စတိုင်လ်အချို့လည်း ရှိပါသေးတယ်။
မညီမညာပေါက်နေသော မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ
ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ကျိုးတိုးကျဲတဲပေါက်နေတဲ့ မုတ်ဆိတ်မွှေးစတိုင်သည်လည်း မထားသင့်တဲ့ စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ကွီးတို့ နှုတ်ခမ်းမွှေးရိတ်ကတည်းက သေချာမရိတ်ထားတဲ့အတွက်ကြောင့် ပြန်ပေါက်တဲ့အခါ ဒီလိုပုံစံဖြစ်နေရတာပါ။
Goatee
ဒီစတိုင်လ်ကတော့ လူတိုင်းနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းမွှေးစတိုင်လ်မဟုတ်ပါဘူး။
မေးစေ့နားမှာ တစ်ကွက်တည်းပေါက်တေဲ့ မုတ်ဆိတ်မွှေးစတိုင်လ်
ဒီပုံစံကတော့ သင့်ကို အသက်ကြီးကြီးအဖိုးကြီးဖက်ရှင်ဖြစ်သွားစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
တစ်ကြောင်းတည်း နှုတ်ခမ်းမွှေးစတိုင်လ်
ဒီပုံစံကတော့ သဘာဝမကျဘဲ တမင်လုပ်ယူဖန်တီးထားပုံပေါ်တာကြောင့် သူ့ကိုလည်း ရှောင်ကြဉ်သင့်တဲ့ Facial Hair အမျိုးအစားထဲ ထည့်ထားသင့်ပါတယ်။
Source: Ties.com
Featured Image: Ties.com