(Unicode)
ခေတ်မှီတိုးတက်လာတဲ့ ယဉ်ကျေးမှုရေစီကြောင်းထဲမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပျော်ရွှင်စွာကူးခတ် စီးမျောနေကြပါတယ်။ ဂီတလောကမှာ ပိုပြီးဆန်းသစ်လာတဲ့ အလန်းစားတေးဂီတ အမျိုးအစား တစ်မျိုးကတော့ DJ ပဲဖြစ်ပါတယ်။
DJ ရဲ့အဓိပ္ပါယ်အပြည့်အစုံ
Source: Howcast
DJ ဆိုတာ Disc Jockey ကိုအတိုကောက်ခေါ်တွင်ထားတာပဲဖြစ်ပါတယ်။ ဓာတ်ပြားသွင်းပြီးသော ခေတ်ပေါ် တေးများကိုတင်ဆက်သူလို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။
DJ စတင်ဖြစ်ပေါ်လာပုံ
Source: 94.5 KATS
Disc Jockey ဆိုတဲ့စကားလုံးကို ၁၉၃၅ခုနှစ်မှာ ရေဒီယိုမှာ မျက်မှောက်ရေးရာသတင်းကြေညာသူ တစ်ဦးဖြစ်တဲ့ Walter Winchell ဆိုတဲ့ပုဂ္ဂိုလ်က စတင်ပြောဆိုသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ၁၉ရာစုမှာ ဓာတ်စက် ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၄၃ခုနှစ်မှာ Jimmy Savile ဆိုတဲ့လူဟာ သူ့အိမ်မှာ ဓတ်စက်ကိုအသုံးပြုပြီး ပထမဆုံး DJ Dance Party ကိုကျင်းပခဲ့ပါတယ်။
DJ Music ရဲ့နာမည်ကျော်အမျိုးသမီး
Source : Shutterstock
DJ တေးဂီတကို ထိတွေ့ခဲ့တဲ့ နာမည်ကျော် အမျိုးသမီးအနုပညာရှင်ကတော့ အိန္ဒိယနွယ်ဖွား Kary Arora ဆိုတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ သူမကို ၁၉၇၇ခုနှစ်၊ အိန္ဒိယမှာမွေးဖွားခဲ့ပါတယ်။
(Zawgyi)
Source: Howcast
DJ စတင်ဖြစ်ပေါ်လာပုံ
Source: 94.5 KATS
Source : Shutterstock